Chance : 12

2.3K 210 7
                                    

Unicode

       ဒီနေ့ကျောင်းမှာ စာမေးပွဲနီးကပ်လာပြီဖြစ်တာမို့ professer တိုင်းကအရေးကြီးတာများကို ပေးပြီးပြန်ထွက်သွားကြသည်.........
သဘောကစာလုပ်ချင်တဲ့သူလုပ် မလုပ်ချင်တဲ့သူနေဟူ၍သာ အခန်းထဲမှာစာလုပ်ရင်းစကားပြောနေကြသူနဲ့ စာရှင်းပြလိုက်အဖြေရှာလိုက်လုပ်နေသူနဲ့ အလေလိုက်နေသူတို့ ဖြင့်ဆူညံ့လျက်ရှိသည်...ထိုထဲတွင် kim taehyung တို့ကဒီနှစ်အမှတ်ကောင်းရန်ကြိုးစားပမ်းစားလုပ်နေသော်ငှား သူ့ဘေးကjiminမှာ အခုချိန်ထိစားလို့ကောင်းဝါးလို့ကောင်းပင် အဲ့ဒီအထဲ jeon hae shiiကစာအတူလုပ်ချင်တယ်ဟုဆိုတာကြောင့် သူတို့နှစ်ကောင်မှာခုံကိုနောက်လှည့်ထားသော်လည်း jeon hae ကလည်း jimin နဲ့မခြားမနားပင် စာလုပ်တာကနည်းနည်း jimin နဲ့စကားပြောလိုက် ပြီးရင် သူ့ကိုထိုင်ကြည့်လိုက် ကြာတော့လူက ရှိုးတိုးရှိန်းတိမ်းဖြစ်လာတော့သည်......

" Jimin..na ငါသန့်စင်ခန်းခဏသွားဦးမယ်"

" အင်းအင်း "

"မြန်မြန်ပြန်လာနော် Taehyungie "

" အင်း "

Jeon haeကသူသန့်စင်ခန်းသွားတာကိုပင် လိုက်ချင်နေပုံပေါ်သည် ​jimin နဲ့စကားပြောတန်းလန်းမို့သာ လွတ်လိုက်ပုံပင်..taehyung toilet ထဲဝင်ပြီး ဘေဇင်မှာလက်ဆေးနေတုန်း jungkook ကသူ့အား တံခါးဝတွင်မိန့်မိန့်ကြီးရပ်ကြည့်နေလေသည်

" အမလေး..လန့်လိုက်တာ jeon jungkookရာ"

"ဘာမဟုတ်တာလုပ်ထားလို့အဲ့လောက်ကြောက်နေရတာလဲ"

"မင်းကကောဘာလို့အဲ့မှာမိန့်မိန့်ကြီးရပ်နေရတာလဲ သရဲလိုလိုဘာလိုလိုနဲ့ငါမလန့်ပဲနေမလား"

"ဒါနဲ့မင်းအနံ့လား ဒီအနံက"

"ဟမ်??ဘာအနံ့လဲ "

" အား..မင်းဘာလို့အနံ့တွေအရမ်းထုတ်နေရတာလဲ"

" ဟမ်??"

Taehyung မိမိအက်ျီးလက်တို့နဲ့ ကိုယ်အားနေရာအနှံ့ အနံ့ခံကြည့်လိုက်သည် သို့သော်ဘာရနံ့မှမရ ထိုအစား သူ့တစ်ကိုယ်လုံးဟာ ပူထူလာပြီး တစ်စုံတစ်ခုဟာသူ့ကိုယ်ထဲမှနှိုးထလာသကဲ့သို့ဖြစ်လာတာကြောင့် taehyung ကြာကြာပင်မတ်တပ်မရပ်နိုင်ပဲ ထိုနေရာတွင်သာ ခွေခေါက်ကာလဲကျသွားတော့သည် သူအခုသိတာ ပူနေတာကိုပဲ ပူတာကိုမှရိုးရိုးမဟုတ်ပဲ တခုခုအားလိုအပ်နေသလိုဖြစ်လာတော့သည်.......ဒါကဘယ်လိုဖြစ်ရတာလဲ...ထိုအချိန်သူ့အားလာထူသော jungkook
​သူဘာမှမလှုပ်နိုင်တော့ပေ ထိုအချိန်ရလာတဲ့အနံ့တခု အေးချမ်းတယ် သူ့ကိုယ်ကမီးတွေဟာလည်းတဖြည်းဖြည်းလျော့လာသယောင် သူကိုထိုရနံ့ကဆွဲဆောင်နေတယ် အဲ့ဒီရနံ့လေးကိုဒီထက်ပိုလိုချင်တယ်မကြာခင်သူ့နှုတ်ခမ်းများဟာ နုညံ့တဲ့တစ်စုံတစ်ခုနဲ့ထိကပ်လာသည် ထိုအရာကသူ့နှုတ်ခမ်းများကိုစိတ်ကြိုက်သုံးဆောင်နေပြီး သူ့အောက်နှုတ်ခမ်းများကို ခပ်နာနာလေးကိုက်ချလိုက်သည် နာလွန်းတာကြောင့်သူ့နှုတ်ခမ်းများမှာဖွင့်ဟသွားပြီးအသံမထွက်ခင်မှာပင် သူပါးစပ်ထဲဝင်လာတဲ့အရာတစ်ခု သူထိုအရာကသူ့ပါးစပ်တစ်ခုလုံးကိုစားသုံးနေသကဲ့သို့ပင် တဖြည်းဖြည်းသူဟာအမှောင်ထဲသို့ကျရောက်သွားတော့သည်.........

Chance ( Complete )Unde poveștirile trăiesc. Descoperă acum