Part.18 (U & Z)

149 16 0
                                    

လူအဝင်အထွက်များနေတဲ့ ကျောင်း‌ထဲက လျှောက်လမ်းနဲ့ လှေကားတွေကို ကြိုးစားကျော်ဖြတ်ခဲ့ပြီးတဲ့နောက် စာသင်ခန်းထဲသို့ ရောက်လာခဲ့ပါပြီ ။

သိပ်မကြာခင် နှုတ်ဆက်ရတော့မယ့် စာသင်ခန်းလေးကို
မျက်လုံးတစ်ချက်ဝှေ့ကြည့်လိုက်သည်။

ဒီလထဲ ဝင်ခွင့်စာ‌မေးပွဲတွေပြီးတာနဲ့ စီနီယာဖြစ်လာတော့မယ့်  ကိုယ်တွေရဲ့ စာမေးပွဲအလှည့် ။

အခုချိန်ထိ စာတွေ သေချာမကြည့်ရသေးပေမယ့် Chanyeol လုံးဝ စိတ်မပူမိပါ။

ကိုယ်က ဉာဏ်ကောင်းတယ်လေ အချိန်တန်ရင်တော့
ဖြစ်သွားမှာပေါ့

Sera အပါအဝင် အတန်းဖော်အချို့ကတော့ အမှတ်တရတဲ့
ဓာတ်ပုံတွေရိုက်ပြီး စာတွေရေးနေကြပေမယ့်
Chanyeol ကတော့ ရှေ့က စားပွဲပေါ် ခေါင်းမှောက်ချလိုက်တော့သည် ။

သူ့အတွက်တော့ ဒုတိယထပ်စာသင်ခန်းကနေ
တတိယထပ်စာသင်ခန်းကို ပြောင်းဝင်ရုံသာ ။

ဒီနေ့တော့ ဝင်ခွင့်စာမေးပွဲတွေကြောင့် ဆရာတွေ အတန်းချိန်ဝင်ဖို့ မအားဘူးထင်တယ်

ပျင်းဖို့ကောင်းလိုက်တာ ...

' Chanyeol ah....'

'အင်း '

‌ခေါင်းမှောက်အိပ်လျက်သာ ပြန်ထူးလိုက်သည်။

' နေမကောင်းဘူးလား '

' ကောင်းတယ် '

' ငါတို့ ဓာတ်ပုံရိုက်ရအောင် '

' မရိုက်ချင်ပါဘူး '

' နင်ကလည်း...စီနီယာဖြစ်တော့မှာ မပျော်ဘူးလား '

' စီနီယာဖြစ်တော့ရော ဘာထူးဆန်းလို့လဲ
နောက်တစ်ထပ်ပိုတတ်ရလို့ ခြေထောက်ပိုညောင်းတယ် '

' တကယ်ပါပဲ ...ထပါဆို...ထ...! '

စားပွဲပေါ်မှောက်ချထားတဲ့ခေါင်းကို လည်ဂုတ်ကနေ ဆွဲဖက်လိုက်တော့ လူက အလိုက်သင့်ပါလာတော့သည်။

အသင့်ချိန်ထားပြီသား ph camera ပေါ်မှာ ဖွာလန်ကျဲနေတဲ့ ဆံပင်နဲ့ မှေးစင်းနေတဲ့ မျက်လုံးတို့ နှင့်အတူ သွားတွေပေါ်တဲ့ အထိ တောက်ပနေတဲ့ ကျောင်းသူလေးရဲ့အပြုံးတို့ဟာ ပထမနှစ် သူငယ်ချင်းနှစ်‌ယောက်ရဲ့ အမှတ်တရ ....။

It's You 🌼Where stories live. Discover now