Part.8 (U & Z)

177 20 0
                                    

' hyung ဒီနေ့ နည်းနည်း နောက်ကျမယ်နော်...
ကျောင်းဆင်းရင် ကျောင်းရှေ့က ကလေးကစားကွင်းမှာ
စောင့်နေ ...ကြားလား '

' nae...! '

ဒီနေ့မှ အရမ်းတတ်ကြွနေတဲ့ ကောင်လေးကို baekhyun ကြည့်ရင်း ဘာကြောင့်ရယ်မသိ သဘောကျမိသည်။

ကားထဲမှာ သီချင်းအော်ဆိုနေတဲ့ Chanyeol တစ်ယောက် တော်တော်အူမြူးနေပုံတောက်ရင် အကြောင်း
တစ်ခုခုတော့ ရှိမှာ ကျိန်းသေတယ်။

'  ဘာပျော်စရာရှိလဲ မပြောပြတော့ဘူးလား '

' ဟီးဟီး ...ဒီနေ့ အမှတ်စာရင်းသိရမှာ...hyung ကတိပေးထားတယ်နော် အမှတ်ကောင်းရင် soju ဝယ်တိုက်မယ်လို့... '

' ဪ...အင်းပါ...လုံးဝကိုယုံကြည်မှုရှိတဲ့ပုံပဲ '

' အဆင့် 1 !! '

'ဟုတ်ပါပြီ...ကြည့်ရသေးတာပေါ့ '

ကလေးလို အူယားစရာကောင်းအောင် သွားတွေပေါ်တဲ့အထိ
ရယ်ပြီး ပျော်တဲ့သူပါ။

baekhyun ကတော့ ရယ်ပဲရယ်ချင်တော့တယ်။

' သေချာသွား... '

' စောင့်နေမှာနော် hyung... အရမ်းနောက်မကျစေနဲ့ '

'အင်းပါ...တာ့တာ '

တတ်တတ်ကြွကြွကျောင်းတဲ့ဝင်သွားတဲ့ chanyeol ကိုကြည့်ရင်း မြင်ကွင်းထဲကပျောက်သွားတော့မှ အလုပ်ရှိရာကို
ထွက်ခဲ့တော့သည်။

' chukahaeyo. . . sunbaenim '

' arr...nae...ဘာကို...?  '

ရုံးခန်းထဲ coffee ခွက်လေးကိုင်ပြီး ဝင်လာတဲ့
baekhyun တို့အဖွဲ့ကဝန်ထမ်းမလေး ။

'notice board မှာတွေ့ခဲ့တယ် ဒီတစ်ခေါက် Japan Osaka ခရီးကို sunbaenim ကဦးဆောင်ရမှာတဲ့...'

' ကျွန်တော်ကလား '

'အင်းလေ...မတွေ့သေးဘူးလား '

company ကိုရောက်တော့ လူတိုင်းက chukahae တစ်ခွန်းပဲပြောသွားကြတာ ဘာလို့ပြောနေကြမှန်းမသိဘူး။
ကိုယ်ကလည်း အပြုံးမပျက်နှုတ်ဆက်ရင်း မမေးမိပါဘူး

အခုမှသိတော့တယ်

ပြည်ပခရီးကို baekhyun ကိုယ်တိုင်လည်း
သဘောကျမိသည်။ ဘာလို့ဆို ကိုယ်ကြိုးစားထားတာ
ကိုယ်သာသိလို့...။

It's You 🌼Where stories live. Discover now