Part.5(U & Z)

187 22 2
                                    

'chanyeol oppa...!! chanyeol oppa...!!
ခဏစောင့်ပါဦး '

မိန်းကလေးတစ်ယောက် ခေါ်သံကြောင့်
နောက်လှည့်ကြည့်လိုက်သည်။

'oppa !!'

ပြေးလာပြီး အနားမှာအရိန်သတ်လိုက်သည်။

'ဒီမှာ...'

'ဘာကြီးလဲ '

'ပန်းလေ... အထက်တန်းဝင်ခွင့်ရသွားလို့ ဂုဏ်ပြုတာ '

'arr...'

'အခုအတန်းတတ်ရတော့မှာမို့လို့ မြန်မြန်ယူလိုက်... '

ပန်းစည်းကို လက်ထဲအတင်းထိုးထည့်ပြီး နောက်လှည့်
ပြန်ပြေးသွားတဲ့ သူမ။
​သူ့အစားပင်ပန်းလိုက်တာ ...။

'Wow...ပန်းစည်းတောင်ပေးခံနေရပြီပေါ့
Park Chanyeol ssi.... '

ကားအနီရောင်လေးကို မှီရင်း လက်ပိုက်ကြည့်နေတဲ့
သစ်ပင်အောက်က baekhyun

chanyeol တစ်ယောက်ပြုံးစိိစိနဲ့ ခေါင်းကုတ်ပြီး

' hyung ကလည်းဗျာ...'

အနားကို တစ်လှမ်းချင်းလျှောက်သွားပြီး ပန်းစည်းကို
baekhyun ရှေ့ ကမ်းပေးတယ်

အရင်နဲ့မတူဘဲ အများကြီးဖွံ့ဖြိုးလာတဲ့ကောင်လေးက
အခုဆို hyung ဖြစ်သူကတောင်မော့ကြည့်နေရပြီ။

'hyung ယူလိုက် '

'မယူပါဘူး ငါ့ကိုပေးတာမှမဟုတ်တာ...သွားမယ် '

အထက်တန်းကျောင်းအသစ်ဆီသွားမယ့်လမ်းပေါ်
တရိပ်ရိပ်ပြေးနေတဲ့  ကားအနီရောင်လေး။

အလုပ်များတဲ့ကြားက လိုက်ပို့ပေးမယ်လို့ ကတိပေးထားတာ
ကြောင့် အလုပ်ကနေ လာကြိုပေးရတယ်
baekhyun အရင်ကတတ်ခဲ့တဲ့ကျောင်းမို့လို့
သိပ်တော့ မစိမ်းသက်ပါဘူး။

ကိုယ်တိုင် လိုက်ပို့ပေးတာဆိုတော့ ခေါင်းမာပြီး
စိတ်မထင်ရင် မထင်သလို ရန်စွာတဲ့ ခွေးပေါက်စကို
ဆရာတွေနဲ့သေချာအပ်ပြီး နာနာလေး ဆုံးမခိုင်းရမယ်

ဒါမဲ့ အထက်တန်းကျောင်းသားသစ်လေးကတော့
သိပ်ပျော်ပုံမရပါဘူး

'Chanyeol ah...waeyo ?'

'ဟင် ?'

'မပျော်ဘူးလား အထက်တန်းကျောင်းသားဖြစ်ပြီလေ '

It's You 🌼حيث تعيش القصص. اكتشف الآن