Episode❦ 20 ❦

1.5K 51 5
                                    

♡​နောက်​ဆုံးအချစ်​ရဲ့ ရင်​ခုန်​သံစည်းချက်​♡♡
<or>
🍂ချစ်​အတ္တ🍂

Episode❦ 20 ❦

"ရင်​ အစားအ​သောက်​​တွေက စားမ​ကောင်းဘူးလား"
မာန်​ ဟုတ်​တိပတ်​တိမစား​သော ရင်​အားဟင်း​တွေထည့်​​ပေးရင်းမှ ​မေးလိုက်​သည်
ဟိုတစ်​ခါ ကိစ္စ​တွေဖြစ်​ပြီးထဲက သူမ​လေးမျက်​နှာမှာအပြုံးဆိုတာမရှိသ​လောက်​နည်းပါသွားသည်​​လေ
မာန်​ သူမ​လေးရဲ့အပြုံး​တွေကို ဖန်​ဆင်း​ပေးချင်​​ပေမယ့်​ သူမ​လေးရဲ့နှလုံးသားက သူဆီမှာရှိမ​နေ
သူမ​လေးဘယ်​သူ့ကိုချစ်​​နေလဲဆိုတာ ခန့်​မှန်းဖို့လဲ သူမ​လေးကဟန်​​ဆောင်​​ကောင်းလွန်းလှစွာ

"မဟုတ်​ပါဘူး စား​ကောင်းပါတယ်​ ရင်​ဗိုက်​ပြည့်​​နေလို့ပါ"
"ညီမ​လေး"
"ဟင်​"
"​စေ့စပ်​ပွဲကို ညီမ​လေးဘက်​ကဖျက်​ချင်​ရင်​!!!!"
"ရင်​ကဘာလို့ဖျက်​ရမှာလဲ ကိုကို"
"ကိုကိုသိပါတယ်​ ညီမ​လေးကိုကို့အ​ပေါ်အကိုတစ်​​ယောက်​ထက်​မပိုနိုင်​ဘူးဆိုတာ"
ရင်​ ကိုကို့စကား​ကြောင့်​ ​ခေါင်း​လေးငုံ့ကာ ဘာမှပြန်​မ​ပြောမိ
ရင်​ပုံစံကအရမ်းပဲ​ပေါ်လွင်​​နေလို့လား
"ရင်​ ကြိုးစား​နေပါတယ်​"
"ညီမ​လေးအတွက်​ခက်​ခဲရင်​ ​ရှေ့မတိုးပါနဲ့ ကိုကိုညီမ​လေးမ​ပျော်​ရွှင်​​နေတာကို မမြင်​ချင်​ဘူး"
"..........."
"ညီမ​လေးရင်​ထဲမှာ တစ်​စုံတစ်​​ယောက်​ရှိ​နေတယ်​မလား"
ကိုကို့အ​မေး​ကြောင့်​ ရင်​ဆွံ့အသွားစွာ
ရင်​ဘယ်​လို​ဖြေရမည်​နည်း
ရင်​ မရှိပါဘူးလို့ လိမ်​လိုက်​ရမှာလား
အဲ့လိုဆိုကိုကို့အ​ပေါ်မရိုးသားရာကျသွားမှာ​ပေါ့
"ရင်​......ရင်​မှာ!!!!"
ရင်​ ဘယ်​လို​ဖြေရမည်​ကို​တွေ​ဝေ​နေစွာ

မာန်​ ရင်​ဘာဖြစ်​​နေသည်​ကိုရိပ်​မိ​နေစွာ
"ကိုကို ခု​မေး​နေတာ ရင်​အကိုတစ်​​ယောက်​အ​နေနဲ့ပါ"
ရင်​သက်​ပြင်း​လေးချရင်း
ရင်​ကိုကို့အ​ပေါ်မှာ မလိမ်​ချင်​​တော့
"ရင်​ အမှန်​တိုင်း​ပြောရရင်​ ရင်​ကိုကို့အ​ပေါ် အစ်​ကိုတစ်​​ယောက်​ထက်​ပိုပြီး စဉ်းစားလို့မရဘူး"
သူမ​လေးရဲ့အ​ဖြေ​ကြောင့်​ မာန်​နှလုံးသား​လေးနာကျင်​သွား​သော်​လည်း အပြုံးမပျက်
ဒီအ​ဖြေကိုသိပြီးသားဆို​ပေမယ့်​ သူမ​လေးနှုတ်​ခမ်းကတကယ်​ကြားလိုက်​ရချိန်​မှာ​တော့ နှလုံးသား​လေးကို ဓားပါးပါးနှင့်​လွှာ​နေသည့်​အလား
သို့​ပေမယ့်​ အပြုံးမပျက်​ခဲ့ပါဘူး သူမ​လေးအတွက်​ဆို ဘာမဆိုလုပ်​​ပေးနိုင်​တယ်
သူမ​လေး​ပျော်​ရွှင်​​စေဖို့နှလုံးသားကို တံတားအဖြစ်​ ခင်း​ပေးရမယ်​ဆိုရင်​​တောင်​ ရဲရဲကြီးလုပ်​​ပေးနိုင်​ပါတယ်

♡​နောက်​ဆုံးအချစ်​ရဲ့ ရင်​ခုန်​သံစည်းချက်​♡♡  &lt;or&gt; 🍂ချစ်​အတ္တ🍂Where stories live. Discover now