Episode❦ 21 ❦

1.6K 83 5
                                    

♡♡​နောက်​ဆုံးအချစ်​ရဲ့ ရင်​ခုန်​သံစည်းချက်​♡♡
<or>
🍂ချစ်​အတ္တ🍂

Episode❦ 21 ❦


ရင်​ ဘယ်​​လောက်​ကြာကြာအိပ်​​ပျော်​သွားသည်​မသိ
ရင်​မှတ်​မိတာ ကိုကြီးရင်​ကိုဆွဲ​ခေါ်ပြီး ​ကား​​မောင်း၍ ထွက်​လာခဲ့သည်​​လေ
ရင်​​ကျောပြင်​က နူးညံ့တဲ့အထိအ​တွေ့​ကြောင့်​ ရင်​အိပ်​ယာ​ပေါ်​ရောက်​​နေတာလား.....
ရင်​ မျက်​လုံးကိုဖွင့်​ကြည့်​လိုက်​​တော့ မျက်​နှာကျက်​တစ်​ခု
ရင်​ ဆတ်​ခနဲထထိုင်​ကာ ဟိုဟိုဒီဒီကြည့်​​တော့ မြင်​​တွေ့သမျှ အရာအားလုံးကစိမ်းသက်​​နေစွာ
"ဒါ ဘယ်​​နေရာလဲ???"
ရင်​ စိတ်​ထဲစိုးရိမ်​သွားကာ ကုတင်​​ပေါ်ကဆင်းလိုက်​ကာ တံခါးဖြစ်​မယ်​ထင်​​သော​နေရာထံသွား၍ တံခါးဖွင့်​ဖို့ကြိုးစား​သော်​လည်း တံခါးက​Lockချထားသည့်​ပုံ
ဘယ်​လိုပင်​ကြိုးစားဖွင့်​ဖွင့်​မရ
ရင်​ ဝမ်းနည်းစိတ်​​တွေလှိုက်​တက်​လာကာ မျက်​ဝန်းထဲမျက်​ရည်​များရစ်​ဝိုင်းလာရသည်
"ရင်​ မင်းနိုးလာပြီလား"
ထိုချိန်​ ​ရေချိုးခန်းထဲက ​ထွက်​လာသူကိုကြီး
ရေချိုးပြီးစဖြစ်​ဟန်​တူသည်
အ​ပေါ်ပိုင်းဗလာဖြင့်​ ​အောက်​မှာတဘက်​အဖြူကိုပတ်​ထားရင်း စို​နေ​သော ဆံပင်​​တွေကိုသုတ်​ရင်း ရင်​ထံ​လျှောက်​လာ​နေခဲ့သည်
"ကိုကြီး ဒါဘယ်​​နေရာလဲ ဟင်​....ရင်ကိုအိမ်​ပြန်​ပို့​ပေးပါ​နော်​"
"Sorryပဲ ရင်​ ကိုယ်​မင်းကို​ခေါ်လာတာ ပြန်​လိုက်​ပို့ဖို့မဟုတ်​ဘူး"
ရာဇ်​ ​ခေါင်းသုတ်​​နေသည့်​တဘက်​ကို အ​ပေါ်ပိုင်းတွင်ြ​ခုံလိုက်​ကာ​ပြောလိုက်​သည်
ရာဇ်​ ရင်​အနား​တစ်​လှမ်းချင်းတိုးသွားလိုက်​​တော့ ​နောက်​သို့ဆုတ်​သွား​သောသူမ
"ရင်​ အိမ်​ပြန်​ချင်​တယ်​ ဟင့်​"
ရင်​ ငိုချင်​စိတ်​ကိုထိန်းမရကာ ငိုရင်းမှ​ပြောလိုက်​မိသည်
ရာဇ်​ ရင်​စကား​ကြောင့်​ စိတ်​ရှုပ်​စွာ မစိုမ​ခြောက်​ဖြစ်​​နေ​သော ​ခေါင်းကိုဖွလိုက်​ကာ
"ကိုယ်​မလိုက်​ပို့နိုင်​ဘူး ကိုယ်​မင်းကိုခိုး​ပြေးလာတာ"
"!!!!!"
ရင်​ ဘာမှပြန်​မ​ပြောနိုင်​​တော့
ခိုး​ပြေးလာတာတဲ့လား.......
"ကိုယ်​ အိမ်​ကိုအ​ကြောင်းကြားပြီးပြီ ဒီချိန်​ဆို မာမီတို့​ရောဒယ်​ဒီတို့​ရော သိပြီး​လောက်​ပြီ"
"ကိုကြီး....ဘာလို့လဲ ဟင့်​ ဘာလို့ရင်​မှလဲ"
"မင်း​မေးခဲ့တယ်​မဟုတ်​ဘူးလား မင်းကိုတခြား​ကောင်​မ​လေး​တွေလိုသ​ဘောထားလားဆိုတာ ဒါငါ့အ​ဖြေပဲ ရင်​....မင်းသိဖို့က ငါမင်းကိုတန်​ဖိုးထားတယ်​"
ကိုကြီးစကား​ကြောင့်​ ရင်​ နှလုံးသား​လေးနာကျင်​သွားခဲ့ရလျက်

♡​နောက်​ဆုံးအချစ်​ရဲ့ ရင်​ခုန်​သံစည်းချက်​♡♡  &lt;or&gt; 🍂ချစ်​အတ္တ🍂Where stories live. Discover now