Part.20 (U & Z)

162 16 4
                                    

'လာပြီ လာပြီ...ငါတို့ တန်းရဲ့ ကိုယ်စားပြု ...'

စာသင်ခန်းထဲ မရောက်ခင်တည်းက ကြားနေရတဲ့အသံ ။
ဘယ်သူလဲ မမေးနဲ့ အဖေအားကိုးနဲ့ ဆိုးချင်တိုင်းဆိုးနေတဲ့ Ju Sera ။

' Happy birthday !!! ' 🥳🎂

အတန်းထဲရောက်မှ ပိုကျယ်လာတဲ့ အသံ နားကို
အူသွားတာပဲ
အခန်းထဲမှာ ရှိသမျှလူအကုန်စည်းရုံးထားတဲ့ပုံပဲ

' Chanyeol ah...လက်ဆောင်...'

သေချာကြည့်တော့ ဟိုဘက်အခန်းက Kyungsoo ပါရောက်နေတာကိုး။

ကမ်းပေးနေတဲ့ လက်ဆောင်ဘူးလေးကို
လှမ်းယူလိုက်သည်။

' ကျေးဇူးပါပဲ '

' ဖွင့်ကြည့်... ဖွင့်ကြည့် ...'

' အခုလား ?'

' အင်း '

ခရမ်းရောင် စက္ကူဘူးလေးကို ဖွင့်လိုက်တော့ ခရမ်းရောင်
ကတ္တီပါသားပေါ်မှာ ကြွကြွလေး နေရာယူနေပါသော
ငွေရောင် ဆွဲကြိုးလေး။

ကံကောင်းစေတယ်လို့ ယုံကြည်ကြတဲ့ Clover ရွက်ပုံစံ
ဆွဲသီးလေးကပါသေးတယ်။

‌' သဘောကျလား '

' မိန်းမဆန်လိုက်တာ...'

' ဈေးကြီးတယ်...သိလား...အခြားဟာထက် ရွှေဖြူကို ‌
ဝယ်ရတာ ပိုဈေးကြီးတယ် '

' အဲ့ဒါဆိုလည်း အခြားဟာပဲပေးလေ ...ဘာပဲဖြစ်ဖြစ်ပါ
ကျေးဇူးတင်တယ် '

'သဘောကျရင် ရပါပြီ '

အချိန်ကိုက်ထွက်ပေါ်လာတဲ့ ကျောင်းတတ်အချက်ပေးသံကြောင့် kyungsoo နှုတ်ဆက်ကာ အတန်းထဲက ထွက်သွားတော့သည်။

ကိုယ့်ခုံနေရာမှာထိုင်ပြီး စာပဲ အာရုံစိုက်နေလိုက်တယ်
အိမ်မှာစာပြန်လုပ်ရတာက ကိုယ့် ရဲ့အကျင့်မဟုတ်တာကြောင့် ...။

' Chanyeol ah...ငါနင့်ကို ပြောစရာရှိတယ်
ကျောင်းဆင်းရင် ငါ့အိမ်လိုက်ခဲ့မလား '

' တစ်ယောက်တည်းဆို မလိုက်ဘူး '

' အားလုံးပါပါတယ် Jongin နဲ့လည်း ချိန်းထားသေး
တယ်မလား '

' အင်း '

' လိုက်ခဲ့နော် '

' အင်း '

It's You 🌼Where stories live. Discover now