Episode❦ 2 ❦

2K 74 5
                                    

♡♡​နောက်​ဆုံးအချစ်​ရဲ့ ရင်​ခုန်​သံစည်းချက်​♡♡
<or>
🍂ချစ်​အတ္တ🍂

Episode❦ 2 ❦

ကျူး​ မာန်​နဲ့ အိမ်​ဝန်းထဲ ပတ်​ချာလှည့်​ကြည့်​​နေခဲ့သည်
တီတီနုတို့ အိမ်​မှာက ပန်း​တွေအစုံစိုက်​ပျိုးထားတာ ခြံကြီးတစ်​ခုလုံး
"ညီမ​လေး ဒီမှာခဏထိုင်​ရ​အောင်​​လေ"
မာန်​ စံကားဝါပန်းပင်​ကြီး​အောက်​က မြက်​ခင်းစိမ်း​ပေါ်သို့ညွှန်​ပြလိုက်​သည်
"ဟုတ်​"

မာန်​ ​ဘေးနားက က​လေး​လေးအား ကြည့်​ကာပြုံးမိလိုက်​သည်
ခုချိန်​ထိ စကား​တွေဟက်​ဟက်​ပက်​ပက်​​ပြောခြင်းမရှိ
ဟုတ်​ နဲ့ ​ခေါင်းညိမ့်​​ခေါင်းခါသာ လုပ်​ပြလျက်
မာန်​ ထိုက​လေး​လေးအား ဂရုဏာသက်​မိသည်
မေ​မေ​ ကျူးအ​ကြောင်း​ပြောပြထဲက သနားမိခဲ့တာမလား
ခု ကျူး​လေးကို​တွေ့​တော့ ပိုပြီး သနားမိသည်​​လေ
ညှိုးငယ်​ကျ​နေ​​ပေမယ့်​ ချစ်​စရာ​ကောင်း​သော မျက်​နှာ​လေးက​ကွယ်​​ပျောက်မသွား
သို့​ပေမယ့်​ သူမ​လေးမျက်​နှာ​လေးတွင်​ တစ်​စုံတစ်​ရာလိုအပ်​​နေခဲ့သည်
အဲ့အရာက.အပြုံး​လေးပင်
သူမ​လေးရဲ့ချစ်​စဖွယ်​ မျက်​နှာ​လေးတွင်​ အပြုံး​လေးဖြည့်​သွင်းလိုက်​ပါက ဘယ်​​လောက်​ပြီးပြည့်​စုံသွားမယ်​မသိ
မာန်​ ထို​က​လေး​လေးရဲ့ မျက်​နှာ​လေးအား​ငေးကြည့်​ကာ ရင်​ထဲအမည်​မသိလှိုင်း​လေးများ. လှုပ်​ခတ်​​နေခဲ့ရင်း
မာန်​က အ​နေ​အေးသည်​ ​ကောင်​မ​လေး​တွေနဲ့အရှုပ်​အရှင်းကင်းကာ စာကိုပဲစိတ်​ဝင်​စားသူဖြစ်​​ပေမယ့်​ ခု​တော့ ဒီ​ကောင်​မ​လေးအ​ပေါ် သူ့ခံစားချက်​​တွေ ထူးခြား​နေခဲ့သည်​မလား
မာန်​ ကျူးဆို​သော ​ကောင်​မ​လေးကို ​ပျော်​​အောင်​လုပ်​​ပေးနိုင်​သူ ဖြစ်​ချင်​မိသည်
ဒါ​တွေဟာ ဘာ​ကြောင့်​လဲ ??

ကျူး ​မြေ​ပေါ်တွင်​​ကြွေကျ​နေ​သော စံကားဝါပန်း​လေးအား​ကောက်​ကာ.​မွှေးကြူလိုက်ချိန်
"​မွှေးလား"
"ဟုတ်​"
"အဟွန့်​ ဟုတ်​ပဲ​ပြော​တော့မှာလား"
မာန်​​ပြောလိုက်​​တော့ ကျူး​ခေါင်း​လေးငုံ့သွားကာ
"ကျူး.မသိဘူး"

♡​နောက်​ဆုံးအချစ်​ရဲ့ ရင်​ခုန်​သံစည်းချက်​♡♡  &lt;or&gt; 🍂ချစ်​အတ္တ🍂Where stories live. Discover now