Chance : 34

2.2K 167 5
                                    

Unicode

      အဲ့ဒီနေ့က taehyung တစ်ယောက်အိပ်မပျော်ခဲ့ပေ....အခန်းပြင်ထုတ်တုန်းကထုတ်ပြီး 5 mins ပင်မကြာပြန်ခေါ်ချင်စိတ်ပေါက်နေသောကိုယ့်စိတ်ကိုမနည်းထိန်းထားရသည်...ပြီးတော့...jeon ဘာကြောင့်သူ့အပေါ်အခုလိုလုပ်လဲသူစဥ်းစားမရပေ....အဲ့အကြောင်းစဥ်းစားတိုင်းသူ့ရင်ဘက်ကနာလာကာ မျက်ရည်များကျလာသည်....ကြည့်ရတာ ကိုယ်ဝန်ဆောင်နေစဥ်မို့ခံစားချက်လွယ်နေပုံပင်....သူစဥ်းစားရင်းစဥ်းစားရင်းအိပ်ပျော်သွားသည်မှာ မနက်ပင်ရောက်သွားချေပြီ...သူနာရီကိုကြည့်မိတော့ မနက်စာစားချိန်ပင်နေနေပြီမို့အမြန်ပြင်ဆင်ကာဆင်းလာလိုက်သည်....သူလာတော့ အောက်မှာလူစုံတက်စုံပင်ဖြစ်ချေပြီ........

"ဟယ်တော်...taehyung လေးဘယ်လိုဖြစ်လို့မျက်လုံးတွေကအဲ့လောက်မို့အစ်နေရတာလဲ တစ်ညလုံးငိုထားတာလား"

     အဘွားရဲ့စကားကြောင့်သူ့မှာရှက်လည်းရှက်လာသလို jeon အားခိုးကြည့်မိတော့ သူလည်းမထူးခြားနားပါပဲ မျက်တွင်းပင်ချနေကာ ပင်ပန်းနေပုံပေါ်တယ်....jeon ကတော့သူ့အားမကြည့်ပေ စားစရာရှိသည်ကိုသာစားနေသည်......

"အမေ့မြေးသမက်တည်းမဟုတ်ဘူး အမေမြေးကိုကြည့်ဦးမနေ့ညကဘာတွေဖြစ်ခဲ့လို့ နှစ်ယောက်သားကဒီရုပ်တွေထွက်နေရတာလဲ"

"ရန်ဖြစ်ထားကြတာလား!"

     အဘွားရဲ့အော်သံကြောင့် taehyung တုန်တက်သွားရသည်.....

"Jungkook ဒီကကိုယ်ဝန်သည်လေ မင်းအလျော့ပေးရမှာမသိဘူးလား ကိုယ်ဝန်ဆောင်ချိန်ကစိတ်အထိခိုက်ဆုံးအချိန်ပဲလို့အဘွားမပြောထားဘူးလား!!"

"ပြောထားပါတယ်"

"အဘွား!!"

     Jeon ကိုဆူနေတော့လည်းမကြည့်ရက်လို့ဝင်ဖြေမိပြန်တယ်.....

"သူ့အမှားမဟုတ်ပါဘူး...အဲ့တာကထူးဆန်းတယ်"

     သူ့ရဲ့အဆက်ဆက်မရှိတဲ့စကားကြောင့်အဘွားကသူ့အားကြောင်အစွာကြည့်လာတယ်.....

"မ..မနေ့ညက သူစိတ်လွတ်ပြီး ကျွန်တော့်ကိုသတ်ဖို့လုပ်တယ် ဒါပေမဲ့သူ့ကိုတစ်ယောက်ယောက်ကထိန်းချုပ်ထားသလိုပဲ"

Chance ( Complete )Donde viven las historias. Descúbrelo ahora