Part.22 (U & Z)

133 8 2
                                    

မနက်စောစော တိတ်ဆိတ်နေသော အချိန်ပိုစာသင်ခန်းထဲမှာ
တစ်ယောက်မျက်နှာ တစ်ယောက်မေးငေါ့ကြည့်ကာ စာထဲ
အာရုံမရောက်နိုင်ပါ။

မကြာခင်ပြည့်တော့မယ့် စာသင်ချိန်ကို မြန်မြန်ကုန်ပါစေ
ဆုတောင်းနေရတယ် ။ စာမေးပွဲနီးနေလို့သာ သည်းခံပြီးထိုင်နေရတယ် မဟုတ်ရင် ချက်ချင်းထပြေးမိမလားမသိ ။

လူလေးယောက်လောက် ပို့နေတဲ့ Message ပေါင်းများစွာကို seen မဖြစ် ,replyမလာတဲ့ Chanyeol ကို တကယ် ရိုက်သတ်ချင်မိသည်။

စာမေးပွဲနီးနေတာတောင် အချိန်ပိုမလာဘဲ
ဘယ်သွားနေတာလဲ မသိ ။ မနေ့ညက မအိပ်ကြခင်နောက်ဆုံး အဆက်အသွယ်ရတယ်
ဒီမနက်တော့ ဖုန်းလည်းဆက်မရ ၊ စာလည်းပို့မရ
Parallel universe များရောက်သွားတာလား ။

' ဒီနေ့တော့ ဒီလောက်ပဲ ...အားလုံးပဲ စာမေးပွဲနီးပြီဆိုတော့ စာကိုပဲ အာရုံစိုက်သင့်တယ် နောက်နှစ်မှာ ပျော်ပျော်ရွှင်ရွှင်ပြန်တွေ့သင့်တယ်မဟုတ်လား ...ဒါနဲ့ Chanyeollie က ဉာဏ်ကောင်းတော့ သူလိုက်နိုင်မှာပါ ...ဘယ်သူ့ကိုမှ လျော့မတွက်ရဘူးလေ... fighting ! '

ဆရာရဲ့ ဩဝါဒခြွခြင်းအဆုံးသတ်ပြီးနောက် ကျောင်းသားများ နေရာကထွက်သွားကြတော့သည်။

စားပွဲပေါ်က ဖုန်းလေးတုန်ခါမှုကြောင့် အမြန်ကိုင်လိုက်သည်။

' Park Chanyeol !! ဘယ်မှာလဲ ?
ဘယ်ကိုအလေလိုက်နေလို့ အချိန်ပိုမလာ ....လာ.....ဟမ် !?
ခဏစောင့်...အခုလာခဲ့မယ် '

ပြောတဲ့စကားကို သေချာဆုံးအောက်နားမထောင်ဘဲ ဖုန်းချသွားသူ Sera ကို Chanyeol တကယ်ကို ဂုတ်ကနေဆွဲဆောင့်ချင်မိသည်။

ပြီးရင် ဗရမ်းဗတာတွေလုပ်ဦးမှာ ...

ဆေးရုံထဲ ဝရုန်းသုန်းကား ပြေးဝင်လာတဲ့ လူငယ်တစ်သိုက် ။

' နာမည်က Park Chanyeol ...ဘယ်အခန်းမှာလဲ အခုရှာပေးပါ...'

ဆေးရုံကောင်တာက nurse ကို အကူအညီတောင်းသည်လည်းမဟုတ် လေသံမာမာဖြင့်မေးလိုက်သည်။

' ဟို... Park Chanyeol ဆိုတဲ့နာမည်နဲ့လူနာ
မရှိဘူးရှင့် '

' ရှိပါတယ်ဆို ...သူ ဒီဆေးရုံမှာလို့ ပြောထားတယ်
မနေ့ညက လာတာ ..'

You've reached the end of published parts.

⏰ Last updated: Aug 26, 2023 ⏰

Add this story to your Library to get notified about new parts!

It's You 🌼Where stories live. Discover now