Episode❦ 16 ❦

1.4K 51 0
                                    

♡♡​နောက်​ဆုံးအချစ်​ရဲ့ ရင်​ခုန်​သံစည်းချက်​♡♡
<or>
🍂ချစ်​အတ္တ🍂

Episode❦ 16 ❦

"ကို"
ယွန်း လူနာခန်းထဲတွင်​ထိုင်​​နေ​သော ကိုယ့်​အနားကပ်​ကာထိုင်​လိုက်​သည်
"အ​မေသက်​သာရဲ့လားကို"
"ခါတိုင်းထက်​စာရင်​ မဆိုးဘူး​ပြောရမှာ​ပေါ့ အသက်​အန္တရာယ်​က​နေ လွတ်​သွားတာပဲ ကံ​ကောင်းတယ်​​ပြောရမှာ​ပေါ့"
"........."
"ဒါနဲ့ယွန်း သားနဲ့သမီးဆီphoneဆက်​ပြီးလား"
"ဆက်​ပြီးပြီကို သမီး​လေးနဲ့​တွေ့တယ်​ အဆင်​​ပြေတယ်​တဲ့ ဒါ​ပေမယ့်​ယွန်း​တော်​စိတ်​မချဘူး ကိုလဲသိတဲ့အတိုင်းသားကအိမ်​ကပ်​တာမဟုတ်​ဘူး သားအပြင်​သွားရင်​သမီး​လေးက အိမ်​မှာတစ်​​ယောက်​ထဲ"
"ကိုလဲ​တွေးမိတယ်​ဒီလိုလုပ်​​လေယွန်းအရင်​ပြန်​နှင့်​ပါလား ကိုက​တော့ ​မေ​မေသက်​သာမှပဲ ပြန်​ခဲ့မယ်​ ရတယ်​မလား"
"ရပါတယ်ကိုရယ်​ ယွန်းလဲ​နေချင်​​ပေမယ့်​လည်း​ သမီးကိုတကယ်​စိတ်​မချတာ"
ယွန်း လူကသာဒီမှာဆို​ပေမယ့်​ စိတ်​က​တော့သားနဲ့သမီးဆီမှာပင်
သားက အမြဲအပြင်​ထွက်​​နေတတ်​သူ
အိမ်​မှာမိလုံးတို့ရှိရင်​​တော်​​သေး​ပေမယ့်​ ခုဘယ်​သူမှမရှိ
တော်​ကြာသားအိမ်​ပြန်​မလာတဲ့​နေ့​တွေကျ အိမ်​မှာသမီး​ပျိုတစ်​​ယောက်​ထဲ ​တွေးတိုင်းဘယ်​လိုမှစိတ်​မချ
ဒါ​ကြောင့်​ ကိုအား​နေရစ်​ခိုင်းခဲ့ကာ ယွန်းကဒရိုင်​ဘာဖြင့်​ပြန်​ရန်​စိတ်​ကူးလျက်

~~~°~~~°~~~°~~~°~~~°~~~°~~~

မာန်​ ​​ဒီ​နေ့​နေ့လည်​စာ ​ဖေ​ဖေနဲ့​မေ​မေနဲ့အတူ​နေ့လည်​စာအတူစားရန်​ချိန်းထားသဖြင့်​ ​ဆေးခန်းနားချိန်​ ကားကို​မောင်းကာ ထွက်​လာခဲ့သည်
မာန်​ အမြဲကားကိုပုံမှန်​သာ​မောင်းတတ်​သည်
မာန်​ပုံမှန်​တိုင်းေ​မာင်း​နေရင်းမာန်​ကား​ရှေ့ဖြတ်​​မောင်းဝင်​လာ​သော ကားတစ်​စီး​ကြောင့်​ မာန်​ကားအားတစ်​ဖက်​သို့​ကွေ့လိုက်​ရ၍
မာန်​ကား​လေးက အရှိန်​လွန်​ကာလမ်း​ဘေးရှိသစ်​ပင်​ဆီသို့
ဝုန်း💥
အရှိန်​သိပ်​မများသဖြင့်​ လူက​တော့ဘာမှမဖြစ်​လိုက်​ နဖူးက​တော့​ပေါက်​သွားသည်​​လေ
✊​ဒေါက်​....​ဒေါက်​✊
မာန်​​ကြောင်​​တောင်​​တောင်​ဖြစ်​​နေစဉ်​ ကားတံခါးအား​ခေါက်​လာ​သောသူ​ကြောင့်​ မာန်​ တံခါးဖွင့်​လိုက်​​တော့
မာန်​အားမဲ့ပြုံးပြုံးပြ​နေ​သော ဟို​နေ့ကလူ
ဟို​နေ့က ​ဆေးခန်းကိုလာကာ သူ့အားချိန်း​ခြောက်​သွား​သော လူပင်
စစ်​ နဖူးအနည်းငယ်​​ပေါက်​သွား​သော ထိုဆရာဝန်​အားကြည့်​ကာ
"ဒါအ​သေးစားသတိ​ပေးတာ😏​​နောက်​ခါ ရင်​ခုန်​သံအနားမှာထပ်​​တွေ့ရင်​ ဒီထက်​ပိုဆိုးမယ်မှတ်​"
မာန်​ သူ့အာစချိန်း​ခြေါက်​ကာ ကားအားဒလကြမ်း​မောင်းထွက်​သွား​သော သူအားကြည့်​ကာ ရပ်​ကျန်​​နေခဲ့လျက်
သို့​ပေမယ့်​.သူ့ကိုယ်​သူထက်​ ရင်​အတွက်​သာစိုးရိမ်​​နေခဲ့ရင်း
ထိုလူပုံစံကြည့်​ရတာ ရာဇ်​လိုတဇွတ်​ထိုးသမား
တော်​ကြာရင်​ကိုအန္တရာယ်​ပြုရင်​​ရော????

♡​နောက်​ဆုံးအချစ်​ရဲ့ ရင်​ခုန်​သံစည်းချက်​♡♡  &lt;or&gt; 🍂ချစ်​အတ္တ🍂Where stories live. Discover now