Episode❦ 27 ❦

1.3K 41 0
                                    

♡♡​နောက်​ဆုံးအချစ်​ရဲ့ ရင်​ခုန်​သံစည်းချက်​♡♡
<or>
🍂ချစ်​အတ္တ🍂

Episode❦ 27 ❦

🐦🦋ကျီ ကျီ ကျီ🐦🦋
နားထဲတိုးဝင်​လာတဲ့ စာက​လေးတို့ရဲ့​အော်​သံများ
အပြင်​မှတိုးဝင်​လာ​သော အလင်း​ရောင်​တို့​ကြောင့်​ ရာဇ်​ အိပ်​​နေရာမှတစ်​ဖက်​သို့​စောင်းလိုက်​ကာ မျက်​လုံးမဖွင့်​ဘဲ လက်​ဖြင့်​​ဘေးကိုစမ်းကြည့်​လိုက်​​တော့ ​အေးစက်​စက်​အထိအ​တွေ့​ကြောင့်
အလိုမကျစွာ မျက်​လုံး​တွေဖွင့်​ကြည့်​လိုက်​သည်
"ကျစ်​!!!!!!ဘာလို့အ​စောကြီးထသွားရတာလဲ"
ရာဇ်​ ကုတင်​​ပေါ်ကဆင်းကာ ​ခြေလှမ်းကြဲကြီး​တွေဖြင့်​ ရင်​အားရှာ​ဖွေ​နေလျက်
အိပ်​တဲ့ချိန်​ သူမ​လေးမျက်​နှာ​လေးကိုတစ်​ဝတစ်​လင်​ကြည့်​ပြီးမှ အိပ်​ချင်​မိသည်
အိမ်​မက်​ထဲထိသူမကိုအပါ​ခေါ်သွားချင်​၏
မနက်​ သူ့မျက်​လုံးနှစ်​လုံးဖွင့်​တဲ့ချိန်​ ဦးစွာမြင်​ချင်​တာကလဲ သူမမျက်​နှာ​လေးကိုပါ.......
ရင်​....ရင်​ နင်​ငါ့ကို​တော်​​တော်​စိုးမိုးထားနိုင်​တာပဲ
ရေချိုးခန်းထဲရှာ​တော့လည်းမ​တွေ့သဖြင့်​ ​အောက်​ထပ်​ကို​ခြေလှမ်းကြဲကြီစဖြင့်​ဆင်းလာရပြန်​သည်
"ရင်​......ရင်​"
ကိုကြီးအသံ​ကြောင့်​ ရင်​မနက်​စာပြင်​​နေရာမှ
"ကိုကြီး ရင်​ထမင်းစားခန်းမှာ"
ရင်​ အသံ​ပေးလိုက်​ရသည်
မဟုတ်​ရင်​ ရှာမ​တွေ့လို့ဆူ​နေဦးမည်​​လေ
ရင်​ ​မေ​မေတို့နဲ့​နေတုန်းကလဲ ​စောထသဖြင့်​ မျက်​လုံးကအကျင့်​ပါ​နေပြီ​လေ
ဒါ​ကြောင့်​ ရင်​​စောထကာ​ကျောင်းသွားဖို့်ပြင်​ဆင်​ပြီး ကိုကြီးနိုးရင်​စားဖို့အဆင်​သင့်​ဖြစ်​​စေရန်​ပြင်​ဆင်​​နေသည်

ကိုကြီး​ခြေသံကြားအပြီး ရင်​အနားကိုလာရပ်​​သောကိုကြီး
ဘာအလိုမကျ​နေမှန်းမသိ မျက်​ခုံးနှစ်​ခုတို့တွန့်​ချိုး​နေစွာ
ရင်​က​တော့ ဘာမှမ​မေးမိ
ဝတ္တရားအတိုင်း
"ကိုကြီးဗိုက်​ဆာ​နေပြီလား ရင်​ပြင်​ဆင်​ပြီးပြီ"
"မင်းကို ဘယ်​သူကထခိုင်းပြီးဒါ​တွေပြင်​ဆင်​​ခိုင်း​နေလို့လဲ"
"ရင်​ နိုး​နေလို့ပါ အိမ်​မှာထမင်းချက်​လဲမရှိ​တော့ ကိုကြီးနိုးရင်​အသင့်​ဖြစ်​​အောင်​ပြင်​​နေလိုက်​တာပါ"
"ဒါ​တွေ မင်းလုပ်​စရာမလိုဘူး"
"ဒီအိမ်​မှာ ကိုကြီးနဲ့ ရင်​နှစ်​​ယောက်​ပဲရှိတာ​လေ ရင်​မလုပ်​လို့ ဘယ်​သူလုပ်​မှာလဲ"
"မင်းပူစရာမလိုဘူး မင်းတာဝန်​က အချိန်​ပြည့်​ကိုယ့်​အနားမှာ​နေ​ပေးဖို့ပဲ"
"..........."
ရင်​ ကိုကြီးကို ဘာမှခွန်းတုံ့ပြန်​မ​ပြောမိပါ
စိတ်​ထဲမှာ​တော့
ကိုကြီး​တော်​​တော်​အတ္တကြီးတာပဲ
"​နောက်​​နေ့ကျ အ​စောကြီးထစရာမလိုဘူးကိုယ်​မထမချင်း ကိုယ့်ေ​ဘးမှာ​နေရမယ်​"
"ရင်​က ​ကျောင်းသွားရဦးမှာ​လေ ကိုကြီးနိုးတဲ့ချိန်​ဆို ရင်​​ကျောင်း​နောက်​ကျမှာ​ပေါ့"
ရင်​ အဲ့လို​ပြောလိုက်​​တော့ ကိုကြီးမျက်နှာကသုန်​မှုန်​​နေကာ
"အဲ့တာဆို အချိန်​နီးရင်​ကိုယ့်​ကိုနိုး"
"ဒါ​ပေမယ့်​ မနက်​စာပြင်​ရဦးမယ်​​လေ"
"ပြင်​စရာမလိုဘူး ဒီ​နေ့ မင်းနဲ့နှစ်​​ယောက်​ထဲရှိ​နေချင်​လို့မလာခိုင်းတာ ​နောက်​​နေ့မိလုံးနဲ့ ကြီးခင်​ တစ်​​ယောက်​​ယောက်​လာလိမ့်​မယ်​"
"သူတို့ကဒီမှာ​နေမှာလား"
"မ​နေဘူး လိုတာလုပ်​​ပေးပြီးပြန်​မှာ"
"ကိုကြီးရယ်​ ရင်​လုပ်​နိုင်​ပါတယ်​ သူတို့လဲလာရပြုရနဲ့ အလုပ်​ရှုပ်​တာ​ပေါ့"
"အဲ့တာ မင်းအ​မေကိုသွား​ပြော သူကဒီမှာ​တောင်​ထားချင်​​နေတာ အဲ့တာမို့ခုလိုကပို​ကောင်းမယ်​ထင်​လို့"
"အင်းပါ"
ရင်​ ဘာမှထပ်​မ​ပြောလို​တော့
အိပ်​ယာထထခြင်း ​လေသံကမာ​နေတာ စိတ်​မကြည်​​နေတဲ့ပုံပင်
ရင်​ တစ်​ဘက်​လှည့်​ကာ မနက်​စာစားရန်​ ပန်းကန်​​တွေချ​နေရင်း
ရာဇ်​ သူမ​လေးကို​သေချာကြည့်​မိလိုက်​သည်
အဖြူရင်​ဖုံး အစိမ်းထမီ​လေးဖြင့်​ ပါးထက်​တွင်​ပါးကွက်​​လေးနှစ်​ဖက်​​နေရာယူထားလျက်
"မင်း.​ကျောင်းသွားမလို့လား"
"ဟုတ်"
"ငါသွားခိုင်းလို့လား အဲ့​ကျောင်းကငါ့ထက်​အ​ရေးကြီး​နေလို့လား"
အိပ်​ယာထထခြင်း စိတ်​ကမကြည်
အချိန်​တိုင်းအတူတူရှိ​နေချင်​လို့မှ လက်​ထပ်​ထားပါတယ်​ဆို
နိုးလာလာခြင်း သူမမျက်​နှာလဲမ​တွေ့ခဲ့ရ
ခုလဲ ကြည့်​ကိုယ့်​မှာ​တော့ ဒီ​နေ့တစ်​ရက်​အတူတူရှိချင်​လို့ အလုပ်​​တွေအကုန်​နားထားရတာ ဒါကို​ကျောင်းကသွားဦးမည်​တဲ့​လေ
"မင်း​ကျောင်းမသွားနဲ့"
"ကိုကြီးရယ်​ ရင်​စာ​မေးပွဲနီး​နေပြီ ဟို​နေ့​တွေကလဲပျက်​ထားတယ်​ ထပ်​ပျက်​လို့မဖြစ်​​တော့ဘူး စာ​တွေလိုက်​မမှီ​တော့ဘူး"
"ဘာဖြစ်​လဲ"
"ဒီ​နေ့ မနက်​ပိုင်းတင်​ အတန်းချိန်​ရှိတာပါ ၁နာရီဆို အကုန်​ပြီးပါပြီ"
"သ​ဘောကွာ သ​ဘော"
ကိုကြီးရဲ့မျက်​နှာက လိုချင်​တာမရလို့ ဂျီကျ​နေသည့်​အလား
ရင်​ပြုံးကာ
"ကိုကြီး Breakfastစားရ​အောင်​​လေ"
"မျက်​နှာမသစ်​ရ​သေးဘူး"
"သွားသစ်​​လေ ရင်​​စောင့်​​နေမယ်​"
"မရဘူး မင်းပါလိုက်​ခဲ့"
"အို....."
ရင်​ လက်​​မောင်းက​နေဆွဲ​ခေါ်သွားသဖြင့်​ ရင်​ကိုကြီး​နောက်​လိုက်​ပါသွားခဲ့ရပြန်​သည်

♡​နောက်​ဆုံးအချစ်​ရဲ့ ရင်​ခုန်​သံစည်းချက်​♡♡  &lt;or&gt; 🍂ချစ်​အတ္တ🍂Where stories live. Discover now