Chance : 27

2.1K 178 4
                                    

Unicode

'System... '

System : ပြော host...

'မနက်ပိုင်းမက်တဲ့ အိမ်မက်ကတကယ်ဖြစ်လား'

System : host အိမ်မက်ဆိုးမက်လို့လား

'........'

System : အိမ်မက်ကဘယ်လိုလုပ် တကယ်ဖြစ်မှာလဲ host စိတ်စွဲတာတွေကိုပဲ အိမ်မက်အဖြစ်ပြန်မက်တာလေ....

'အော်...အင်းအင်း'

System : မေးစရာမရှိရင်သွားပြီ

'မင်းကဘယ်သွားမှာလဲ'

System : သွားချင်တဲ့နေရာသွားမှာပေါ့

'အေးပါ'

.
.
.
.
.
.
.
.
.
.
.
.

     Jungkook အိပ်ရာပေါ်၌ ထိုင်ကာ စဥ်းစားနေမိသည်...နေ့လည်က စားသောက်ပြီးတော့ tae ကအိပ်ချင်တယ်ဆိုတာကြောင့် သူတို့ hotel သို့ပြန်လာခဲ့လိုက်သည်.....သူ့ဖုန်းထဲမှ E-mail နဲ့ပို့ထားတဲ့စရင်းများအားသူစစ်ဆေးရင်း ခဏကြာတော့ tae ကညည်းညူလာကာခန္ဓာကိုယ်မှချွေးများထွက်လာတော့သည်...သူလည်းနှိုးမယ်လုပ်တော့ tae ကလန့်နိုးလာခဲ့သည်....အဲ့ဒီနောက်မှာတော့ tae ကတစ်စုံတစ်ခုကိုကြောက်လန့်နေခဲ့သည်...ဘယ်လောက်တောင်လဲဆို သူကျွန်တော့်ကိုကြည့်တဲ့မျက်ဝန်းတွေဟာ အကြောက်တရားများဖြင့်သာ...ထိုအရာကဘာကြောင့်မှန်းမသိ သူရင်ကိုနာစေတယ်..သူနှစ်သိမ့်ပေးရန်လက်လှမ်းမိတော့ မထင်မှတ်ထားတဲ့ ငြင်းဆန်ခြင်းကိုသူရရှိခဲ့သည်...ရုတ်တရပ်ဆိုသလို သူဘယ်တော့မှလိုက်လို့မရတဲ့ကောင်မလေးတစ်ယောက်ဆီကအငြင်းခံလိုက်ရသလိုပင်...တစ်စုံတစ်ခုအားဆုံးရှုံးလိုက်ရသလို....taehyung ကအသိဝင်လာချိန်မှာတော့ သူ့ကိုအားနာဟန်ကြည့်တယ်..သူလည်း ဘာမှမဖြစ်ပါဘူး ဆိုတဲ့ပုံစံလေးလုပ်ပြလိုက်မှ tae ကရေချိုးရန်ထသွားတော့သည်.....

"Jeon.."

"အင်းပြောလေ tae"

      Taehyung ရဲ့ခေါ်သံကြောင့် jungkook အ​တွေးထဲမှထွက်လာတော့သည်......
tae ကသူ့အနားသို့လျောက်လာကာ အိပ်ရာပေါ်သို့တက်လာပြီး သူခါးအားဖက်ထားသည်.....

"တစ်ခုခုဖြစ်လို့လား"

"အိမ်မက်ဆိုးမက်တယ်"

Chance ( Complete )Where stories live. Discover now