chanyeol ဘောလုံးလေးကို ပုတ်ကစားရင်း ကျောင်းထဲက ထွက်လာခဲ့သည်။ Baekhyunစောင့်ခိုင်းတဲ့ ကလေးကစားကွင်းရှိရာဆီကိုခြေဦးလှည့်လိုက်ပြီး လမ်းကူးဖို့
ကားများရပ်တဲ့အထိစောင့်နေလိုက်သည်။'တီ.......တီ......'
'တီ......'
ရုတ်တရက် လက်ထဲက လိမ့်ကျသွားတဲ့ ဘောလုံးလေးက
ကားတွေကြားထဲကလိမ့်ကာ လမ်းမကိုဖြတ်ပြီး ဟိုဘက်
လမ်းကို ရောက်သွား၏ ။Chanyeol လည်း လန့်သွားသည်။
တော်သေးတာပေါ့ လမ်းပေါ်ဖြတ်နေတဲ့ ကားတွေ
ဘာမှမဖြစ်သွားလို့.....ကားတွေရပ်သွားတော့မှ လူတွေအများကြီးကြားထဲက
လမ်းကိုအမြန်ကူးသွားရတယ်လန့်ပြီး နှလုံးခုန်မြန်နေပေမယ့် ဂရုမစိုက်အားပါဘူး
ဒီပုံစံကို hyung မြင်ရင် ဆူမှာ...။
အဲ့ဒါကြောင့် ဘောလုံးသာ ဆက်မလိမ့်သွားအောင် အမြန်ပြေးကောက်ရတယ်
chanyeol ဘောလုံးရှိရာ ကလေး ကစားကွင်းရှေ့ကို
အပြေးတစ်ပိုင်းသွားလိုက်သည်။တော်သေးတယ် အန်တီကြီးတစ်ယောက်က ဘောလုံးကို
ကောက်ပေးထားလို့... ။' ဒီမှာ....'
လှမ်းပေးတဲ့ ဘောလုံးကိုယူလိုက်သည်။
တော်သေးတာပေါ့ အခုမှ သက်ပြင်းချနိုင်တယ်
'လမ်းကူးရင် ဂရုစိုက်မှပေါ့ chan လေး...'
' nae...ကျေးဇူးတင်ပါတယ်....'
Chanလေး ~ Chanလေး~
ဒီအသံ ...ဒီအသံကို ရင်းနှီးတယ် နောက်ပြီး
ဘာလို့ ငါ့နာမည်ကိုသိနေတာလဲ{ 🌼.... 'ommaက ဘယ်သွားမလို့လဲ '
'ommaက အိမ်အကြီးကြီးသွားဝယ်မလို...အဲ့အိမ်ကြီးမှာ...
သားရယ် မားရယ် အတူနေမယ်နော်...အခုတော့... ဒီမှာ
ခဏလောက် စောင့်နေခဲ့ရမယ် ...မဆိုးရဘူးနော်... နားလည်လား ''အင်း...ဒီမှာစောင့်နေမယ် ....မြန်မြန်ပြန်လာခဲ့...'
'အင်း မြန်မြန်ပြန်ခဲ့မယ် လိမ္မာတယ်...chan ' ....🌼 }