Part.10 (U & Z)

146 20 0
                                    

' hyung '

တိတ်ဆိတ်နေတဲ့ ကားလေးထဲမှာ Chanyeol ကစလို့
စကားပြောလိုက်သည်။

မနက်တည်းက hyungက စကားမပြောဘူး
သူ့ကိုလည်းမကြည့်ဘူး
ဘာတွေ စိတ်ဆိုးနေမသိသလို မနေ့က မူးနေတုန်း
ဘာတွေ ပြောလိုက်မိလဲ သူကိုယ်တိုင်လည်းမသိဘူး

' hyung '

' အင်း '

Baekhyunကားမောင်းရင်းပြန်ထူးလိုက်သည်။

' ဟို...မနေ့ကလေ...ကျွန်တော် hyung ကို ...
ဘာမှမလုပ်မိဘူးမလား '

' ဘာကိုလဲ '

' ဟိုဟာလေ...ဟို မူးနေတော့လေ ...အဲ့ဒါ ...
ဘာဖြစ်ခဲ့သေးလဲလို့...'

' ဘာဖြစ်ရမှာလဲ ...အခန်းပြန်အိပ်သွားတာပဲလေ '

' အင်း...ဟုတ်တယ်နော် ... အဲ့လိုပဲ ဖြစ်မှာပေါ့ '

အေးတိ အေးစက်နဲ့ ဘယ်လိုလူကြီးလဲ မသိဘူး

ဘာမှ မဖြစ်ရင် သူက ဘာလို့ အဲ့လိုကြီး တည်နေတာလဲ
အခု စိတ်ဆိုးနေတာ မဟုတ်ဘူးလား

' ဘာမှ မမှတ်မိဘူးလား '

' ဟုတ်... Hyung နဲ့ omma အ‌ကြောင်းပြောနေပြီး
ကျန်တာ မသိတော့ဘူး နိုးလာတော့ အိပ်ရာပေါ်ရောက်နေပြီ
Hyung လိုက်ပို့ပေးတာမလား '

Baekhyun ပြန်မဖြေပါ။
Chanyeol လည်း ဘာဆက်ပြောရမလဲမသိ ။

စိတ်ဆိုးတယ်ဆိုလည်း စိတ်ဆိုးရတဲ့အကြောင်းအရင်းကို
သိမှ တောင်းပန်လို့ရမှာပေါ့

' မင်း အသက် ဘယ်လောက်လဲ '

' ဗျာ...ဟို...16...16ကျော်ပြီလေ Hyung
ဘာဖြစ်လို့လဲ '

' အသက်မပြည့်သေးဘဲနဲ့ ဘာကိုမှ
လက်တည့်မစမ်းချင်နဲ့ စာကိုသာ အာရုံစိုက်ထား...'

' ဟမ် ? နားမလည်...'

' ရောက်ပြီ ဆင်းတော့ ...'

ကျောင်းရှေ့က သစ်ပင်ရိပ်လေးမှာ ကားထိုးရပ်သည်။

နောက်ထပ် ဘာမှဆက်မပြောဘဲ တစ်ဖက်လှည့်သွားသူကြောင့် Chanyeol စိတ်ရှုပ်ရပါတယ်

Hyung ဘာဖြစ်နေတာလဲ ထူးဆန်းတယ်

မျက်လုံးတွေလည်းနီနေပြီး မျက်နှာကနည်းနည်း
ဖောင်းနေသလိုပဲ‌ မနေ့က soju သောက်ထားလို့ထင်တယ်

It's You 🌼Where stories live. Discover now