Part.1 (U & Z)

526 32 0
                                    

အေးစက်စက်လေထုကို ထိုးဖောက် ကျရောက်နေတဲ့ နေရောင်ခြည်က သာယာတဲ့နေ့တစ်နေ့အဖြစ်
ဖန်တီးလိုက်သည်။

လေတိုက်တိုင်း ယိမ်းနွဲ့သွားတဲ့ သစ်ပင်တွေကြား နေရောင်နေပြောက်တချို့ တိုးဝင်လျက်။

တရုတ်နိုင်ငံ သူလူကင်းရှင်းတဲ့ လမ်းမပေါ် တရိပ်ရိပ်ရွေ့နေတဲ့ ကားအနက်ရောင်လေးတစ်စီးရဲ့ဦးတည်ရာက မြို့ပြနဲ့ အနည်းငယ် အလှမ်းဝေးတဲ့နေရာ ။

'omma '

အခုချိန်ထိ သူမ တွေဝေနေဆဲပင်
ဒီလိုလုပ်ရတာဟာ အရာအားလုံးအဆင်​​ပြေဖို့ဆိုပေမယ့်
အသိစိတ်တွေက တားမြစ်နေသည်။
ကားကိုနောက်ပြန်လှည့်ဖို့ စဥ်းစားရင်းပင် ရှေ့ဆက်လာနေမိသည်။

ဒီတစ်ခါနောက်ဆုံးပါပဲ ဒီ့ထက်ပိုပြီး
နာကျင်စရာမရှိတော့ဘူး
ခဏလေးပါပဲ အချိန်တွေကုန်တာသိပ်မြန်တာမို့
တကယ်ကို ခဏလေးပဲ...

'omma  '

'ဟင်... အင်း....ပြောလေ '

5နှစ်အရွယ်ကလေးတစ်ယောက်ရဲ့ စကားသံဟာ
တကယ်ကို ချစ်စရာကောင်းနေတော့သည် ။

အမြဲရယ်ပြုံးပြီး တီတီတာတာပြောတတ်တဲ့ကလေး။
ဒီကလေးကြောင့် ဘယ်တုန်းကမှ မပင်ပန်းခဲ့ရဘူး ။
စကားလည်းနားထောင်ပြီး မိဘကိုကူညီပေးတတ်တယ်
ပင်ပန်းတဲ့အချိန်တိုင်း သူ့မျက်နှာလေးကြည့်ပြီး စကားတွေအများကြီး ပြောနေရရင်ကို အမောပြေနေရတာမျိုး။

နေ့တိုင်းနေ့တိုင်း ကြည်လင်နေတဲ့မျက်နှာလေးကြောင့်
မျက်မှောင်ကျုံ့ပြီး ငိုတော့မယ်ဆို တကယ်ကို မိုးကောင်းကင်ကြီး ပြိုကျလာတော့မယ့်အတိုင်း။

ဒေါသလည်းကြီးသလို စိတ်ထားလည်းဖြူစင်တဲ့
ကလေးရယ်ပါ။

'omma သားတို့ ဘယ်သွားနေတာလဲ '

'အင်း...ရောက်တော့မှာ... '

'ဘယ်ကိုလဲ '

ကားမောင်းနေရင်း လှည့်ကြည့်မိသည်။

အတွေးတွေထဲမှာ ​မြောရင်း တစ်လမ်းလုံး
စကားတစ်ခွန်းမှမပြောဘဲနေလာမိတာ။

အရင်ဆို စကားတွေအများကြီးပြောတဲ့ကလေးက
အခုတော့ ဒါလေးပဲ မေးတယ် ကိုယ့်ရဲ့
မျက်နှာအရိပ်အကဲကြည့်ပြီး တစ်ခုခုကို သိနေသလို။

It's You 🌼Where stories live. Discover now