Episode❦ 8 ❦

1.3K 59 0
                                    

♡♡​နောက်​ဆုံးအချစ်​ရဲ့ ရင်​ခုန်​သံစည်းချက်​♡♡
<or>
🍂ချစ်​အတ္တ🍂

Episode❦ 8 ❦

"​မေ​မေ"
ခြံထဲတွင်​သစ်​ခွပန်းများအား​ငေး​နေ​သော ​မေ​မေ့အား ရင်​အ​နောက်​မှ​ခေါ်လိုက်​သည်
ကိုကြီးထွက်​သွားပြီးထဲက ​မေ​မေပုံစံက အရင်​လိုရွှင်​ရွှင်​မြူးမြူးမရှိ​တော့
ကိုကြီးထွက်​သွားတာ သူ့​ကြောင့်​ဟူ၍လည်း​တွေးပုံရသည်​​လေ
"​သြော်​ရင်​​လေး"
"ဒီမှာ ဘာလုပ်​​နေတာလဲ​မေ​မေရဲ့ ​လေနည်းနည်းတိုက်​တယ်​​နော်​"
မေ​မေက ရင်​အားပြုံးပြလိုက်​​သော်​လည်း ထိုအပြုံးများမှာ အသက်​မပါလှ
"၅နှစ်​​ကျော်​​တောင်​ကြာသွားခဲ့ပြီ သမီးကိုကြီးပြန်​မလာ​သေးဘူး"
မေ​မေ့စကား​ကြောင့်​ ရင်​ဝမ်းနည်းသွား​သော်​လည်း
အတတ်​နိုင်​ဆုံးမျက်​နှာကိုမပျက်​​အောင်​ထိန်းထားရင်း
တကယ်​ဆို ရင်​လဲ ကိုကြီး​ကို​နေ့တိုင်း​မျှော်​လင့်​​နေရသူမလား
"ကိုကြီးကပြန်​လာမှာပါ​မေ​မေရဲ့"
"​မေ​မေသိပ်​သတိရတာပဲသမီးရယ်​"
ခပ်​​လေး​လေး ​လေးဆိုလိုက်​​သော ​မေ​မေ့စကား​ကြောင့်​ ရင်​သက်​ပြင်း​လေးချကာ ​မေ​မေ့ရင်​ခွင်​ထဲ တိုးဝင်​မိသည်
"​မေ​မေရယ်​"
ဒီနိုင်​ငံမှာ ကိုကြီးကို​ ​နေ့တိုင်းအချိန်​တိုင်း​စောင့်​​နေသူများရှိသည်ကို​မသိ​လေသလား
တမင်​ပင်​မသိချင်​​ယောင်​​ဆောင်​ထားတာလား
တစ်​ခါတစ်​​လေ​တွေးမိတယ်
ကိုကြီးရဲ့ နှလုံးသားက ဘာနဲ့တည်​​ဆောက်​ထားလို့ ခုလိုမာ​ကျော​နေရတာလဲ ရင်​သိချင်​မိသည်
"သမီး​လေး ​ဆေးခန်းသွားရ​တော့မယ်​မလား"
မေ​မေ့စကား​ကြောင့်​ ရင်​ ပါးထက်​ကမျက်​ရည်​များအား တစ်​ဖက်​လှည့်​ကာ သုတ်​ပစ်​လိုက်​၍
"ဟုတ်​​မေ​မေ ခဏ​နေသွား​တော့မှာ"
"ကားနဲ့သွားပါလားသမီး ဦးတင်​ကို လိုက်​ပို့ခိုင်းလိုက်​​လေ"
"ဟင့်​အင်း​မေ​မေ သမီးဘာသာဆိုင်​ကယ်​နဲ့သွားလိုက်​ပါ့မယ်​"
ဖေ​ဖေနဲ့​မေ​မေက ရင်​​ကျောင်းသွားရင်​စီးဖို့ကလစ်​ဘီး အနီ​လေးဝယ်​​ပေးထားသည်​​လေ
ရင်​က ကားလည်းမ​မောင်းတတ်​ဘူး​လေ
"သမီးရယ်​ အားတဲ့ချိန်​ မာန်​လေး​ကိုသွားသွားကူ​ပေး​နေတာ မပင်​ပန်းဘူးလား ​မေ​မေက သမီးကို မပင်​ပန်း​စေချင်​လို့​နော်​"
"သိပါတယ်​​မေ​မေရဲ့ ကိုကိုက ရင်​ကိုဂရုစိုက်​ပါတယ်​ ကိုကို့​ဆေးခန်းကလူနာ​တွေအရမ်းများတယ်​​လေ လိုအပ်​တာ​လေးကူညီရတာရင်​အရမ်း​ပျော်​တယ်​"
ကိုကိုက ​မကြာခင်​ကပဲ ကိုယ်​ပိုင်​​ဆေးခန်းတစ်​ခုဖွင့်​ထားသည်​​လေ
ကိုကိုရဲ့ကြင်​နာတတ်​မှု​ကြောင့်​ ​ဆေးခန်းကဖွင့်​တာမကြာ​သေး​ပေမယ့်​ လူနာ​တွေများလှသည်
ရင်​ ​ကျောင်းအားတဲ့အချိန်​ဆို သွားကူ​ပေး​လေ့ရှိသည်
"သမီး​ပျော်​ရင်​ ပြီးတာပါပဲကွယ်​"
"​မေ​မေ ရင်ကို​မသွား​စေချင်​ရင်​​ပြော​နော်"
"​မေ​မေက ​မေ​မေ့သမီးကိုလဲယုံတယ်​ သားမာန်​​လေးကိုလဲယုံတယ်​ ပြီး​​တော့ သမီးတို့က မဟုတ်​တာလုပ်​​နေတာမှ မဟုတ်​တာပဲကွယ်​ ဒါ​ပေမယ့်​"
မေ​မေ့စကား တစ်​ဝက်​တစ်​ပျက်​နဲ့ရပ်​သွားသဖြင့်
"ဟင်​ ​မေ​မေ"
"ရင်​​လေး သားမာန်​ကိုဘယ်​လို​တွေးလဲ"
မေ​မေ့ဒဲ့တိုးအ​မေး​ ကြောင့်​ ရင်​မျက်​နှာပူလှစွာ ​ခေါင်း​လေးငုံ​နေ​သော​ကြောင့်
"အ​မေ့သမီး​လေး အရွယ်​​ရောက်​လာပြီပဲ အဟင်း"
"သမီး ကိုကို့ကို အစ်​ကိုတစ်​​ယောက်​လိုချစ်​ပါတယ်​ ဒါ​ပေမယ့်​ သမီး အဲ့ထက်​ပိုပြီးစဉ်းစားလို့မရဘူး"
ရင်​စိတ်​ထဲရှိရာ​ပြောလိုက်​​သော်
"သမီး ဘာပဲဆုံးဖြတ်​ဆုံးဖြတ်​ သမီးဘက်​မှာ​မေ​မေရှိတယ်​ သားမာန်​​လေးမဟုတ်​ပဲ တခြားချစ်​ရသူ​​တော့ မရှိ​သေးဘူးမလား"
မေ​မေ့အ​မေးကို ရင်​​ခေါင်း​လေးတွင်​တွင်​ခါယမ်းကာ
"မရှိပါဘူး​မေ​မေ သမီးအာ့​တွေမစဉ်းစားချင်​​သေးပါဘူး"
"သမီးကအရွယ်​​ရောက်​​နေတဲ့မိန်းက​လေးတစ်​​ယောက်​ပဲ​လေ သားမာန်​​လေးဆိုရင်​ ​မေ​မေတို့ဘာမှမ​ပြောလိုဘူး ဒါ​ပေမယ့်​ တခြားတစ်​​ယောက်​ဆိုရင်​​မေ​မေတို့ကိုအရင်​အသိ​ပေးရမယ်​​နော်​"
"ဟုတ်​​မေ​မေ"
"ကိုင်း ​နောက်​ကျ​တော့မယ်​ ဆိုင်​ကယ်​ကို​ဖြေး​ဖြေးစီး"
"ဟုတ်"

♡​နောက်​ဆုံးအချစ်​ရဲ့ ရင်​ခုန်​သံစည်းချက်​♡♡  &lt;or&gt; 🍂ချစ်​အတ္တ🍂Where stories live. Discover now