Part.3 (U & Z)

200 23 0
                                    


လေတဖြူးဖြူးတိုက်နေတဲ့ ခုံတန်းလေးပေါ်မှာ အနွေးထည်အဖြူလေးဝတ်ထားတဲ့ ကောင်လေးတစ်ယောက်တည်း။

ညနေစောင်းလေးအချိန်မို့ နေရောင်နွေးနွေးလေးကဖြာကျလျက် ၊ နဖူးပေါ် ဝဲနေတဲ့ ဆံသားနုနုလေးတွေက
လေတိုက်တိုင်း ဘယ်ညာယိမ်းလို့ ။

လွယ်အိတ်လေးနဲ့ ခြံထဲဝင်လာတဲ့ baekhyun။

ခြံဝမှာတည်းက ထိုင်နေတဲ့ ကောင်လေးကို
လှမ်းမြင်လိုက်သည်။

' chanyeol ah....နေမကောင်းသေးဘူးမလား
ဘာလို့ လေတိုက်ခံနေတာလဲ... အထဲဝင်နေမှပေါ့ '

baekhyun စိုးရိမ်တကြီးပြောလိုက်ပေမယ့်
အဖြူကောင်လေးက တုပ်တုပ်တောင်မလှုပ် ။

'hyungပြောတာကြားလား ...အာ...သိပြီ
omma ကိုစောင့်နေတာမလား '

ဘေးမှာထိုင်ပြီး မေးလိုက်ပေမယ့် တော်တော် စကားနည်းတဲ့ကောင်လေး တစ်ခွန်းမှပြန်မဖြေဘူး

'chanyeol ah...'

'hyung လည်း လိမ်တာပဲ '

'ဟမ်? ဘာကို... '

' hyung ပြောတော့ နိုးလာရင် အနားမှာရှိမှာဆို ...
ပျောက်မသွားဘူးဆို...နောက်ပြီး နိုးလာတော့ ဘယ်သူမှမရှိဘူး ပျောက်သွားတာပဲလေ '

'ဪ...hyung ကကျောင်းသွားတာလေ '

'ကျောင်း? '

' အင်း '

အိပ်ရာနိုးလာတဲ့အချိန်ဘယ်သူမှမရှိလို့ ၊
baekhyun ကိုရှာမတွေ့လို့ စိတ်ဆိုးနေတဲ့ ကလေးပါ။

ကလေးဆိုတာ တစ်ယောက်ဆို တစ်ယောက်ကိုပဲ
စွဲလန်းတတ်မျိုး မဟုတ်လား

' သားလည်းလိုက်မယ်...သားကိုလည်းခေါ်သွားပေး...'

'chanyeol က ငယ်သေးတယ်လေ... နောက်ကျမှ
hyung ကခေါ်သွားပေးမယ်... နော် '

'ဘယ်အချိန်မှလဲ '

'အင်း.... chanyeol နေကောင်းပြီး အများကြီးစားပြီး
လူကြီးဖြစ်လာရင် ခေါ်သွားပေးမယ် ...ကတိ... အခုတော့
အထဲဝင်တော့... လာ '

..................................................................

' baekhyun oppaက ထမင်းလိပ်ကြိုက်တယ်
မလား နေ့လယ်က အန်တီ နဲ့တူတူလုပ်ထားတာ...'

It's You 🌼Where stories live. Discover now