Episode❦ 38 ❦

1.3K 35 1
                                    

♡♡​နောက်​ဆုံးအချစ်​ရဲ့ ရင်​ခုန်​သံစည်းချက်​♡♡
<or>
🍂ချစ်​အတ္တ🍂

Episode❦ 38 ❦

ဒီတစ်​ခါ ခွဲစိတ်​ခန်း​ရှေ့​ခြေမကိုင်​မိလက်​မကိုင်​မိဖြစ်​​နေသူက ရင်
လက်​ဖဝါး​တွေလဲ​အေးစက်​​နေကာ နှုတ်​ကလဲ ရသမျှ ဘုရားစာတို့ရွတ်​​နေ​သော်​လည်း စိုးရိမ်​စိတ်​​ကြောင့်​ အစီအစဉ်​မကျ
"ကိုကြီး ဘာမှမဖြစ်​ပါနဲ့ ဟင့်​ မဖြစ်​ရဘူး"
"သမီး သားအ​ခြေအ​နေက ဘာတဲ့လဲ"
အောင်​သူနဲ့မင်းသူ အ​ပြေး​ရောက်​လာကာ.ရင်​အား​မေး​သော်​လည်း ဘာမှပြန်​မ​ဖြေမိ ခုချိန်​ရင်​စိတ်​ထဲရှိတာတစ်​ခုထဲ ကိုကြီး​ဘေးကင်းဖို့ပင်
နာရီ လက်​တံကလဲတချပ်​ချပ်​ဖြင့်​ ​ရွေ့လျား​နေလျက်
အချိန်​အ​တော်​ကြာသည်​ထိ ခွဲခန်းထဲကထွက်​မရ​သေး​ပေ
"​အောင်​သူ မင်းမိန်းမဆီ သွားလိုက်​ပါလား ဒီမှာရာဇ်​ကိုငါ​စောင့်​ပြီးအ​ခြေအ​နေ​ပြောမယ်​"
ယွန်းက သားသတင်းကြားကာ ​မေ့လဲလို့​ဆေးရုံတင်​လိုက်​ရသည်​​လေ
အောင်​သူ.သားအတွက်​စိုးရိမ်​​ပေမယ့်​လဲ မိန်းမဖြစ်​သူအားလဲစိတ်​မချ
"မင်းသူ သားအ​ခြေအ​နေသိရင်​ ​ပြော​ပေးဦး​နော်​"
သူငယ်​ချင်းဖြစ်​သူအား​ပြောအပြီး သမီးဖြစ်​သူထံသို့သွား၍
"ရင်​​လေး.​ဖေ​ဖေသမီးအ​မေဆီသွားဦးမယ်​ သားဘာမှမဖြစ်​​လောက်​ပါဘူးကွယ်"
"ဟုတ်​ကဲ့​ဖေ​ဖေဟင့်​"

ခဏ​လောက်​ကြာ​တော့ ခွဲခန်း​ရှေ့တွင် ဆရာဝန်​များသူနာပြုများဖြင့်​ ရုတ်​ရုတ်​သဲသဲဖြစ်​သွားသဖြင့်
ရင်​ကိုကြီးအတွက်​အစိုးရိမ်​လွန်​ကာ အသက်​ရှူဖို့ပင်​​မေ့သည်​အထိ
ရင်​ ဆရာဝန်​​တွေထံသို့ တစ်​လှမ်းချင်းလှမ်းသွားမိသည်
"လူနာ အသက်​မရှူ​တော့ဘူး"
စကား​လေးတစ်​ခွန်းပါပဲ သို့​ပေမယ့်​ ထိုစကား​လေးတစ်​ခွန်းက ရင်​နားထဲသံရည်​ပူ​တွေ ​လောင်းချလိုက်​သည့်​အလား
အသက်​မရှူ​တော့ဘူးတဲ့လား
ရင်​ တစ်​ချိန်​က​ဖေကြီးနဲ့ေ​မကြီးတို့အဖြစ်​အပျက်​များကို.မျက်​လုံးထဲကွက်​ကွက်​ကွင်းကွင်းမြင်​လာကာ ​အ​ကြောက်​အလန့်​များက ထိုအချိန်​ကအတိုင်း
"ဟင့်​အင်းမဖြစ်​ရဘူးဟီးအီး ကိုကြီးရင်​ကိုမထားပါနဲ့"
ရင်​ ရင်​ထဲမွန်းကြပ်​လာကာ အသက်​ရှူဖို့ခက်​ခဲလာသည်
"အ...အင့်​"
ရင်​ ရပ်​တည်​နိုင်​ဖို့အင်​အားမဲ့စွာ လဲကျသွားရ​လေ​တော့သည်
"ဒီမှာ....ဒီမှာ"
"ရင်​"
ဦးမင်းသူနဲ့ Nurseမ​လေးအသံ​တွေလဲ နားထဲကြားတစ်​ချက်​မကြားတစ်​ချက်​ဖြင့်​ စိတ်​နှင့်​ခန္ဓာကင်းကွာသွားရ​တော့သည်

♡​နောက်​ဆုံးအချစ်​ရဲ့ ရင်​ခုန်​သံစည်းချက်​♡♡  &lt;or&gt; 🍂ချစ်​အတ္တ🍂Where stories live. Discover now