Part .19(U & Z)

156 19 1
                                    

ပြောင်လက်နေတဲ့ အနီရောင်စားပွဲပေါ်မှာ ငြိမ်သက်နေတဲ့
ဖုန်းလေးကို တစ်ချက်ကြည့်လိုက်သည်။

ပြတင်းပေါက်မှန်ကိုကျော်ပြီး အပြင်ငေးနေရတာက စိတ်ကို သက်သာစေတယ် ။

ဖြစ်နိုင်ရင် ဖုန်းမဆက်ပဲ လူကိုယ်တိုင်ပြေးတွေ့ချင်တာ ။
ဒီအတိုင်း ဖုန်းဆက်ပြီး စကားတွေပြောရတာက လူကို
မသက်သာစေဘူး အသံကြားရင် ပိုလွမ်းမိမယ်ထင်တယ်။

ဆောင်းဦးရာသီရောက်လာနေပြီဖြစ်တဲ့ လေထုက ‌
ညနက်လာလေ ပိုပြီး အေးစက်လာလေ ။
ကော်ဖီ ပူပူတစ်ခွက်ထက် နွေးထွေးမှုပေးနိုင်မယ့်အရာက ဘာများဖြစ်မလဲ ။ အိပ်မပျော်တဲ့ညတွေမှာ အရင်လို
ခိုးဝင်အိပ်စရာ ရင်ခွင်ရှိမနေဘူး ။

နောက်တစ်ပတ်ဆို စာမေးပွဲရှိတယ် ။ အရင်လို စာလုပ်ဖို့
နိုးဆော်မယ့်လူ အနားမှာ မရှိပြန်ဘူး ။

🌼' ကိုယ်သဘောကျတဲ့လူကို တစ်ယောက်တည်း
       အကြာကြီးပစ်ထားတာမျိုး ဘယ်သူက
       အဲ့လိုရက်စက်တဲ့ အလုပ်မျိုး လုပ်မှာလဲ ...
       တစ်ယောက်တည်း တခြားနိုင်ငံမှာလေ ...'🌼

🌼 'ဘယ်ဟာက နင့်အိမ်လဲ ? ဒီနေရာကို နင့်အိမ်လို့
     ပြောချင်ရင် Baekhyun oppaကို
     အားနာသင့်တယ်...' 🌼         

' ဖုန်းလေး မဆက်သွယ်မိတာနဲ့ပဲ ငါက လူဆိုးကြီးဖြစ်နေရော...သဘောကျတဲ့လူကို တစ်ယောက်တည်း
ပစ်ထားတယ်တဲ့ ....သူပြောတဲ့ စကားတွေအတိုင်းဆို ငါက ဘယ်လောက်တောင် ရက်စက်တဲ့ Chanyeol ဖြစ်နေပြီလဲ ...သူလည်း အတူတူပဲ မလား တစ်ချက်မှ ဖုန်းမခေါ်ဘူးလေ ....Byun Baekhyun...ခင်ဗျားရော...
ကျွန်တော့်ကို အဲ့လို မြင်နေမလား '

စိတ်ထဲမှာ ဗလာကြီး ဘာမှ မခံစားမိတော့ဘဲ ထုံနေသလို ။
လုပ်ချင်တဲ့အရာလည်း မရှိဘူး ပြောချင်တဲ့ စကားတွေလည်းမရှိဘူး ဒီအချိန် ကြယ်ကြွေတာ မြင်ရင်တောင် ဘာဆုတောင်းရမလဲ မသိပြန်ဘူး

ရုတ်တရက်မီးလင်းလာတဲ့ ph screen လေးကို ချက်ချင်းကြည့်လိုက်တော့ ကိုယ်စဉ်းစားနေတဲ့ လူမဟုတ်တာကြောင့် အနည်းငယ် တွေဝေသွားသည်။

ညအချိန်က 12 နာရီနဲ့ 1 မိနစ် ရှိပြီ
ဒီအချိန်ကြီး group chat မှာ စကားမပြောချင်ပါဘူး
Group chat က video call ကြီးခေါ်ပြီး
တစ်ယောက်မှမအိပ်သေးဘဲ ဘာလုပ်နေကြတာလဲ

It's You 🌼Where stories live. Discover now