Chance : 15

2.3K 198 2
                                    

Unicode

    Taehyung တို့အနီးအနားကစျေးသို့လျောက်လည်ပြီးအိမ်သို့ပြန်လာတော့6နာရီခွဲတော့မှာမို့ ရေမိုးချိုးပြင်ဆင်ကာထွက်လာလိုက်တော့တယ်....

"Wow. .taehyung လန်းနေရောပဲ"

"မင်းလည်းအတူတူပါပဲ"

   Jeon hae နဲ့ yoongi ဟာလည်းကားနဲ့အဆင်သင့်စောင့်နေကြပြီဖြစ်တယ် jeon hae ကဆံပင်ကိုတခြမ်းလှန်တင်ထားပြီး အဖြူရောင်အက်ျီအားတစ်တောင်ဆစ်ထိတင်ထားကာ ဂျင်းဘောင်းဘီအားဝတ်ထားသည် ကြည့်ရရှင်းကာ မိုက်လည်းမိုက်သလို ခန့်လည်းခန့်နေပြန်တယ်...yoongi ကတော့ အထဲကအဖြူကိုညှပ်ရိုးပေါ်သည်အထိဖြုတ်ထားပြီးအပေါ်မှအမဲကုတ်ထပ်ကာဘောင်းဘီအမဲနဲ့တွဲဖက်ဝတ်ဆင်ထားပုံက ခက်မိုက်မိုက်စတိုင်ကိုမှ ဘယ်သူ့ကိုမှဂရုမစိုက်ဟန်မျက်နှာထားမျိုးထားကာ ဆံပင်ကိုဘေးမှခွဲထားသည်မှာရိုးရှင်းလှသည်....

     Jimin ကသူ့ရဲ့အဝါရောင်ဆံပင်အကုန်လုံးကိုလှန်တင်ထားကာ ကော်လံပါသောအဖြူရောင်အက်ျီအားတစ်ဝက်ကိုခါးထဲထည့်ထားကာ ကျန်တဝက်ကိုဂျင်းအမဲနဲ့တွဲဝတ်ထားသည် နားတွင်လည်းတလတ်လတ်တောက်ပနေသောငွေရောင်နားစွဲအားစွဲထားသေးသည်  jeon hae taehyung ကိုတွေ့တော့ကြွေသွားသည်မှာအမှန် taehyung ကအဖြူမှာမှအပြာနုရောင်အစင်းကြားများပါသည့်လက်ဖျားဖုန်းခါနီးထိရှည်သော လက်ရှည်ကိုတစ်ထပ်တည်းသာဝတ်ဆင်ထားပြီး အောက်ကဂျင်းဘောင်ဘီအပြာနုနဲ့တွဲဖက်ကာဝတ်ဆင်ထားသည် သူ့ရဲ့လှပတဲ့နားတွင်ခန့်ညားစွာတည်ရှိနေသောနားစွဲလေးဟာ သူနဲ့အလွန်လိုက်ဖက်ကာတစ်လတ်လတ်တောက်ပနေတော့သည် သို့သော်တစ်နေရာသို့အရောက်မှာတော့ jeon hae ရဲ့မျက်ခုံးများကတွန့်ချိုးသွားရသည်...

    
     Taehyungကားနားရောက်ခါနီးမှာ jeon hae ကသူ့ဆီတန်းတန်းမတ်မတ်လျောက်လာကာ ခါးထဲသို့ထည့်ထားသောအက်ျီစများအားဆွဲထုတ်လိုက်ကာ နားနားသို့တိုးတိုးလေးကပ်ပြောလာသည်....

" taeရဲ့ခန္ဓာကိုယ်ပေါ်လွင်နေတာ ကိုယ်မကြိုက်ဘူး"

  
    Taehyung ကြောင်တောင်တောင်လေးသာ jeon hae အားပြန်ကြည့်လိုက်သည်...jeon hae ကသူ့အားကားတံခါးဖွင့်ပေးကာတက်ဆိုသည့်ပုံစံမျိုးဖြင့် အချက်ပြသည် jimin တို့အားကြည့်တော့ yoongi ကကားယူလာပုံပင် jimin ကပြုံးပြနေတာကြောင့် သူတက်သွားလိုက်သည်...

Chance ( Complete )Where stories live. Discover now