Episode❦ 10 ❦

1.6K 54 2
                                    

♡♡​နောက်​ဆုံးအချစ်​ရဲ့ ရင်​ခုန်​သံစည်းချက်​♡♡
<or>
🍂ချစ်​အတ္တ🍂

Episode❦ 10 ❦

"အဲ့တုန်းက ရင်​....ရင်​က!!!"
"ဘာလဲ အဲ့တိုင်းက!!!"
ရင်​​နေရခက်​စွာ ဂုတ်​ပိုး​လေးအားပွတ်​ကာ ဘယ်​လို​ဖြေရမယ်​မသိဖြစ်​​နေသည်​ကို ကတ်​သီးကတ်​သတ်​လာ​မေး​နေ​သော ကိုကြီး
"ရင်​!!!"
ရင်​ မ​ဖြေ​တော့ ​လေသံ​မာမာ​ခေါ်လိုက်​​သော ကိုကြီး​ကြောင့်​ ရင်​အနည်းငယ်​လန့်​သွားလျက်
"ငါ​မေး​နေတယ်​​လေ"
ရာဇ်​ တမင်​ပင်​ ​လေသံမာမာ​ပြောလိုက်​သည်
"ရင်​ မသိဘူး ကိုကြီးနိုးပြီဆို​တော့ ရင်​သွား​တော့မယ်​ ကိုကြီးပြီးရင်​ဆင်းခဲ့​နော်​"
ခေါင်း​လေးငုံ့ကာ ​ထွက်​​ပြေးဖို့စဉ်းစား​နေ​သော ရင်​လက်​အား ရာဇ်​ဆွဲကာ
"​နေဦး"
ကိုကြီးစကား​ကြောင့်​ ရင်​ကိုကြီးအား​မော့ကြည့်​မိလိုက်​သည်
အမြဲသန့်​သန့်​ရှင်းရှင်း​နေတတ်​​သော ကိုကြီးက မနက်​အိပ်​ယာနိုးနိုးခြင်းပုံစံလို့ပင်​မထင်​ရ​လောက်​ပင်​သန့်​ပြန့်​​နေကာ ​ချော​မော​နေခဲ့သည်​​လေ
ကိုကြီးအား​ခေတ္တ​ငေးကြည့်​သွားမိရာက​နေ မျက်​နှာလွဲလိုက်​ကာ
"ရင်​ကို ဘာခိုင်းစရာရှိလို့လဲကိုကြီး"
ရင်​​မေးလိုက်​​သော်​ ရာဇ်​ အိပ်​ယာအားလက်​ညှိုးထိုးပြလိုက်​ကာ
"အိပ်​ယာသိမ်း"
"ဟင်​"
ရာဇ်​ မျက်​လုံးပြူး​နေကာ ​ကြောင်​​တောင်​​တောင်​ဖြစ်​​နေ​သော.ရင်​အား
"ဘာလဲ နင်​ကမလုပ်​​ပေးချင်​လို့လား"
"မ....မဟုတ်​ပါဘူး"
"အာ့ဆို အထဲဝင်​ခဲ့"
"ဟ....ဟုတ်​"
ရင်​ ကိုကြီးအခန်းထဲ ​တွန့်​တွန့်​ဆုတ်​ဆုတ်​နဲ့ပင်​ ဝင်​လာခဲ့သည်
ကိုကြီးအိပ်​ယာနားသွားကာ ​စောင်​အား​သေချာစွာ ​ခေါက်​​နေရင်း

ရာဇ်​ ရင်​အားရပ်​ကာ ကြည့်​​နေမိကာ စိတ်​ထဲလဲ ကြည်​နူးမိသွားရင်း
ရာဇ် သူမ​လေးနဲ့ပြန်​​တွေ့​တော့ သူ့ခံစားချက်​​တွေပိုတိုးလာတာ သူကိုယ်​တိုင်​လဲသိတယ်
သူမ​လေးအနားမှာရှိတိုင်း.အလိုလို​နေရင်းစိတ်​ကြည်​နူး​နေတတ်​သည်
ဟိုမှာ​နေတဲ့ချိန်​မှာ သူကိုယ်​တိုင်​က အဲ့အချစ်​​တွေကို မသိချင်​စွာ လျစ်​လျူရှုထားမိတာကို​တောင်​ အချိန်​ပြည့်​သတိရ​နေခဲ့တာမလား
ရာဇ်​ ​တွေး​နေတုန်း
သူ့​ရှေ့ရပ်​လာ​သော ရင်
"ကိုကြီး သိမ်းပြီးပြီ ရင်​သွား​တော့မယ်​​နော်​"
"မသွားနဲ့"
ရာဇ်​ ​ပြောပြီးမှ သူ့အား​ကြောင်​​တောင်​​တောင်​ကြည့်​လာ​သော ရင်​​ကြောင့်​ သူ့စကားမှားသွားသည်​ကိုသိကာ
"ဟင်​"
"မဟုတ်​ဘူး ငါ​ပြောတာက"
ရာဇ်​ ​ခေါင်း​လေးအားဖွကာ ဘာ​ပြောရမယ်​ကိုမသိဖြစ်​​နေစဉ်​ရာဇ်​ အဝတ်​အစားအိတ်​အားမြင်​ကာ
"ငါ့အင်္ကျီ​တွေ ဗီရိုထဲထည့်​လိုက်​"
"ဟင်​...ဟုတ်​"
ရာဇ်​ သူ​ပြောတာကို ပြန်​ငြင်းခြင်းပင်​မရှိဘဲ သူခိုင်းတာကိုပဲ လုပ်​​နေ​သောသူမ

♡​နောက်​ဆုံးအချစ်​ရဲ့ ရင်​ခုန်​သံစည်းချက်​♡♡  &lt;or&gt; 🍂ချစ်​အတ္တ🍂Where stories live. Discover now