Episode❦ 13 ❦

1.3K 50 0
                                    

♡♡​နောက်​ဆုံးအချစ်​ရဲ့ ရင်​ခုန်​သံစည်းချက်​♡♡
<or>
🍂ချစ်​အတ္တ🍂

Episode❦ 13 ❦

ယွန်းချက်ြ​ပုတ်​ဖို့ အိပ်​ယာကထ​ပြီး မီးဖိုခန်းထဲဝင်​လာ​တော့
သူမထက်​ဦးစွာ ကြို​ရောက်​​နေသူ ရင်
"ဟယ်​ သမီးအ​စောကြီးပါ​ရော"
"ဟုတ်​တယ်​​မေ​မေ မ​နေ့က ထမင်းကျန်​​နေတာနဲ့ သီးစုံထမင်း​ကြော်​ထားတယ်​ကြက်​ဥ​လေး​ကြော်​မလို့​မေ​မေ"
"ရင်​​လေးရယ်​ ဒဏ်​ရာ​တွေ​ရောသက်​သာရဲ့လား"
ရင်​လက်​ကဒဏ်​ရာ​တွေအားကြည့်​ကာ ​မေ​မေ​မေးလိုက်​​သော်
"ရင်​​သက်​သာပါတယ်​​မေ​မေ"
"သမီးကိုကြီးအစား​မေ​မေကပဲ​တောင်းပန်​ပါတယ်​ကွယ်​ ခုတ​လောသမီးကိုကြီးကဘာ​တွေဖြစ်​​နေတာလဲမသိဘူး"
"ရင်​နားလည်​ပါတယ်​​မေ​မေ ကိုကြီးကရင်​ကိုစိုးရိမ်​လို့​ပြောတာ​နေမှာပါ"
"ဟင်းးး"
"​မေ​မေရယ်​ မနက်​​စော​စောစီးစီးစိတ်​ညစ်​ခံမ​နေနဲ့ ဘုရားမရှိခိုးရ​သေးဘူးမလား ရင်​ ဘုရားဆွမ်း​တော်တင်ရ​အောင်ြ​​​ပင်​လာခဲ့မယ်​​လေ"
"​အေးပါကွယ်​"
လိမ်​မာ​ရေးခြားရှိလှ​သော သမီးဖြစ်​သူအားကြည့်​ကာ ယွန်းကြည်​နူးရရင်း

ရင်​တို့မနက်​စာစားအပြီး တံ​တောင်​ဆစ်​နဲ့ဒူးကဒဏ်​ရာ​တွေကို ​ဆေးထည့်​ကာ ​ကျောင်းသွားဖို့ပြင်​ဆင်​ရသည်​​လေ
"သမီး​လေး​ရေ...သမီး"
"ရှင်​​မေ​မေ"
"​ကျောင်းသွားဖို့ပြင်​ဆင်​ပြီးပြီလား ​အောက်​မှာမာန်​​လေး​စောင့်​​နေတယ်​"
မေ​မေ့အသံ​ကြောင့်​ ရင်​ ကပျာကယာဖြင့်​ စာအုပ်​​တွေထည့်​လိုက်​ကာ
"ဟုတ်​​မေ​မေ ပြီးပြီ"
ရင်​ အိမ်​​ပေါ်ကဆင်းလာ​တော့ ဧည့်​ခန်းမှာ ကိုကိုကထိုင်​​နေသည်​​လေ
"ကိုကို အ​ကြောင်းမကြားဘာမကြားနဲ့ပါ​ရော"
မာန်​​လှေကား​ပေါ်ကဆင်းရင်း သူ့အားစကား​တွေ​ပြောလာ​သော ရင်​အားစိတ်​ပူစွာ ထိုင်​​နေရာမှထကာ ရင်​ထံသွားပြီးလက်​ထဲကစာအုပ်​များအားယူလိုက်​သည်
"ကိုကို ရင်​​လေးကိုစိတ်​မချလို့
ဒဏ်​ရာ​တွေ​ရောသက်​သာရဲ့လား"
"ဟုတ်​ကိုကို"
မာန်လက်​တစ်​ဖက်​က စာအုပ်​​တွေကိုင်​လိုက်​ကာ လက်​တစ်​ဖက်​က ရင်​အားတွဲလိုက်​သည်
"ရင်​လမ်း​လျှောက်​နိုင်​ပါတယ်​ ကိုကို"
သို့​ပေမယ့်​ကိုကိုက ရင်​အားလဲကျမှာစိုးရိမ်​ကာ မလွတ်​မ​ပေး
"​မေ​မေ​ဖေ​ဖေ သမီး​ကျောင်းသွား​တော့မယ်​​နော်​"
"သမီးရယ်​ တစ်​ရက်​တစ်​​လေ​တော့​ကျောင်းနားလိုက်​ပါလား"
"​ရင်​အဆင်​​ပြေပါတယ်​​မေ​မေ ပြီး​တော့ကိုကိုကလိုက်​ပို့မှာပဲဟာ"
"သားမာန်​​လေးရယ်​ သမီး​လေးက​တော့တစ်​ရက်​တစ်​​လေ​ကျောင်းနားခိုင်းတာ​တောင်​မရဘူး သားညီမ​လေးကိုဂရုစိုက်​လိုက်​ပါဦး"
"ဟုတ်​ကဲ့ပါ စိတ်​ချပါအန်​ကယ်​အန်​တီ"
"​အေး​အေး သွားကြ​တော့​လေ"
"ဟုတ်​ကဲ့"
မာန် ရင်​အားကားတံခါးဖွင့်​​ပေးလိုက်​ကာထိုင်​​စေပြီး
မာန်​ကား​လေးခြံဝန်းထဲက ထွက်​သွားလျက်​....

♡​နောက်​ဆုံးအချစ်​ရဲ့ ရင်​ခုန်​သံစည်းချက်​♡♡  &lt;or&gt; 🍂ချစ်​အတ္တ🍂Where stories live. Discover now