Episode ❦ 19 ❦

1.3K 58 2
                                    

♡​နောက်​ဆုံးအချစ်​ရဲ့ ရင်​ခုန်​သံစည်းချက်​♡♡
<or>
🍂ချစ်​အတ္တ🍂

Episode❦ 19 ❦

ရာဇ်​ သားစစ်​ဆိုတဲ့​ကောင်​ရှိ​နေသည်​ဆို​သော ​နေရာသို့ ကားကိုအရှိန်​ကုန်​တင်​​မောင်း​နေရင်း
စိတ်​ထဲတွင်​လည်း စိုးရိမ်​မှုပန်​မှုများစွာ
📱Ring.....Ring📱
မြည်​လာ​သောPhone​လေးအား ကား​မောင်း​နေရင်းလှမ်းကြည့်​လိုက်​​တော့ မာမီတဲ့
ရာဇ်​ phoneအားကိုင်​လိုက်​ကာ Speakerဖွင့်​လျက်
"ဟဲလို"
"သာ.းရင်​​လေးပြန်​မ​ရောက်​​သေးဘူး မိုး​တောင်​ချူပ်​​တော့မယ်​ကွယ်​"
Phoneကိုင်​လိုက်​ခြင်းပဲ စိတ်​ပူစွာတတွတ်​တွတ်​​ပြော​နေလျက်
သေချာပါပြီ ဒါ...သားစစ်​လက်​ချက်​ပဲဆိုတာ
"သိတယ်"
"သမီး ရင်​...ရင်​​လေး ဘယ်​မှာလဲ"
ရာဇ်​ စိတ်​ရှုပ်​စွာ ဆံပင်​​တွေကြားထိုးဖွလိုက်​ကာ
"​နောက်​မှရှင်းပြမယ်​ အချိန်​မရှိဘူး"
ပြောရင်း phချလိုက်​သည်
ဒီအချိန်​မှာတစ်​မိနစ်​ တစ်​စက္ကန့်​​လေးပင်​ သူ့အတွက်​အ​ရေးကြီးလှသည်
သူမ​လေးရဲ့ ဘဝနဲ့ပတ်​သက်​​နေသည်​မို့
စစ်​ တို့ရှိသည်​ဆို​သော မြို့ပြင်​က ခြံကျယ်​ကြီးဆီသို့ဦးတည်​လိုက်​ရင်း

💙💙°°°💙💙°°°💙💙°°°💙💙°°°💙💙

သားစစ်​ အင်္ကျီကြယ်​သီး​တွေကို ဖြုတ်​လိုက်​ကာ ကုတင်​​ပေါ်မှာ ​မေ့​ဆေးအရှိန်​​ကြောင့်​ အိပ်​​မောကျ​နေ​သော သူမ​လေးအားကြည့်​ကာ ပြုံးရင်း
သူမ​လေး နံ​ဘေးမှာကပ်​ထိုင်​လိုက်​ကာ.မျက်​နှာ​ပေါ် ဖရိုဖရဲကျ​နေ​သော ဆံပင်ေ​တွအားသပ်​တင်​​ပေးကာ
"မင်းဘာလို့ဒီ​လောက်​လှ​နေတာလဲ ရင်​ခုန်​သံ ရိုးရိုး​လေး​ပေမယ့်​ ဆွဲ​​ဆေါင်​မှူအပြည့်​ပဲ အဟင်း"
စစ်​​ပြောရင်း လက်​​ချောင်း​တွေဦးတည်​လိုက်​သည်​က ရင်​ရဲ့အင်္ကျီကြယ်​သီး​တွေဆီသို့
ရင်​ဝတ်​ထားသည်​က ရင်​ဖုံးမို့ ကြယ်​သီး​တွေများလှသည်
စစ်​ သုံးလုံး​လောက်​ဖြုတ်​ပြီးချိန်​မှာ​တော့
ဒုန်း ခလွမ်း💥
အပြင်​မှ အသံများ​ကြောင့်​ စစ်​ လက်​​ချောင်းများရပ်​တန့်​သွားကာ အပြင်​ကိုသာအာရုံ​ရောက်​​နေလျက်
ဒုန်း ခွပ်​💥
အပြင်​မှာ အသံများဆူညံ​နေစွာ ကြည့်​ရတာ ရန်​ဖြစ်​​နေသည့်​ပုံ​ပေါ်လျက်
💭ဟို​ကောင်​​ရောက်​လာတာလား မဖြစ်​နိုင်​ဘူး💭
စစ်​​တွေး​နေတုန်း
ဝုန်း ဆို​သောအသံကြီးနဲ့အတူ အခန်းတံခါး​လေးပွင့်​ထွက်​သွားရကာ
လက်​သီးကိုကျစ်​​နေ​အောင်​ဆုပ်​ထားကာ နီမြန်း​နေ​သော မျက်​နှာဖြင့်​ ကြည့်​​နေသူပ​ဒေသရာဇ်
သူ ရာဇ်​ကို​လျော့တွက်​မိသွားခဲ့ပြီ​လေ
ရာဇ်​ ကုတင်​​ပေါ်မှာ သတိကင်းကွာ​​နေ​သော ရင်​အားကြည့်​လိုက်​ကာ ​ရှေ့မှာ ရပ်​​နေ​သော သားစစ်​ထံ ​​ခြေလှမ်းကျယ်​များဖြင့်​​လျှောက်​လာရင်း
အားပြင်းပြင်းဖြင့်​ တစ်​ချက်​ထိုးလိုက်​သည်
စစ်​ ရာဇ်​လက်​သီး​ချက်​​ကြောင့်​ ယိုင်​လဲသွား​သော်​လည်း အရှုံးမခံပြန်​ထိုးလိုက်​သည်
သို့​ပေမယ့်​ စစ်​ထက်​ခွန်​အားဗလ​ရော သာလွန်​​နေတဲ့ ရာဇ်​ကစစ်​လက်​အား ဖမ်းချုပ်​ကာ ဖိထိုးရင်း
"ခွပ်​....👊👊ခွပ်​"
ရာဇ်​ ​ဒေါသများအ​လျောက်​ စစ်​မျက်​နှာအားအားပါးတရထိုး​နေခဲ့ရင်း
စစ်​မှာလည်း ထိုးခံထားရတဲ့အရှိန်​​ကြောင့်​ အပြိုပြိုအလဲလဲ
"မင်းမှာသူ့ကိုထိခွင့်​မရှိဘူး ခွပ်​👊"
ရာဇ်​ထိုးချက်​​ကြောင့်​ စစ်​မျက်​နှာလဲ ​သွေးများရဲရဲနီ​နေကာ မြင်​လို့ပင်​မ​ကောင်း ဖူး​ယောင်​​နေသည်​ကလဲ ရစရာမရှိ​တော့
ရာဇ်​ ​ဒေါသ​တွေက မ​ပြေ​လျော့ပဲ တိုးသည်​ထက်​တိုးရင်း
သူ့ထိုးချက်​များ​ကြောင့်​ သတိလွတ်​မတတ်​ဖြစ်​​နေပြီဖြစ်​​သော စစ်​ရဲ့အင်္ကျီစအားဆွဲကာ
"ရင်​ခုန်​သံဆိုတာ ငါ့အပိုင်​ မင်းမှာထိခွင့်​မရှိသလို စိတ်​နဲ့​တောင်​ပစ်​မှားခွင့်​မရှိဘူး ခွပ်​👊"
ပြောရင်းပင်​ထွက်​လာ​သော​ဒေါသများ​ကြောင့်​ ဆက်​ကာ ထိုး​နေမိလျက်
"ဟာ!!!!!ရာဇ်​"
စည်​နဲတိုက်​အ​ပြေး​ရောက်​လာကာ ရာဇ်​အားစိုးရိမ်​စွာ​အော်​လိုက်​မိသည်
လက်​ထဲမှာ​သွေးသံရဲ​နေ​ကာ သတိလွတ်​​နေပြီဖြစ်​​သော စစ်
စည်​ ရာဇ်​အားအ​နောက်​က​နေဆွဲလိုက်​ကာ
"ရာဇ်​​တော်​​တော့ လက်​လွန်​မယ်​"
တိုက်​​ပြောလည်း​ပြောရင်း ​သွေးများစွာဖြင့်​​မေ့​မြော​နေ​သော သားစစ်​ရဲ့နှာ​ခေါင်းနားအားအသာ​လေးစမ်းကြည့်​မိသည်
အသက်​ရှူ​နေတုန်းဖြစ်​​တော့မှ သက်​ပြင်းချနိုင်​ရင်း
"ငါ့ကိုလွတ်​ အဲ့​ကောင်​ကိုငါသတ်​မယ်​"
စည်​လက်​ထဲက ရာဇ်​မှာ​တော့ ​ဒေါသများဖြင့်​မိုးမမြင်​​လေမမြင်
မျက်​လုံးများက မီးဝင်းဝင်းထ​တောက်​​တော့မည့်​အလား နီရဲ​နေစွာ
သူတို့သာ အချိန်​မှီ​ရောက်​မလာခဲ့ရင်​ ရာဇ်​တစ်​​ယောက်​လက်​လွန်​​တော့မည်
"ရာဇ်​ စိတ်​ထိန်း ဒီ​ကောင်​​တွေ ကိစ္စကို ငါရှင်းလိုက်​မှာမို့ မင်း​ကောင်​မ​လေးကို​ခေါ်သွား"
တိုက်​စကားသံ​ကြားမှ အသိစိတ်​တို့ဝင်​လာကာ
ကုတင်​​ပေါ်က ရင်​အားကြည့်​မိလိုက်​သည်
အင်္ကျီကြယ်​သီးသုံးလုံး​လောက်​ပြုတ်​​နေ​သော​ကြောင့်​ သူမရဲ့ရင်​ဘတ်​​လေး​ပေါ်​နေလျက်
ရာဇ်​ အ​ပေါ်ကုတ်​အားချွတ်​ကာ သူမ​လေးအားခြုံ​ပေးရင်း
ဆွေ့ခနဲ​ကောက်​ချီလိုက်​သည်
အ​ပေါက်​ဝမှာရပ်​​နေ​သော တိုက်​နဲ့စည်​အား
"ဒီ​ကောင်​​တွေကို ငါလွယ်​လွယ်​နဲ့အလွတ်​​ပေးမှာမဟုတ်​ဘူး ငါပြန်​လာခဲ့မယ်​"
အေးစက်​စက်​သာ​ပြောကာ လှည့်​ထွက်​ခဲ့သည်
ခုထိသူ့​ဒေါသတို့အရှိန်​မ​သေ​သေး
ရာဇ်​ သူမ​လေးအား ကားထဲထည့်​ကာ သူက​မောင်းသူ​နေရာဝင်​ထိုင်​လိုက်​ရင်း
နံ​ဘေးက သူမရဲ့မျက်​နှာ​လေးအား​ငေးစိုက်​ကြည့်​​နေမိသည်
သူမမျက်​နှာ​လေးမြင်​လိုက်​ရ​တော့မှ စိတ်​​အေးသ​ယောင်​​ယောင်
ရာဇ်​ ဖျတ်​ခနဲသတိရလာကာ သူမ​လေးကိုယ်​​ပေါ်ကအင်္ကျီ​လေးဆွဲယူလိုက်​ကာ ပြုတ်​နေ​သော ကြယ်​သီး​လေးများကို ကိုယ်​တိုင်​တပ်​​ပေးရင်း
မတည်​မငြိမ်​ဖြစ်​​နေတဲ့ စိတ်​နဲ့ရင်​ခုန်​သံ​တွေကိုချုပ်​ထိန်းဖို့ရန်​ သူမရဲ့နှုတ်​ခမ်း​လေးအားဖိနပ်​နမ်းလိုက်​သည်
ခေတ္တမျှကြာပြီး​နောက်​ ရာဇ်​ နမ်း​နေတာကိုရပ်​ကာ နှုတ်​ခမ်းပါးတို့​ကွေးညွတ်​သွားသည်
"မင်းကို ကိုယ်​ပိုင်​တာမို့ ဒီ​လောက်​​လေး​တော့ လုပ်​လို့ရတယ်မလား ရင်​ အနာဂတ်​မှာ မင်းရဲ့ပိုင်​ရှင်​ကကိုယ်​ပဲ"
ကား​လေး​မောင်းထွက်​သွားရင်း

♡​နောက်​ဆုံးအချစ်​ရဲ့ ရင်​ခုန်​သံစည်းချက်​♡♡  &lt;or&gt; 🍂ချစ်​အတ္တ🍂Where stories live. Discover now