Episode❦ 5 ❦

1.5K 57 0
                                    

♡♡​နောက်​ဆုံးအချစ်​ရဲ့ ရင်​ခုန်​သံစည်းချက်​♡♡
<or>
🍂ချစ်​အတ္တ🍂

Episode❦ 5 ❦

ကိုကြီးနဲ့ ​မေ​မေ ဘာလို့ရန်​ဖြစ်​ကြမှန်းမသိ​ပေမယ့်​ အဲ့​နေ့ကစပြီး ကိုကြီးအိမ်​ပြန်​မလာတာ ၅ရက်​ပင်​ရှိပြီ​လေ
မေ​မေနဲ့ကိုကြီးက​တော့ ​တွေ့ရင်​သာ တကျက်​ကျက်​နဲ့ရန်​ဖြစ်​ကြတတ်​​ပေမယ့်​ ကိုကြီးမပြန်​လာတဲ့​နေ့တိုင်း မျက်​နှာမ​ကောင်း
ဖေ​ဖေက​တော့ အလုပ်​တွေရှုပ်​​နေကာကိုကြီးအား ဦးဦးမင်းသူဆီမှာလဲ စိတ်​ချပုံ​ပေါ်တယ်​​လေ
မေ​မေက​တော့​နေ့တိုင်း
"သမီးကိုကြီးပြန်​မလာဘူးလား"
ဟူ​၍ ​မေးတတ်​သည်
မေ​မေ့ကို ကြည့်​ပြီး ရင်​စိတ်​မ​ကောင်း​ပေ
ရင်​ အတန်းတင်​စာ​မေးပွဲကြီးနီးလာတာ​ကြောင့်​ ရင်​စာကြည့်​ရင်း ​ပြတင်း​ပေါက်​အပြင်​က ထိန်​ထိန်​သာထွန်းလင်း​နေ​သော လမင်းကြီးအားကြည့်​ကာ အ​တွေး​တွေနယ်​ချဲ့မိ​နေခဲ့သည်
ရင်​ အ​တွေး​တွေကိုရပ်​ကာ နံရံက နာရီကြည့်​လိုက်​​တော့.၁၀နာရီခွဲပြီး​နေပြီ
ရင်​ အိပ်​ရ​တော့မယ်​​လေ
မနက်​ကျ ​ကျောင်းသွားရန်​ ​စော​စောထရဦးမယ်​မလား
ရင်​စာကြည့်​မီး​လေးအားပိတ်​ကာ အိပ်​ယာထက်​လဲ​လျောင်း​ပေမယ့်​ ကိုကြီးနဲ့​မေ​မေအ​ကြောင်း​တွေးမိကာ ​တော်​​တော်​နဲ့အိပ်​မ​ပျော်
ည​တွေညည့်​နက်​သထက်​နက်​လာရင်း
ရင်​ စိတ်​​တွေရှူပ်​​နေလို့လားမသိ အိပ်​​ပျော်​ဖို့ခဲယဉ်း​နေသည်​​လေ
ကိုကို့အ​ကြောင်း​တွေကိုလည်းရင်​​တွေးမိသည်
ကိုကိုနဲ့မ​တွေ့ရတာ ၁လ​ကျော်​ပင်​ရှိ​နေပြီ ကိုကိုက နယ်​​လေးတစ်​နယ်​မှာ ဆရာဝန်​အဖြစ်​သွား​နေရသည်​မလား
"ကိုကိုသာရှိရင်​သိပ်​​ကောင်းမှာပဲ ရင်​ရင်​ဖွင့်​လို့ရတယ်​"
ရင်​ ကိုကို့ဆီphဆက်​လို့ရ​သော်​လည်း မဆက်​ဖြစ်​ခဲ့
ကိုကိုအလုပ်​များ​နေတာကို အ​နှောင့်​အယှက်​​ပေးမိမှာလည်းပူမိသည်
ဒါ​ကြောင့်​ ကိုကိုရင်ဆီကို phဆက်​တဲ့အချိန်​မှပဲစကား​ပြောဖြစ်​ခဲ့သည်
Phဆက်​တိုင်းကိုကိုက​တော့​ပြောပါတယ်​ ရင်​အားတဲ့ချိန်​ဆက်​ဖို့
ကိုကိုကလဲ ​နေ့တိုင်းကျ​မေ​မေတို့ကို အားနာပုံ​ပေါ်သည်​​လေ
ရင်​တစ်​​ယောက်​ ဘယ်​​လောက်​အ​တွေးများ​နေသည်​မသိ
နာရီပင်​တစ်​ချက်​ထိုးပြီမလား
✊ဒုန်း....ဒုန်း✊
ပြတင်း​ပေါက်​အား ​ခေါက်​သံ​ကြောင့်​ ရင်​လန့်​ကာ ကုတင်​​ပေါ်တွင်​ ထိုင်​မိလျက်​သား
ညလဲနက်​​နေပြီ​လေ သူခိုးလားဒါမှမဟုတ်​ သရဲလား
ရင်​စိတ်​ထဲ အနည်းငယ်​ထိတ်​လန့်​​နေခဲ့စွာ ရင်​မီးခလုတ်​အားဖွင့်​ကာ ကုတင်​​ပေါ်က ပန်းအိုး​လေးအားယူလိုက်​သည်
အကယ်​၍ သူခိုးဆိုလျှင်​ အကာအကွယ်​ယူရ​အောင်​လို့ပါ
ရင်​ ပန်းအိုး​လေးအားကိုင်​ကာ ပြတင်း​ပေါက်​အနီးသို့သွားရင်း
"ဘယ်​...ဘယ်​သူလဲ"
တစ်​ဖက်​မှ ပြန်​မ​ဖြေ အသက်​ရှူသံပြင်းပြင်းကိုသာ ကြား​နေခဲ့သည်
ဒါ​သေချာ​ပေါက်​ သူခိုးပဲဖြစ်​ရမည်
ရင်​ လက်​တစ်​ဖက်​ကပန်းအိုးအား ရိုက်​ဖို့​တွေးကာ ​မြောက်​ထားပြီး ကျန်​လက်​တစ်​ဖက်​က ​ကြောက်​​ကြောက်​လန့်​လန့်​ဖြင့်​ ပြတင်း​ပေါက်​အားဖွင့်​လိုက်​သည်
ဝရန်​တာမှာ​ပေါ်လာ​သော အရိပ်​မည်​မည်း​ကြောင့်​ရင်​မျက်​လုံးစုံမှိတ်​ကာ ပန်းအိုးဖြင့်​ ရိုက်​ရန်​ပြင်​လိုက်​သည်
သို့​ပေမယ့်​.ရင်​လက်​အားဖမ်းဆုပ်​ကိုင်​လိုက်​​သော လက်​တစ်​စုံ့​ကြောင့်​ ရင်​လန့်​ကာ အကူအညီ​တောင်းရန်​​အော်​ဖို့ပြင်​လိုက်​​ပေမယ့်
"အ....အု"
ရင်​ပါစပ်​အားပိတ်​ခံလိုက်​ရခြင်းနှင့်​အတူ
"ရင်​"
အသံ​ကြောင့်​ ရင်​လှည့်​ကြည့်​လိုက်​​သော်
"ကိုကြီး"
တကယ့်​ ကိုကြီးမှ ကိုကြီးအစစ်​ပင်
ကိုကြီးက ပြတင်း​ပေါက်​ကို​ကျော်​လာသဖြင့်
"ကိုကြီး ကားနဲ့ပြန်​လာတာမဟုတ်​ဘူးလား"
"အာ့"
ပြတင်း​ပေါက်ေ​ပ်ါက​နေ ခုန်​ချလိုက်​​သော​ကြောင့်​ ဝမ်းဗိုက်​ကဒဏ်​ရာက နာကျင်​သွားသည်
ရာဇ်​ ဒီ​နေ့ညသားစစ်​တို့အဖွဲ့နဲ့ ပြသနာတက်​ခဲ့ကာ အနည်းငယ်​ဒဏ်​ရာရခဲ့သည်​မလား
မွေးစား​ဖေ​ဖေအိမ်​ပြန်​ရင်​လဲ ပြသနာကပိုရှုပ်​နိုင်​သည်​မို့ အိမ်​ပဲမာမီတို့မသိ​အောင်​ပြန်​လာခဲ့သည်​​လေ
"ကိုကြီးအဆင်​​ပြေရဲ့လား"
ရင်​​မေးလည်း​မေးရင်း ကိုကြီးအားဆွဲထူလိုက်​ကာ အခန်းထဲသို့ဝင်​လာခဲ့သည်
ခုနက အလင်း​ရောင်​မှိန်​မှိန်​​ကြောင့်​ ရင်​သတိမထားမိ​ခဲ့​ပေမယ့်​ ခုကိုကြီးရဲ့ အင်္ကျီအဖြူမှာ​သွေး​တွေအပြည့်
"ကိုကြီး ​သွေး....​သွေး"
"ကျွတ်​ တိတ်​တိတ်​​နေ မာမီတို့မသိ​စေနဲ့"
ရင်​မှာ ​ကြောင်​​တောင်​​တောက်​ရပ်​​နေမိသည်​​လေ
ရာဇ်မှာ​တော့ ရင်ကုတင်​​ပေါ်မှာထိုင်​လိုက်​ကာ ​သွေးထွက်​​နေ​သော ဒဏ်​ရာအား​​ဆေးထည့်​ရန်​အင်္ကျီအားချွတ်​လိုက်​သည်
"အာ့ ကျွတ်​ "
ဒဏ်​ရာကသိပ်​မနပ်​​ပါ ရှပ်​ထိသွားသဖြင့်​ ​သွေး​အနည်းငယ်​​တော့ထွက်​​နေသည်​မလား
ရာဇ်​ ရင်​ကိုကြည့်​လိုက်​​တော့ ခုနက​နေရာမှာတင်​မှင်​သက်​စွာ ရပ်​​နေ​သော ရင်​​ကြောင့်
"အဲ့မှာပဲ ရပ်​​နေ​တော့မလို့လား"
"ဟမ်​"
"ငါ့ကို​ဆေးကူထည့်​​ပေး"
"ဟု...ဟုတ်​"
ရင်​ ​ခြေမကိုင်​မိ လက်​မကိုင်​မိဖြင့်​ ဟိုဟာလုပ်​ရမလို ဒီဟာလုပ်​ရမလိုဖြစ်​​နေသည်​ကို.ကြည့်​ကာ
"ဒီတစ်​သက်​ ပြီးဦးမှာလား"
"ဟို...ဟိုရင်​ဘာလုပ်​​ပေးရမလဲဟင်​"
"​ဆေး​သေတ္တာယူခဲ့ ပြီး​တော့အခန်းထဲက အင်္ကျီတစ်​စုံသွားယူ ဘယ်​သူမှမသိ​စေနဲ့"
"ဟု..ဟုတ်​"
"မြန်​မြန်​ယူခဲ့"
ရင်​ ရင်​တုန်​ပန်းတုန်​ဖြင့်​ သွားလိုက်​ရသည်​​လေ

♡​နောက်​ဆုံးအချစ်​ရဲ့ ရင်​ခုန်​သံစည်းချက်​♡♡  &lt;or&gt; 🍂ချစ်​အတ္တ🍂Where stories live. Discover now