Episode❦ 26 ❦

1.2K 45 1
                                    

♡♡​နောက်​ဆုံးအချစ်​ရဲ့ ရင်​ခုန်​သံစည်းချက်​♡♡
<or>
🍂ချစ်​အတ္တ🍂

Episode❦ 26 ❦

ရင်​ တခြားသူ​တွေဘယ်​လိုကျန်​​နေခဲ့သည်​ကိုမသိချင်​​တော့ အဝတ်​လဲခန်းထဲ​ပြေးဝင်​လာကာ ရှိုက်​ကြီးတငင်​ငို​ကြွေးမိသည်
"အဟင့်​ဟီး ဘာ​ကြောင့်​လဲ ဟင့်​ ရင်​ကိုကြီးရဲ့အချစ်​​တွေကိုယုံကြည်​​ပေးဖို့ကြံရွယ်​တိုင်းဘာလို့ဒီလိုအဆုံးသတ်​ရတာလဲ အဟင့်​"
မာန်​ သူမ​လေးခန်းမထဲကထွက်​​ပြေးသွားချိန်​ထဲက အ​နောက်​က​ပြေးလိုက်​ခဲ့သည်
သူမ​လေးတခြားတစ်​​ယောက်​နဲ့လက်​ထပ်​သွားတာကိုကြည့်​ရတာ နာကျင်​​ပေမယ့်​လည်း
ငယ်​စဉ်​ထဲက ညီမ​လေးတစ်​​ယောက်​ထက်​ပိုသံ​ယောဇဉ်​တွယ်​ခဲ့ရ​သူဖြစ်​တဲ့ရင်​ရဲ့ လက်​ထပ်​ပွဲကို မဖြစ်​မ​နေတက်​​ရောက်​ဂုဏ်​ပြု​ပေးခဲ့ခြင်း​​​ပင်
နှလုံးသားထဲကနာကျင်​​ပေမယ့်​လည်း သူမ​လေးချစ်​ရသူနဲ့​ပေါင်းဖက်​သွားရတာကို​တော့ ဝမ်းသာမိ၏
သို့​ပေမယ့်​ ခုလိုနာကျင်​​စွာငို​ကြွေး​နေသည်​ကိုမြင်​ရတဲ့အခါမှာ​တော့ ​ဝမ်းသာမ​ပေးနိုင်​​တော့
ဖြစ်​နိုင်​ရင်​ သူမ​လေးအတွက်​အပြုံး​တွေဖန်​ဆင်း​ပေးချင်​​ပေမယ့်
သူမှာအဲ့အခွင့်​အ​ရေးမရှိ​တော့
သူမ​လေး​ဘေးမှာ​တော့ အစ်​ကိုတစ်​​ယောက်​အ​နေနဲ့လိုအပ်​ချိန်​တိုင်းအသင့်​ရှိ​နေ​ပေးမှာပါ
မာန်​ တံခါး​လေးကိုတွန်းဖွင့်​လိုက်​​သည်
"ညီမ​လေး"
မာန်​​ခေါ်လိုက်​​တော့ ငို​ကြွေး​နေမှာမှ အားကိုးတကြီး​မော့ကြည့်​လာ​သော ရင်
"ကိုကို ဟင့်​"
မာန်​ ရင်​အနားတစ်​လှမ်းချင်း​လျှောက်​သွားလိုက်​ကာ
"ကိုကို့ညီမ​လေးအရမ်းလှ​နေတာကို ဘာလို့ငို​နေတာလဲ မိတ်​ကပ်​​တွေပျက်​ကုန်​​တော့မယ်​"
"အဟင့်​ ကိုကို ရင်ဘာလုပ်​ရမလဲဟင်​"
မာန်​ သူမ​လေးပါးပြင်​ထက်​ကမျက်​ရည်​​တွေကို ခပ်​ဖွဖွ​လေးသုတ်​​ပေးကာ
"ဒီ​နေ့ကရင်​​လေးရဲ့ လက်​ထပ်​ပွဲ မငိုရဘူး​လေ"
"ရင်​ အရမ်းရူးမိုက်​တာပဲ အဟင့်​ ရင်​ကိုချစ်​တယ်​လို့​ပြောပြီး ခဏခဏနာကျင်​​အောင်​လုပ်​တဲ့သူကို ရင်​ဘာလို့ချစ်​မိ​နေရတာလဲ"
"ညီမ​လေးရယ်​"
မာန်​ ရင်​အားဂရုဏာမျက်​ဝန်းများဖြင့်​ ကြည့်​လိုက်​ကာ ဘယ်​လိုနှစ်​သိမ့်​ရမယ်​မသိ
"ရင်​​လေ ရင်​​ရှေ့ဆက်​ရမယ့်​ဘဝမှာ ဘာ​တွေရင်​ဆိုင်​ရဦးမှာလဲ ရင်​​ကြောက်တယ်​ကိုကို ဟင့်​ အီး"
မာန်​ ရင်​ပါး​နှစ်​ဖက်​ကိုလက်​ဖြင့်​ကိုင်​လိုက်​ကာ
"ကိုကိုသိတဲ့ ကိုကို့ညီမ​လေးက ဒီ​လောက်​ထိမ​ပျော့ညံ့ဘူး​လေ"
"ဟင့်​ ဒါ​ပေမယ့်​!!!!"
"ကိုကိုယုံတယ်​ ကိုကို့ရဲ့ညီမ​လေးက အရမ်းသတ္တိရှိရဲရင့်​တဲ့​ကောင်​မ​လေးတစ်​​ယောက်​ဒါ​တွေအကုန်​လုံး ရင်​ ​ကျော်​ဖြတ်​နိုင်​မှာကိုကို့ကိုယုံ"
"ဟင့်​!!!!!"
"ကိုကို့ကို ယုံတယ်​မလား ရင်​ဘဝမှာ အဆိုး​တွေအမြဲကြုံ​တွေ့ရမှာမဟုတ်​ဘူး မုန်​တိုင်း​တွေပြီးရင်​ ​လေ​ပြေ​လေညင်း​တွေဆိုတာ လာစမြဲပါ ဒါ​တွေပြီးရင်​ ညီမ​လေးရဲ့ဘဝမှာ​ပျော်​ရွှင်​စရာ​တွေ​ရောက်​လာလိမ့်​မယ်​ အဲ့ကျရင်​ကကံအ​ကောင်းဆုံးမိန်းက​လေးဖြစ်​လာလိမ့်​မယ်​"
မာန်​ သူမ​လေးရဲ့ပါးထက်​မျက်​ရည်​များအားသုတ်​​ပေးကာဆိုလိုက်​​တော့
မျက်​ရည်​စများ ရစ်​ဝိုင်း​နေ​သောမျက်​ဝန်းများဖြင့်ေ​မာ့ကြည့်​လာကာ
"တကယ်​လားဟင်​"
မာန်​ အချိုသာဆုံးပြုံးပြကာ
"တကယ်​​ပေါ့ ညီက ရင်​​လေးကိုအရမ်းချစ်​တာ ခုရင်​​လေးကြုံ​တွေ့​နေရတာက ညီနဲ့ညီမ​လေးကြား ​ကံကြမ္မာကစမ်းသပ်​ကျီဆယ်​တာပါ အချစ်​စစ်အချစ်​မှန်​နဲ့ဆိုရင်​ဘယ်​အရာဝင်​ဖျက်​ဖျက်​ ပျက်​ပြယ်​မှာမဟုတ်​ဘူး"
"ဟင့်​ ရင်​မယုံရဲဘူး"
"ကိုကို့ကို​ရော ယုံတယ်​မလား"
"အွန်း"
"ကိုကိုမလိမ်​ဘူး ရင်​​လေးကိုကို့စကား​တွေယုံ​ပေး"
ရင်​​ခေါင်း​လေးသာညိမ့်​ပြရင်း
မာန်​ နာကျင်​မှုကိုမြိုသိပ်​ကာ အားတင်းပြုံး၍
"ကြည့်​ပါဦး ကိုကို့ညီမ​လေးက အရမ်းလှတာပဲ ကိုကိုမြင်​ဖူးသမျှ သတို့သမီး​တွေထဲမှာ အလှဆုံးပဲ"
ရင်​ ကိုကို့စကား​ကြောင့်​ မျက်​ရည်​များကြားမှပြုံးလိုက်​မိသည်
ကျေးဇူးပဲကိုကို
ရင်​​ဘေးမှာ အမြဲရှိ​နေ​ပေးလို့

♡​နောက်​ဆုံးအချစ်​ရဲ့ ရင်​ခုန်​သံစည်းချက်​♡♡  &lt;or&gt; 🍂ချစ်​အတ္တ🍂Where stories live. Discover now