Chance : 31

2.1K 182 3
                                    

Unicode

      Jungkook taehyung ခေါင်းနောက်မှာလက်တစ်ဖက်ထားကာ ကျန်တဲ့လက်တစ်ဖက်ကို taehyung နောက်ကနံရံမှာထောက်ထားရင်း taehyung ကိုနမ်းနေခဲ့တယ်....taehyung ကလည်း jungkook လည်ပင်းပေါ်လက်တင်ထားကာ jungkook ရဲ့အနမ်းများကိုတုံ့ပြန်နေလိုက်ရင်း သူတို့နှစ်ယောက်လုံးတစ်ယောက်မှထိုအနမ်းကိုမရပ်တန့်ကြပေ....အချိန်တစ်ခုအကြာမှာတော့ taehyung ကိုယ်ကအားနည်းလာပြီး jungkook ရင်ခွင်ထဲမှီကျလာတော့တယ် jungkook taehyung ကိုပွေ့ချီလိုက်ပြီး အိပ်ရာပေါ်သို့ခေါ်လာလိုက်တယ်...အနမ်းကိုလည်းပုံမပျက်ဘဲပေါ့....ထို့နောက် jungkook လည်း taehyung နဲ့အတူအိပ်ရာပေါ်ဝင်လှဲကာ အနမ်းကိုရပ်လိုက်ပြီး taehyung နဖူးကိုနမ်းလိုက်ပါးကိုနမ်းလိုက်လုပ်ကာ ရင်ခွင်ထဲသေချာပွေ့ဖက်ပြီးအိပ်လိုက်တော့တယ်.....

"Goodnight tae"

"Goodnight "

.
.
.
.
.
.
.
.
.
.

       နောက်နေ့မနက် taehyung နိုးလာတော့ တစ်စုံတစ်ခုပျောက်ဆုံးနေသလိုခံစားရ၍မျက်လုံးဖွင့်ကြည့်လိုက်တော့ သူ့ဘေးကနေရာလေးကလွတ်လပ်နေခဲ့တယ်.....taehyung ထပြီး jungkook ထွက်သွားတာဟုတ်မဟုတ်ရှာကြည့်မိတယ်...သူအနေနဲ့ဒီ​လောက် မြန်မြန်ထွက်သွားလိမ့်မယ်လို့ထင်မထားပေ.....ကုတင်နားကစားပွဲပေါ်အကြည့်ရောက်မိတော့ စာရွက်လေးတစ်ရွက်ကိုတွေ့မိသည်.....

     ကိုယ်အမြန်ဆုံးပြန်လာခဲ့မှာမို့ စိတ်မပူနဲ့ ကိုယ့်ကိုယ်ကိုလည်းဂရုစိုက်ဦး အခုချိန်မှာကိုယ်ရှိမနေပေးနိုင်လို့တောင်းပန်ပါတယ်...အော်!မနက်စာပြင်ထားခဲ့တယ်နွေးပြီးစားသွား...

                                    ချစ်ရတဲ့ jeon

     Taehyung ထိုစာအားမြင်၍ပြုံးလိုက်မိတယ်...ထို့နောက်ကိုယ့်ဘာသာလည်းတီးတိုးစွာရေရွတ်လိုက်သေးတယ်....ဘယ်သူကချစ်ရတာလဲ.....taehyung ရေပါတစ်ခါတည်းချိုးလိုက်ကာ ရေခဲသေတ္တာကိုဖွင့်လိုင်တော့ ကင်ချီထမင်းကြော်ကိုဘူးလေးထဲထည့်ထားသည်ပင်.....taehyung ထမင်းကြော်ကိုဖွင့်ကြည့်လိုက်တော့ အထဲမှာကကြက်ဥကြော်ရောအသားတစ်ချို့တွေပါပါပြီးစပ်မည့်ပုံပေါ်သည်...မြင်တာနဲ့ကိုစားချင်စရာပင်....taehyung မီးဖိုချောင်ထဲထမင်းကြော်ပြန်နွေးလိုက်ပြီး စားကြည့်လိုက်တော့ အရမ်းမစပ်သလိုသူစားနိုင်သည့်နေအထားလောက်ပင် စားကောင်းကောင်းနဲ့စားနေတုန်း.....

Chance ( Complete )Where stories live. Discover now