Part.14 ( U & Z)

151 18 2
                                    

' miyanhae...Sera ah ...'

' ရတယ် ...ပြောစရာမလိုဘူး sunbaenim
သမီးက ခဏ ခဏ ‌ဖြစ်နေကျ
အဲ့ဒါကြောင့် မြန်မြန်ခုန်ဆင်းလိုက်တာ ...ဒါပေမယ့် အရှိန်ကြောင့် ပြုတ်ကျပြီး ခြေထောက်အဆစ်လွဲသွားတယ်...
လက်က နည်းနည်းပဲ ပွန်းသွားတာ ဆိုတော့
မကြာခင် ပြန်ကောင်းသွားမှာပါ '

Wheelchair ပေါ်မှာ ထိုင်ပြီး အေး‌အေးဆေးဆေး
မုန့်စားနေတဲ့ Sera ။

မိန်းကလေးဖြစ်ပေမယ့် သတ္တိရှိပြီး အကြောတင်းတင်း
အရယ်အပြုံး အစားအသောက်မပျက်တဲ့ ကောင်မလေးက Chanyeolနဲ့တော့ တခြားစီ ဖြစ်ကြောင်း
Baekhyun သိလိုက်ပါပြီ။

ကျောင်းနဲ့ အိမ်ကိုသာ အသွားအလာရှိပြီး ပိတ်ရက် တောင်
Baekhyun ပါမှ အပြင်ရောက်တတ်တဲ့ ကောင်လေးက
ဒီလို ကောင်မလေးနဲ့ပေါင်းမိတာကြောင့် ဆိုးတတ်သွားတာ
မဆန်းပါဘူး ။

' ခဏ ခဏ ဖြစ်နေကျလား '

'အရင်က Chanyeol နဲ့မဟုတ်လည်း သမီးတစ်ယောက်တည်းစီးတာလေ ...
Sunbaenimသိလား ... YuYoonနဲ့‌ပြိုင်မောင်းပြီး
ဆိုင်ကယ်က ဘရိတ်ပေါက်သွားဖူးတယ် ...ကံကောင်းတာက Jonginက သမီးကို လိုက်ဖမ်းပေးလို့သာ ဒဏ်ရာအကြီးကြီးမရတာ ...အဲ့တုန်းက အိတ်ဇော ပိုက်နဲ့ထိပြီး
အရေပြားလောင်သွားသေးတယ် ...ဆေးတွေ အများကြီးလိမ်းလိုက်လို့ သက်သာသွားပြီ ...အနာရွတ်တောင်မကျန်ခဲ့ဘူး '

' ‌အာ...တော်သေးတာပေါ့ '

Baekhyun ခေါင်းတဆက်ဆက်ငြိမ့်ပြီးသာ နားထောင်နေမိတော့သည်။ စားလည်းစားရင်း အားရပါးရ ပြောပြနေတဲ့
သူ့အကြောင်းကို Baekhyun ဆက်နားထောင်မိသည်။

' ငယ်ငယ်က ဆိုင်ကယ်စီးချင်လို့လေ appa ကိုပြော
ပေမယ့် appa က လက်မခံဘူး အဲ့ဒါကြောင့်ခိုးသင်ရင်း
Mini Mart ကို ဝင်တိုက်လိုက်မိတယ်...အဲ့တုန်းက
Appa အများကြီးလျော်ပေးလိုက်ရတာပါဆို ...'

သူမက ပါးစပ်ကို လက်ဝါးလေးနဲ့ကာပြီး
လေသံသဲ့သဲ့နဲ့ပြောတယ်

' အဲ့ဒါကြောင့်လည်း appa မဲနိုင်သွားတာလေ
ပြည်သူတွေကို တကယ်ကူညီတတ်တဲ့လူဆိုပြီး ...
တကယ်က သမီး ဝင်တိုက်လိုက်တာ ...'

' ဪ ...'

' သတင်းမှာက ပျက်စီးသွားတဲ့ Mini Martကို
နယ်မြေ 4 ရဲ့လွှတ်တော်အမတ် Ju က အများကြီးပြန်လည်
ပံ့ပိုးထူထောင်ပေးခဲ့ပါတယ် ဆိုပြီး...ဟီးဟီး ...ရယ်ရတယ်
မလား '

It's You 🌼Where stories live. Discover now