Part.6 (U & Z)

165 23 0
                                    

​ဘေးကိုတစ်ချက်မှ မကြည့် ဆူပုတ်ပုတ်မျက်နှာနဲ့ ကားဆီ
တည့်တည့် လျှောက်လာသည်။

ကားတံခါးကို ဝုန်းခနဲ့ ပြန်ပိတ်လိုက်ပြီး လွတ်အိတ်ကို
ကားနောက်ခန်းဆီ လွှတ်ပစ်လိုက်သည်။

ပါးစပ်ကနေ တိုးတိုး​လေး မပြီမပြင်ရေရွတ်နေတဲ့ အသံ

'baekhyun oppa ...Baekhyun oppa ...'

နှုတ်ခမ်းကို မဲ့လိုက်ပြီး ကျောင်းရှိရာကို
မျက်စောင်းတစ်ချက် လွင့်ခနဲ။

' ဘာဖြစ်လာတာလဲ '

အကြောင်းမဲ့ အသံလာရာ baekhyun
ဆီလည်းမျက်စောင်းတစ်ချက်။

' ရန်ဖြစ်လာတာလား ...ဟင်...မေးတာဖြေလေ '

' ဟုတ်တယ် ရန်ဖြစ်လာတာ... '

baekhyun သက်ပြင်းအရှည်ကြီးကို ဖန်တီးလိုက်မိသည်။

' ကျောင်းတတ်တာ ဘယ်နှစ်ရက်ရှိသေးလို့
ရန်ဖြစ်ရပြန်တာလဲ ...ဘယ်သူနဲ့လဲ '

' တစ်ကျောင်းလုံးနဲ့ '

' ဟမ် ? ဘယ်လို ? '

တစ်ကျောင်းလုံးနဲ့ ရန်ဖြစ်လာတယ်ဆိုတဲ့ ကောင်လေး။
ရွဲ့နေမှန်းသိသိနဲ့ သည်းခံပြီးဆက်မေးရဦးမယ်

ဆရာတွေဆီအပ်ထားတဲ့ မျက်နှာလေးမှမထောက်
ပြဿနာရှာပြန်ပြီ။

' ပြဿနာဖြစ်ပြန်ပြီလား မင်း ကလေးမှမဟုတ်ပဲနဲ့ '

' အဲ့ပြဿနာက hyung ကြောင့်ဖြစ်တာ...'

'ဟမ် ! ငါဘာလုပ်မိလို့လဲ '

' အရမ်းကြည့်ကောင်းနေတယ်လေ...ဘာတဲ့...
ချစ်စရာလေးဆိုပဲ...baekhyun oppa ~
baekhyun oppa ~ တစ်ချိန်လုံး Baekhyun oppa ရဲ့ ညီလေး ညီလေး...ကျစ်~ စိတ်ကုန်စရာပဲ '

' ဟား..ဟား..ဟား...'

baekhyun ရယ်လိုက်မိသည်။

ပြဿနာ မဟုတ်တာကို ကလေးဆန်ဆန် စိတ်ကောက်ပြနေတဲ့ ကလေးကြီး။ ဘာမှမဆိုင်တဲ့ ကိုယ့်တောင် ပတ်ရမ်းနေသေးတယ်။ နှုတ်ခမ်းက ရှေ့ကို တစ်တောင်လောက်ဆူထော်ပြီး ဆံပင်က ဖွာလန်ကျဲ ။ လည်စည်းက ဖရိုဖရဲ။

' မရယ်နဲ့ '

'အင်းပါ...'

'မရယ်နဲ့လို့...!
အလယ်တန်းကျောင်းမှာ တုန်းကလည်း
baekhyun oppa ရဲ့ ညီလေး ...
အထက်တန်း​ကျောင်းမှာလည်း
baekhyun oppa ရဲ့ညီလေး...
hyung သိလား
ကျွန်တော် hyung ရဲ့ ညီဖြစ်ရတာမုန်းလာပြီ '

It's You 🌼Where stories live. Discover now