Chance : 30

2.2K 182 5
                                    

Unicode

    Jungkook အနေနဲ့ taehyung မှာကိုယ်ဝန်ရှိလာပြီဆိုတာသိရတော့ အံ့သြလို့မဆုံးပေ...သူဟာနောက်ဆုံးတော့အဖေတစ်ယောက်ဖြစ်လာခဲ့ပြီ...သူ taehyung ကိုဝမ်းသာကြောင်းတစ်ဖွဖွပြောခဲ့ပေမဲ့ သူစိတ်ထင်၍လားမသိ taehyung ကသူ့အားဆေးရုံမှာကော အိမ်ရောက်တဲ့အထိစကားမပြောပေ...ထိုအရာကသူအမှားတစ်ခုခုများလုပ်မိသလားစဥ်းစားမိတော့လည်းမရှိပေ...ဘယ်အရာကသူ့အားစိတ်ဆိုးအောင်လုပ်တယ်ဆိုတာ ကျွန်တော်မသိပေ...သူစိတ်ဆိုးနေတာကဘယ်အရာမှန်းမသိတာကြောင့် ကိုယ့်ကိုယ်ကိုလည်းစိတ်ပျက်လာရတယ်..ဒါဟာပထမဆုံးအကြိမ်သူ့ကိုယ်သူစိတ်ပျက်မိခြင်းပင်...ထို့ကြောင့်လည်း taehyung လိုလေသေးမရှိအောင် သူအကုန်လုပ်ပေးခဲ့သည်...jimin တို့လာအပြီးမှာတော့ taehyung ကသူ့ကိုစကားပြန်ပြောလာခဲ့တယ်...အဓိကကတော့ ကလေးအကြောင်းပေါ့ ကလေးအကြောင်းပြောနေစဥ်မှာ ကျွန်တော်နှလုံးသားဟာအချစ်တွေနဲ့ပြည့်လျှံလာသလိုပင်ခံစားလာရကာ ဆယ်ကျော်သက်အချစ်ကိုပြောရသလို ရင်ထဲမှာလည်းလိပ်ပြာများပျံ့သန်းနေသကဲ့သို့ဖြစ်တယ်...အဲ့ဒီနောက်ပိုင်းမှာ taehyung ကိုသူပိုပိုတန်ဖိုးထားလာမိသလို...taehyung စိတ်ခံစားရစေမဲ့ဇာတ်ကားများကိုပင်သူမပြပေ...သူ့ဦးနှောက်ထဲမှာတင်မက သူ့နှလုံးသားထဲမှာပါ taehyung ဟာသူ့ရင်သွေးလေးကိုလွယ်ထားရတယ်ဆိုတာကိုသူမသိပါပဲမှတ်သားနေမိတယ်...ရက်အနည်းငယ်အကြာမှာတော့ အဘွားတို့ကဘယ်ကဘယ်လိုမှန်းမသိအောင်ကို သိသွားကြတယ်...သူအဘွားတို့ကိုလျှို့ဝှက်ထားရတာကလည်း အဘွားတို့က taehyung မှာ jeon မျိုးနွယ်ရဲ့ကလေးရှိပြီဆိုတာနဲ့သူတို့သာတဖူးဖူးမှုတ်နေပြီး ကျွန်တော်က taehyung အနားပင်ကပ်ရမည်မဟုတ်ပေ....သို့သော်လည်းသူတို့ဟာသိရှိသွားကြပြီး jeon စံအိမ်သို့ခေါ်လေတော့သည်....စံအိမ်တော်ကိုပြန်ရောက်တော့ သူတို့နှစ်ယောက်အတူအခန်းထဲစကားပြောမိပြန်တယ်...သို့သော်တစ်ဝက်တစ်ပျက်နဲ့ဖျက်ချခဲ့သော taehyung စကားကြောင့်သူအနည်းငယ်စိတ်ထဲတစ်မျိုးဖြစ်လာတော့တယ်...taehyung ကသူ့ပေါင်ပေါ်မှထကာ ကျောပေးထားပေမဲ့သူ့ရဲ့နားရွက်တွေကနီရဲလာတော့တယ် သူ့ရဲ့ရှက်ရွံ့နေတဲ့ပုံစံလေးက ကျွန်တော်နှလုံးခုန်သံကိုပါမြန်စေလာတယ်...ဒါကဘယ်လိုခံစားချက်လဲဆိုတာသူမသိဘူး...ဘာလို့ဆို nuna နဲ့တုန်းကတောင်သူဒီလိုရင်မခုန်ဖူးပေ....

Chance ( Complete )Where stories live. Discover now