Episode❦ 12 ❦

1.5K 59 1
                                    

♡♡​နောက်​ဆုံးအချစ်​ရဲ့ ရင်​ခုန်​သံစည်းချက်​♡♡
<or>
🍂ချစ်​အတ္တ🍂

Episode❦ 12 ❦

"မခင်​က ဘယ်​​လောက်ကြာကြာခွင့်​ယူချင်​တာလဲ"
ယွန်းဧည့်​ခန်းမှာ ​ဒေါ်ခင်​နဲ့မိလုံးတို့နဲ့စကား​ပြော​နေသည်
ရွာမှာတူမ​လေးအလှူရှိ​သော​ကြောင့်​ ခွင့်​ယူခြင်းပင်
ဒေါ်ခင်​ဆိုတာက ယွန်းတို့အိမ်​မှာ အလုပ်​လုပ်​တာ ရာဇ်​တို့တစ်​သက်​ပါပဲ
မိလုံးကလည်း ​ဒေါ်ခင်​နဲ့ဆို တူမ​လေး​တော်​သည်​​လေ
မိလုံးက ရင်​​လေးနဲ့မတိမ်းမယိမ်းပင်
"ရွာက​ဝေး​တော့ အသွားနဲ့အပြန်​ဆို၁ပတ်​​ကျော်​​ကျော်​​လောက်ကြာမယ်​ထင်​တယ်​ ကြီးခင်​လည်းမသွားမဖြစ်​မို့ပါကွယ်​"
"ယွန်းနားလည်​ပါတယ်​ မခင်​လည်း အားလပ်​ရက်​မယူတာကြာပြီ​လေ ဒါနဲ့မိလုံး​​ရော လား"
"မိလုံးကို​တော့မမ​ကြီး တို့ခွင့်​ပြုမှပါ ဒီအိမ်​မှာလုပ်​ကူကိုင်​ကူလိုချင်​ မိလုံး​ကိုထားခဲ့ပါ့မယ်​"
"အို...ဘယ်​ဖြစ်​ပါ့မလဲ လိုက်​သွား​ပေါ့ အဲ့မှာ​အေး​​ဆေးနားခဲ့ကြ"
ယွန်းစကား​ကြောင့်​ ​ဒေါ်ခင်​နဲ့မိလုံး မျက်​နှာ​လေးဝင်းပသွားကာ
"​ကျေးဇူးတင်​ပါတယ်​ကွယ်​"
"မလိုပါဘူး မခင်​ရယ်​ ဒီလအတွက်​လစာကြိုထုတ်​​ပေးလိုက်​မယ်​"
"ဟုတ်​"

(✿◠‿◠)(✿◠‿◠)(✿◠‿◠)(✿◠‿◠)(✿◠‿◠)(✿◠‿◠)

ရာဇ်​ ရင်​​ပြော​သော​ဆေးခန်းသို့​မောင်းလာခဲ့သည်
"ဒီ​ဆေးခန်းလား"
"ဟုတ်​"
ရင်​ ခါးပတ်​​လေးအားဖြုတ်​ကာ ဆင်းဖို့ကြံ​တော့
"​နေဦး"
ရာဇ်​ ကား​ပေါ်ကဆင်းကာရင်​အား ကားတံခါးဖွင့်​​ပေးလိုက်​သည်
"​လျှောက်​နိုင်​လား"
"ဟုတ်​"
ရင်​ နာ​နေ​သော ဒူး​လေးအားလက်​ဖြင့်​ကိုင်​ကာ ကား​ပေါ်ကဆင်းလာခဲ့သည်
"အာ့"
"ကျွတ်​"
ရာဇ်​ သူမ​လေးပုံစံအားကြည့်​အပြီး စိတ်​မရှည်​စွာ ကျွတ်​သပ်​လိုက်​ပြီး
ရင်​ပုခုံးက​အားဖက်​ကာ တွဲလိုက်​သည်
ရင်​ တအံ့တသြဖြင့်​ ကိုကြီးအား​မော့ကြည့်​လိုက်​​တော့ ကိုကြီးကခပ်​တည်​တည်​ဖြင့်
"တစ်​မျိုးထင်​မ​နေနဲ့ နင့်​တွဲချင်​လွန်းလို့မဟုတ်​ဘူး ဒီလိုသွား​နေပုံမျိုးနဲ့ ဒီတစ်​သက်​​ဆေးခန်းဆီ​ရောက်​မှာမဟုတ်​ဘူး"
"ရင်​....ရ...ရပါတယ်​"
"ကျွတ်​ ငြိမ်​ငြိမ်​​နေ"
ရာဇ်​ ဘာမှမဖြစ်​သလိုသာ​ပြောလိုက်​​သော်​လည်း တဒိတ်​ဒိတ်​ခုန်​​နေ​သော နှလုံးသား​လေးကို​ ရင်​ခွင်​ထဲကသူမ​လေးကြားမှကြားနိုင်​ပါ့မလား

♡​နောက်​ဆုံးအချစ်​ရဲ့ ရင်​ခုန်​သံစည်းချက်​♡♡  &lt;or&gt; 🍂ချစ်​အတ္တ🍂Where stories live. Discover now