Chapter (0)💘

23.7K 1K 73
                                    

*****ပထမလူ*****
Someone's pov

အချစ်..
အချစ်တဲ့.....
ရိုးရိုးလေးပဲနော်စာလုံးလေးကနှစ်လုံးထဲ..။
စာလုံးလေးကသာရိုးရိုးလေးပေမဲ့ အဲ့အချစ်ကိုခံစားရတဲ့သူတွေကတော့ယဥ်ယဥ်လေးနဲ့ရူးသွားတတ်တယ်တဲ့။

ယုံကြလား??
ကျွန်တော့်ကိုမေးရင်တော့
အင်း..ယုံတယ်ပဲဖြေရမှာပေါ့..

ယုံတယ်ဆိုတော့ ချစ်ဖူးလို့လားတဲ့??
ချစ်ဖူးတာပေါ့...မဟုတ်ဘူး...အခုထိချစ်နေတုန်းပဲဆို ပိုမှန်မယ်....။

ဒါနဲ့စကားမစပ်ဒုတိယဆိုတဲ့ခံစားချက်ကိုခံစားဖူးကြလား?

ပြောရမယ်ဆိုရင်တော့...
မဖြစ်နိုင်တဲ့လူ မဖြစ်နိုင်တဲ့အချစ်ကိုရူးသွပ်ခဲ့မိလို့.....ဘေးနားကပဲငေးရင်းပေးဆပ်ရင်းသေမတတ်ခံစားရင်းနဲ့လေ...။

ဘယ်လောက်ပဲပေးဆပ်ပေးဆပ်ကိုယ်ကသူ့ရဲ့ပထမဦးစားပေးတော့မဖြစ်ခဲ့ပါဘူး...။

ဟက်... ဒါပေမဲ့တော်သေးတယ်ပဲပြောရမှာပေါ့
ပထမမဖြစ်နိုင်ပေမဲ့ ဒုတိယအဖြစ်နဲ့သူ့ရဲ့ဘေးမှာတည်ရှိနေနိုင်သေးတယ်လေ....
ကိုယ်ရဲ့ခံစားချက်တွေကိုဖုံးကွယ်ရင်းနဲ့ပေါ့...
အချို့ကတော့ ရူးမိုက်တဲ့ အလုပ်မျိုးလို့ပြောကြတယ်..
ကျွန်တော် ဂရုမစိုက်ခဲ့ပါဘူး..ချစ်နေရသူက ကိုယ်ပဲမဟုတ်လား..

ခင်ဗျားတို့စိတ်ဝင်စားမယ်ဆိုကျွန်တော်ဇာတ်လမ်းတစ်ခုပြောပြမယ်...
တစ်နည်းအားဖြင့်ကျွန်တော့ရဲ့ဘဝတစ်စိတ်တစ်ပိုင်းလေး..မဟုတ်ဘူး..!
ပြောရမယ်ဆို ကျွန်တော့်ရဲ့ဘဝတစ်ခုလုံးကိုပေါ့ဗျာ.....

1️⃣1️⃣1️⃣1️⃣
********************************
********

Seoul, South Korea

ကောင်းကင်တစ်ခွင်တိမ်စိုင်တိမ်မဲများကနေရယူလေနေပီ။
မနေ့ကသာယာနေသောမိုးကောင်းကင်သည်သူမဟုတ်သယောင်...။
တိမ်စိုင်တိမ်ခဲများကလည်း
အစွမ်းအစ
ရှိသလောက်သူရိန်နေမင်းအားဖုံးကွယ်ထားလေရဲ့...။

ဟူးလ်~~ဒီနေ့လည်းထီးကျန်ခဲ့ပြန်လေပြီ...။

ထီးမေ့ကျန်လျှင် မိုးရွာတတ်သောအကျင့်သည် ဘာမှန်းမသိပေ..

ကျောင်းဂိတ်ဝအားလှမ်းမြင်နေပြီးဖြစ်သဖြင့်ပိုအားစိုက်ကာပြေးလာလိုက်သည်။

I WANT TO BE HIS LOVE (Completed)Where stories live. Discover now