Episode❦ 15 ❦

1.4K 53 0
                                    

♡♡​နောက်​ဆုံးအချစ်​ရဲ့ ရင်​ခုန်​သံစည်းချက်​♡♡
<or>
🍂ချစ်​အတ္တ🍂

Episode❦ 15 ❦

"ဟဲ့ ရင်​ ငါဒီမှာ"
ရင်​ စိမ်းချိန်း​သော ​ကျောင်းနားကမုန့်​ဆိုင်​​လေးအား ဝင်​လိုက်​လျှင်​ပဲ စိမ်းက​ခေါ်လိုက်​သည်
ကိုကြီးဒီ​နေ့စိတ်​ထ​ဖောက်​​နေတယ်​​လေ
ဘာလို့မှန်းမသိ အပြင်​ထွက်​ခါနားနီးမှ အင်္ကျီလဲတဲ့
နောက်​လဲတဲ့အင်္ကျီကိုလဲ ​သေချာကြည့်​​သေးတယ်
ရင်​မှာ​တော့ ကိုကြီး​ကြောင့်​ ချိန်းထားတာ​နောက်​ကျပြီ​လေ
ရင်​​ရောက်​​တော့ စိမ်းနဲ့အတူထိုင်​​နေကြ​သော အတန်းထဲက​ကောင်​မ​လေး၆​ယောက်​​လောက်
"ငါ​နောက်​ကျသွားတယ်​ဟာ"
"ငါကနင်​မလာ​တော့ဘူးမှတ်​​နေတာ"
"​ပြောပြီးစကားငါမတည်ဖူးလို့လား စိမ်းရဲ့"
"​အေးပါဟယ်​"
"လူ​တောင်​စုံ​နေပြီပဲ​နော်​"
"ဟုတ်​တယ်​နင့်​​စောင့်​​နေကြတာ"
ရင်​ အားနာစွာဖြင့်​ ​ရောက်​နှင့်ေ​နကြ​သော အတန်း​ဖော်​သူငယ်​ချင်းများအား ပြုံးပြနှုတ်​ဆက်​လိုက်​သည်
"အဲ့တာဆို ငါတို့အကသွားတိုက်​ကြမယ်​​လေ"
"ဟင်​.ဘယ်​ကိုလဲ"
"အကသင်​​ပေးမယ့်​ဆရာမက သူ့အိမ်ကိုလာခဲ့တဲ့ သူကတူမတစ်​​ယောက်​နဲ့​နေတာ​လေ"
"​သြော်​...."
"ငါတို့သွားကြမယ်​​လေ ကပွဲရက်​ကသိပ်​မလို​တော့ဘူး​လေ"
"​အေး​အေး"
ရင်​ စလင်းဘတ်​အိတ်​​လေးအားလွယ်​ကာ စိမ်း​ခေါ်ရာ​နောက်​သို့ လိုက်​သွားရသည်

%%%*%%%*%%%*%%%*%%%*%

"ကျွန်​​တော်​​ပေးတဲ့​ဆေးကိုပုံမှန်​​သောက်​​ပေး​နော်​"
"ဟုတ်​ကဲ့ရှင့်​"
"​နောက်​တစ်​ပတ်​​လောက်​​နေမှ ပြန်​လါပြ​ပေးပါ"
"ဟုတ်​ ခွင့်​ပြုပါဦး"
လူနာတစ်​​ယောက်​ထွက်​သွားသည်​နှင့်
"ဆရာခဏနားဦးမလား"
"လူနာ​တွေကျန်​​သေးတယ်​မလား အကုန်​ပြီးမှနားလိုက်​မယ်​"
"ဟုတ်​ ​နောက်​တစ်​​ယောက်​ဝင်​လာလို့ရပါပြီ"
Nurse​အော်​သံအဆုံး မာန်ဆီသို့​ဘောင်းဘီအိတ်​ထဲလက်​ထည့်​ကာ ​လျှောက်​လာ​သော စစ်
စစ်​ ရင်​ခုန်​သံရဲ့ရည်းစားဆို​သော ထိုဆရာဝန်​အား​သေချာစွာကြည့်​ရင်း ခုံ​ပေါ်ထိုင်​လိုက်​သည်
"ဘာဖြစ်​တာလဲဗျ"
"........."
ထိုသူကမ​ဖြေ​သော​ကြောင့်​ မာန်​ထပ်​၍​မေးလိုက်​သည်
"ဘယ်​​နေရာ​နေမ​ကောင်းတာလဲခင်​ဗျ"
"အကုန်​​ကောင်းတယ်​"
"ဒါဆို ဘာလို့ကျွန်​​တော့်​ဆီလာတာလဲ"
"သတိ​ပေးဖို့"
"ဗျာ!!!!ကျွန်​​တေယ်​ခင်​ဗျားကိုမသိဘူး"
"မင်းမသိ​ပေမယ့်​ ငါသိတယ်​ဒုန်း!!!!"
စစ်​ စားပွဲခုံအားလက်​ဖြင့်​ထုလိုက်​ကာ ထိုဆရာ​ဝန်​​ရှေ့ရပ်​လိုက်​၍
"ရင်​ခုန်​သံနဲ့ ​ဝေး​ဝေး​နေပါ"
ထိုလူစကား​ကြောင့်​ မာန်​​ရေရွတ်​လိုက်​သည်
"ရင်​..ခုန်​....သံ"
💭ဒါဆို ညီမ​လေး​ပေါ့ သူကညီမ​လေးရဲ့အသိလား💭
"ညီမ​လေးနဲ့အသိလား"
"ခင်​ဗျားအပူမပါဘူး ခင်​ဗျားအသက်​ခင်​ဗျားနှ​မြောရင်​ ရင်​ခုန်​သံနဲ့​ဝေး​ဝေး​နေပါ"
မာန်​ သည်းခံ​နေရင်းမှ ဘလိုင်းကြီးလာ​ပြော​နေ​သော သူ​ကြောင့်​ ထိုင်​​နေရာမှထလိုက်​ကာ
"ခင်​ဗျားက ဘာအဆင့်​နဲ့ကျွန်​​တော့်​ကိုဒီလိုလာချိန်း​ခြောက်​​နေရတာလဲ ရင်​ခုန်​သံက ကျွန်​​တော့်​ချစ်​သူ ဒါ​ကြောင့်​ သတိ​ပေးလိုက်​မယ်​ ရင်​ခုန်​သံကိုမ​နှောင့်​ယှက်​ပါနဲ့​တော့"
မာန်​ ခပ်​​အေး​အေးပင်​​ပြောလိုက်​​သော်​လည်း မာန်​​ရှေ့မှလူက​ဒေါသထွက်​ကာ
"မင်း!!!!"
စစ်​​ဒေါသတကြီး မာန်​ရဲ့အင်္ကျီစအားဆွဲလိုက်​သည်
သို့​ပေမယ့်​ ထိုဆရာဝန်​ပုံစံက ​ကြောက်​ရွံ့ခြင်းအလျဉ်းမရှိ
ခပ်​​အေး​အေးဖြင့်​သာ
"ထိုးချင်​ထိုးလိုက်​​လေ ဒီ​နေရာက ငါ့​ဆေးခန်း ပြီး​တော့ကိုယ်​ထိလက်​​ရောက်​ကျူးလွန်​မှုနဲ့ ​ရဲစခန်းတိုင်​လို့ရတာ​ပေါ့"
"မင်း!!!!​တောက်​"
မာန်​ပုံစံက ထိတ်​လန့်​ခြင်းမရှိ ခပ်​​အေး​အေးဖြင့်​သာတုံ့ပြန်​လျက်
စစ်​မှာလဲ မာန်​စကားကမှန်​​နေ​သော​ကြောင့်​ မာန်​ရဲ့အင်္ကျီစအားလွတ်​ကာ
"ဒီတစ်​ခါ မင်းပိုင်​နက်​မလို့ မင်းသက်​သာသွားတယ်​မှတ်​ပါ ရင်​ခုန်​သံ​နဲ့အဆက်​အသွယ်​မဖြတ်​ရင်​ မင်းအသက်​ကိုဖက်​နဲ့ထုတ်​ထားပါ"
စစ်​ ထိုဆရာဝန်​အား ချိန်း​ခြောက်​ကာ လှည့်​အထွက်​  
"ရင်​ခုန်​သံရဲ့ ချစ်​သူတစ်​​ယောက်​အ​နေနဲ့ သတိ​ပေးတယ်​.ရင်​ခုန်​သံကိုထပ်​မ​နှောင့်​ယှက်ပါနဲ့"
စစ်​ ထိုဆရာဝန်​အားလှည့်​ကြည့်​ကာ မဲ့ပြုံးတစ်​ချက်​ပြုံးကာ လှည့်​ထွက်​ခဲ့သည်

♡​နောက်​ဆုံးအချစ်​ရဲ့ ရင်​ခုန်​သံစည်းချက်​♡♡  &lt;or&gt; 🍂ချစ်​အတ္တ🍂Where stories live. Discover now