ခုံတန်းလေးမှာ အချိန်အတော်ကြာ ထိုင်နေခဲ့ပြီး
တဖြည်းဖြည်း နေရောင်လည်း လျော့နည်းလာခဲ့သည်။သူများတွေနဲ့ မဆော့ပဲ အမေမှာခဲ့တဲ့အတိုင်း တစ်လှမ်းမှမရွေ့ စောင့်နေခဲ့သော ကလေးငယ်
omma ဘာလို့ မလာသေးတာလဲ
ခဏလေးဆိုပြီး ဘာလို့ကြာနေတာလဲစိတ်ထဲမှာ ဝမ်းနည်းမှု အနည်းငယ်ရောစွတ်လာသည်။
'omma... omma.... အဟင့်...ommma....'
ပါးစပ်က တတွတ်တွတ်ခေါ်ရင်း မျက်ရည်များဝဲလာသည်။
ပတ်ဝန်းကျင်မှာလည်း သိတဲ့လူ တစ်ယောက်မှမရှိ။
အားလုံးက သူ့ဟာသူ ရယ်မောဆော့နေကြပြီး သူ့ကို ဘယ်သူမှ အဖတ်မလုပ် ။ခုနက ရှိနေတဲ့ အန်တီကြီးလည်း ဘယ်ရောက်သွားမှန်းမသိ။
တစ်ခုခုကိုကြောက်သလို စိုးရိမ်နေသလို'ommmma...!'
'chanyeol '
နှုတ်လေးရှေ့ကိုထော်ပြီး ရှိုက်ငိုဖို့ ပြင်လိုက်စဥ် ခေါ်သံကြားတာကြောင့် အားကိုးတကြီး ဆက်ခနဲ လှည့်ကြည့်လိုက်သည်။
သို့သော် ထင်ထားသလို အမေ မဟုတ်။
ရေခဲမှုန့်လေးကိုင်ပြီး မတ်တပ်ရပ်နေတဲ့ baekhyun
မျက်ခုံးများ တွန့်ချိုးသွားသည် ။ စောင့်နေတဲ့သူတစ်ယောက်
ရှာနေတဲ့သူက တစ်ယောက်၊ ရောက်လာတာက တစ်ယောက်။'ရော့...ဒါလေးယူလိုက်... '
ပေါက်တော့မယ့် ချိန်ကိုက်ဗုံးလိုပင်။
လက်ထဲ ထည့်ပေးလာတဲ့ ရေခဲမှုန့်ကို စိုက်ကြည့်ကာ
ဆက်ခနဲ ဆွဲယူလွှင့်ပစ်လိုက်သည်။'chanyeol ah..! '
'omma....ommaကိုခေါ်ပေး....အဟင့်.... '
'မငိုနဲ့လေ...'
မျက်နှာတစ်ခုလုံး ရှုံ့မဲ့ပြီး အော်ငိုတော့မယ့်
ကောင်လေးကို ဘယ်လို ချော့မလဲ'မငိုနဲ့...hyung ထပ်သွားဝယ်ပေးမယ်... လာ...'
လက်ကိုလှမ်းဆွဲလိုက်တာကို အတင်းပြန်ရုန်းတယ်
ပြီးတော့ အသံကုန်အော်ငိုတော့တာပဲ'မလိုက်ဘူး....ommaကိုစောင့်မှာ....မလိုက်ဘူး....! '
'ဟုတ်ပြီ ဟုတ်ပြီ.... omma ကိုစောင့်မယ်...
အတူစောင့်မယ်လေ ...နော်...မငိုနဲ့တော့....လာ...
ဒီမှာထိုင်... '