Chance : 14

2.3K 199 4
                                    

Unicode

Taehyung jeon hae ပြောသွားတဲ့ tae ဆိုတဲ့အဖျားစွတ်နာမည်အားနားထောင်မိတော့ ကြက်သီးပင်ထသွားတော့သည် သူကယောက်ျားတစ်ယောက်လေ Omega ဖြစ်သွားရုံပဲရှိတာကို taehyung သူ့လက်သူပြန်ပွတ်ကာ နောက်မှမခေါ်ဖို့သတိပေးရမယ်ဟုတေးထားလိုက်သည်......

Taehyung အခန်းထဲသို့ဝင်လာပြီး ရေမိုးချိုးလိုက်တယ် ထို့နောက်ကုတင်ပေါ်တက်ကာ ဂိမ်းဆော့နေလိုက်တယ် စဉ်းစားကြည့်မှ သူဂိမ်းမဆော့ဖြစ်တာ10နှစ်ရှိပြီ အခုတော့သူကြိုက်တဲ့ဂိမ်းကိုအဝကစားနိုင်ချေပြီ...taehyung ဂိမ်းကိုအာရပါးရကစားနေတုန်းဖုန်းဝင်လာတာမို့ ဒေါသထွက်ပြီးအားရပါးရအော်လိုက်တယ်....

"ဒီအချိန်ကြီးဘယ်ကောင်ဖုန်းဆက်တာလဲ သူများဂိမ်းကစားနေတာကိုမသိဘူးလား"

"Taehyung ငါပါဟ"

"ဘယ္ကငါလဲ ငါ့မှာငါဆိုတဲ့သူငယ်ချင်းမရှိဘူးဒါပဲ"

"ခ..ခဏနေပါဦးဟ ငါjungkook"

"အမ်"
'ဇာတ်လိုက်ပဲ ဘာကိစငါ့ကိုဖုန်းဆက်ပါလိမ့်"

"အော်..jungkookလားsorryဟာ ငါဒီမှာဂိမ်းဆော့နေတော့ မဆိုစလောက်လေးဒေါသထွက်သွားတာ"

"အာ....ငါနှောင့်ယှက်မိသလိုဖြစ်သွားလား"

"မဖြစ်ပါဘူး ဂိမ်းကဘယ်ချိန်ဆော့ဆော့ရတယ်"

"အော်....ငါကမင်းကိုfancy clubကိုလာစေချင်လို့"

Clubဆိုတာနဲ့ taehyung မျက်ဝန်းများကအရောင်လတ်လာတော့သည် ဟုတ်သားပဲ ဟိုဘဝမှာတုန်းက club ကိုအလုပ်ကိစအတွက်သာသွားဖြစ်ပြီး အပျော်အပျက်ကတစ်ခါတလေသာသွားဖြစ်တယ်.....

"Ok...ဘယ်အချိန်လောက်လဲ"

"မနက်ဖြန်ည8:00မှပါ"

"Oh!ကောင်းပြီလေ"

"Goodnight ပါ taehyung"

"အင်း goodnight"

Taehyung ဖုန်းချပြီးဂိမ်းလည်းဆက်မဆော့ဖြစ်တော့ပေ ဝရံတာဘက်ထွက်ကာလေငြင်းခံမယ်လုပ်တော့ jimin ဟာပြုံးစိစိနဲ့ဝင်လာတာတွေ့တော့မနေနိုင်စွာစနောက်လိုက်သည်......

"အဲ့ဒါဘာဖြစ်လာရတာလဲ"

"ငါ့ဘာသာဘာဖြစ်ဖြစ်ပေါ့"

Chance ( Complete )Where stories live. Discover now