Part .15 (U & Z)

159 17 5
                                    

' အပြင်မှာ ဘယ်သူရှိလဲ '

' ဟုတ်ကဲ့ '

' အဝါရောင် ပစ္စည်းတွေ အားလုံး အနီရောင်နဲ့လဲပေးပါ '

' ဟုတ်ကဲ့ '

အိမ်အကူ မိန်းကလေးက ဦးညွှတ်ပြီး ပြန်ထွက်သွားသည်။

အခုမှ အိမ်ရောက်ပြီး အခုတည်းက အာဏာပြနေတဲ့
Chanyeol ကို အားလုံးက ခပ်လန့်လန့်ရယ်။

စရောက်တည်းတစ်ချက်မှ မရယ် မပြုံးပဲ
တည်နိုင်လွန်းသူကြောင့် အမေဖြစ်သူကတောင်
စကားအများကြီး ‌မပြောဖြစ်သေးပါဘူး ။

ကိုယ့်အတွက်အခန်းကို ဝင်ကြည့်ပြီး အပြင်အဆင် အဝါ‌ရောင်နုနုကို အနီရောင်တောက်တောက်စိုစိုနဲ့
လဲခိုင်းလိုက်တာကြောင့် အနည်းငယ်ထူးဆန်းသွားသည်။

' chanအတွက် Omma ကိုယ်တိုင်ပြင်ထားတာလေ
သား က အဝါရောင်ကြိုက်တယ် မဟုတ်လား '

'omma မသိဘူးလား အခု မကြိုက်တော့ဘူးလေ '

' ဟုတ်လား... Omma သတိမထားလိုက်မိလို့...'

' ရပါတယ် ... Omma က အခုမှ ပြန်ရောက်လာတာကို
ဘယ်လိုလုပ်ချက်ချင်းနားလည်ပါ့မလဲ '

လက်ထဲက လွယ်အိတ်ကို အိပ်ရာပေါ်ပစ်တင်လိုက်သည်။
လည်ပင်းအထိစေ့အောင်တပ်ထားတဲ့ အင်္ကျီကြယ်သီးကို
လက်တစ်ဖက်နဲ့ ဆွဲဖြုတ်နေတာကြောင့်

' Omma ဖြုတ်ပေးမယ် '

' ရတယ် '

မျက်နှာနားတိုးလာတဲ့ လက်ကို Chanyeol နောက်ဆုတ်ပြီး ရှောင်လိုက်သည်။

' ရေချိုးမလို့ ...အပြင်ထွက်ပေးမလား '

' ဟို ...လက်တစ်ဖက်က ‌ပတ်တီးမဖြည်ရသေးတော့
Omma ကူပေးမယ်လေ '

'ရပါတယ်ဆို...'

' ‌အင်းပါ...အဲ့ဒါဆို Omma အောက်မှာစောင့်နေမယ် '

အမေဖြစ်သူ အခန်းထဲက ထွက်သွားပြီး တံခါးလေးပြန်ပိတ်သွားသည်နှင့် Chanyeol အလိုမကျစွာ ကုတင်ပေါ်က လွယ်အိတ်ကို ကန်ချလိုက်သည်။

*ရပါတယ်ဆိုတာကို တကယ်ထားခဲ့တယ်
Hyung သာဆိုရင် အကုန်လုပ်ပေးမှာ ...
လက်တစ်ဖက်နဲ့ ဘယ်လိုချွတ်ပြီး ဘယ်လို ဝတ်ရမှာလဲ *

It's You 🌼Where stories live. Discover now