Part. 12(U & Z)

162 18 1
                                    

' သူငယ်ချင်းတို့ ...!'

သွက်သွက်လက်လက် နှုတ်ဆက်စကားဆိုတဲ့
ကောင်မလေးက အနက်ရောင် အသားကပ်အင်္ကျီကို ဝတ်ဆင်ထားတယ်

ခန္ဓာကိုယ်ကောက်ကြောင်းအလှ မထင်ထားမိလောက်အောင် မိမိုက်နေပြီး ၊ နှုတ်ခမ်းနီကာလာ ရဲရဲတောက် sexyဆန်ဆန် ပြင်ဆင်ချယ်သထားပြန်တော့ မြင်သူတိုင်း
အကြည့်မလွှဲချင်စရာ ။

' ငါတို့ စောင့်နေတာ ကြာနေပြီ...ဘာလို့
နောက်ကျနေတာလဲ '

ကားပါကင်တစ်ခု ဆိုင်ကယ်တွေရပ်ပြီး စုထိုင်နေသည့် လူငယ်များကြားမှ ကောင်လေးတစ်ယောက်ဆီက
မေးခွန်းရဲ့ အဖြေကို အားလုံးသိချင်နေကြသည်။

ယောက်ျားလေး နှစ်ယောက်၊ မိန်းကလေး သုံးယောက် ၊
သူမ အပါအဝင် စုစုပေါင်း ခြောက်ယောက် ။

ငယ်ငယ်တည်းက အတူတူ ကျောင်းတတ်လာကြတာကြောင့် ရင်းနှီးတာထက် ပိုနေတဲ့ ဆက်ဆံရေး ။
Best Friends.

' အားနာစရာပဲ ...ငါ သူငယ်ချင်းတစ်ယောက်ကို
ခေါ်ခဲ့တာကြောင့် နည်းနည်းလေး နောက်ကျသွားတယ် သူငယ်ချင်း အသစ်ကို နည်းနည်းလောက်တော့ အချိန်ပေး
စောင့်ရမှာပေါ့ '

' ဘာလဲ...အသစ်လား ? ငါတို့ထက် ပိုရင်းနှီးသွားတာလား '

' မသိချင်ကြဘူးလား ငါမိတ်ဆက်ပေးမယ် '

ငယ်ငယ်တည်းက ရင်းနှီးလာတဲ့ BFFတွေကြားမှာ အသစ် သူငယ်ချင်းဆိုတော့ ဘယ်သူမဆို လက်မခံချင်ကြတဲ့
သဘာဝ ။

ဒါပေမဲ့ လူတောင် အတူပါလာပြီဆိုတော့ မိတ်ဆက်တာလောက်တော့ လုပ်ရမှာပေါ့

' Chanyeol ah...!!
ဝင်လာခဲ့ ...! '

' C h a n y e o l '

' အင်း နာမည်က Park Chanyeol တဲ့ '

' ကြားဖူးသလိုပဲ...အာ...နင်ပြောတဲ့ အဆင့် 2 !?'

' ဟုတ်တယ် '

လွယ်အိတ်ကို ‌ပုခုံးက လွယ်ပြီး လက်နှစ်ဖက်ကို ဘောင်းဘီအိတ်ကပ်ထဲ ထည့်ထားတဲ့ ကောင်လေး။

‌တင်းတင်းစေ့ထားတဲ့ နှုတ်ခမ်းကနည်းနည်းမှ အရီအပြုံးမရှိ။

ဝိုင်းစက်နေတဲ့ မျက်လုံးတွေက အနည်းငယ် ပန်းရောင်သန်းနေတာကြောင့် အကြည့်တွေက မီးတောက်နေသလို စူးရှနေပြန်ရော ။

It's You 🌼Donde viven las historias. Descúbrelo ahora