Episode❦ 37 ❦

1.2K 32 0
                                    

♡♡​နောက်​ဆုံးအချစ်​ရဲ့ ရင်​ခုန်​သံစည်းချက်​♡♡
<or>
🍂ချစ်​အတ္တ🍂

Episode❦ 37 ❦

"ပန်​ ဒါက အသံသွင်းဌာန"
ပန်​​ရှေ့မှာရှိ​နေ​သော အရာများအားတအံ့တသြဖြစ်​​နေလျက်
ပန်​အတွက်​အိမ်​မက်​လိုပင်​ ပန်​တစ်​ဘဝလုံးဖြစ်​ချင်​ခဲ့တဲ့ ဆန္ဒ​တွေပြည့်​ဝ​တော့မယ်​​လေ
ပန်​သာ ကြိုးစားရင်​ ​အောင်မြင်​မှုက ပန်​လက်​တစ်​ကမ်းအလိုမှာ
"ပန်​ သူတို့နှစ်​​ယောက်​က​တော့ ​စေး​စေးနဲ့ ကီကီတဲ့ မှတ်​ထား​နော်​ ပန်အတွက်​လိုတာ​တွေအကုန်​ သူတို့ကစီစဉ်​​ပေးလိမ့်​မယ်​"
"ဟုတ်​ ​တွေ့ရတာဝမ်းသာပါတယ်​​ရှေ့​လျောက်​ကူညီပါဦး"
ပန်​ Entertainmentက ဝန်​ထမ်း​တွေအားလုံးနှင့်​မိတ်​ဆက်​ရသည်
ပန်​ဒီသတင်း​ကောင်းကို ဦး​လေးကြီးကို​​ပြောပြရင်​ ဦး​လေးကြီးဘာ​ပြောမလဲ သိချင်​ခဲ့​ပေမယ့်
တကယ်​တမ်းမှာ​တော့ မင်းအ​တွက်​ဝမ်းသာပါတယ်​ဆိုတဲ့စကားကလွဲရင်​ တခြားဘာစကားမှ မကြားခဲ့ရ
မေ​မေနဲ့​မောင်​​လေးက​တော့ ပန်​အတွက်​ ဝမ်းသာ​ပေးကြသည်​​လေ

🌟🌟🌟🌟🌟🌟💛💛🌟🌟🌟🌟🌟🌟

ဂျိမ်း ဒလိန်း⚡⚡
မိုးခြိမ်းသံကြီးနှင့်​အတူ လျှပ်​စီးများလက်​ခနဲ
ကြည့်​ရတာ မကြာခင်​မိုး​တွေရွာ​တော့မယ်​နဲ့တူပါနဲ့
ရင်​ လုပ်​လက်​စအလုပ်​များအားချကာ အဝတ်​များအား ရုတ်​ရင်း
"မိုး​တွေ ​မှောင်​မဲ​နေတာပဲ"
ရင်​​ရေရွတ်​လိုက်​ပြီး​နောက်​ ပြတင်း​ပေါက်​နဲ့ တံခါးများကိုပိတ်​ပစ်​လိုက်​သည်
ထို့​နောက်​အခန်းထဲ ပြန်​သွားကာ
လျှပ်​စီး​တွေလက်​​နေသဖြင့်​ကုတင်​​ပေါ်တင်​ထား​သော phoneအားပိတ်​ပစ်​လိုက်​၏

ရာဇ်​ ကား​ပေါ်က​နေ သူမ​နေသည့်​အထပ်​​လေးအား​ငေးကြည့်​​နေစဉ်
ဝေါ☔☔☔
သဲကြီးမဲကြီးရွာချလိုက်​​သော မိုးများနှင့်​အတူ
ဖျပ်​💡
ဘေးပတ်​ဝန်းကျင်​တစ်​ခုလုံးအ​မှောင်​ကျသွားသဖြင့်​ရာဇ်​ သူမ​လေးအတွက်​စိတ်​ပူသွားရသည်
"ရင်​....""
သူမက အ​မှောင်​ဆို အရမ်း​ကြောက်​တာ​လေ
အပြင်​မှာမိုး​တွေရွာ​နေ​သော်​လည်း ဂရုမစိုက်​နိုင်​ ကား​ပေါ်ကဆင်းကာ သူမ​နေသည့်​တိုက်​ခန်းသို့
အခန်း​ရှေ့​ရောက်​​သော်
ဒုန်း......ဒုန်း✊
"ရင်​.....ရင်​!!!!!!"
ရာဇ်​ ဘယ်​​လောက်​​ခေါ်​ခေါ် ပြန်​မထူး​သော ရင်​​ကြောင့်​ ရာဇ်​အသင့်​ပါလာ​သော ​သော့ဖြင့်​ဖွင့်​ကာ ဝင်​လာလိုက်​သည်
တစ်​ခန်းလုံး​မှောင်​မိုက်​​နေသဖြင့်​ လက်​ထဲကphမီးအားဖွင့်​ကာ
"ရင်​ ဘယ်​မှာလဲ"
ရာဇ်​ ဟိုဟိုဒီဒီရှာအပြီး သူမအခန်းထဲမှာလားဟု​တွေးကာ
"အီးဟီး ရင်​​ကြောက်​တယ်​"
အခန်းထဲကအသံ​ကြောင့်​ ရာဇ်​အလျင်​အမြန်​ပင်​တံခါးအားဆွဲဖွင့်​လိုက်​မိသည်
ဂျောက်
LOCKမချထားသဖြင့်​ ဖွင့်​ရလွယ်​ကူ​နေစွာ
ရာဇ်​ အခန်းထဲဝင်​လိုက်​​တော့ ထင်​သည့်​အတိုင်းကုတင်​​အောက်​​ခြေတွင်​ဒူးတုပ်​ကာ ငို​နေ​သော သူမ
မျက်​နှာတွင်​လည်း​ကြောက်​ရွံ့ခြင်းများအပြည့်​ဖြင့်
"ရင်​​ကြောက်​တယ်​ ​မေကြီး ​ဖေကြီးဟင့်​ဟီး ရင်​ကိုမထားခဲ့ပါနဲ့"
ရာဇ်​ သူမအနားထိုင်​ကာ
"ရင်​"
သူမပုခုံး​လေးအားခပ်​ဖွဖွထိလိုက်​​တော့ မျက်​ရည်​​လေး​တွေစိုရွဲ​နေ​သော မျက်​ဝန်းများဖြင့်​ ​မော့ကြည့်​လာကာ
"ကို...ကိုကြီး ဟင့်​"
"ဘာမှမဖြစ်​ဘူး ကိုယ်​ရှိတယ်​"
"ရင်​​ကြောက်​တယ်​ ဟင့်​အီး"
ရင်​ အားကိုးတကြီးကိုကြီးရင်​ခွင်​ထဲသို့ဝင်​မိလိုက်​​သည်
ရာဇ်​ သူမ​ကျောပြင်​​လေးအား ခပ်​ဖွဖွပုတ်​​ပေးကာ
"ကိုယ်​ရှိတယ်​မ​ကြောက်​နဲ့"

♡​နောက်​ဆုံးအချစ်​ရဲ့ ရင်​ခုန်​သံစည်းချက်​♡♡  &lt;or&gt; 🍂ချစ်​အတ္တ🍂Where stories live. Discover now