Chapter (25)💘

5.7K 670 133
                                    

Unicode

Jeonနှင့်အတူဖြတ်သန်းလာခဲ့သည့်အချိန်များသည့် ကျွန်တော့်အတွက်တော့ တန်ဖိုးမဖြတ်နိုင်စရာ...။

တစ်လနီးပါးကြာသွားပြီဖြစ်သော
ကျွန်တော်တို့ relationshipသည် နဂိုထက်ပွင့်လင်းမှု..နားလည်မှုများတိုးလာသည်ပင်..

တစ်ခါတစ်ရံလူကြားမရှောင် သူကြားမရှောင် ဖက်နမ်းတက်သောJeonကြောင့် သတိထားရန်ဆူပူရပေါင်းလဲမနည်းတော့ချေ...

အထူးသဖြင့် Taeလေးရှေ့တွင်ဆိုလျှင်ပို၍ ခပ်ခွာခွာနေမိသည်..
ဘယ်လောက်ပဲ Taeလေးဘက်က နားလည်‌ပါတယ်ပဲပြောပြော..ကိုယ့်ရှေ့တွင်ကိုယ်ချစ်ရသူကတခြားတစ်ယောက်နဲ့ရှိနေသည့်ခံစားချက်ကိုအထူးနားလည်ခဲ့သူမလို့..

အိပ်ယာအားနေရာတကျသိမ်းပြီးနောက် လုပ်စရာရှိသည်များကိုမမေ့လျော့စေရန် မှတ်ထားသည့် မှတ်စုစာရွက်လေးများဆီ အရင်သွားကြည့်မိသည်..

ယနေ့ Jeonအိမ်ကိုလာ‌ခေါ်မည်ပဲ..

တစ်စတစ်စပိုပိုမေ့တက်လာသည့်မှတ်ဉာဏ်များသည့် တစ်ခါတရံ မနေ့ကအကြောင်းအရာများကို ယနေ့မေ့လျော့နေသည့်အထိ..

တစ်ခါတစ်ရံကျလျှင်လည်း အကောင်းပင်..။
ဘာမှမဖြစ်တော့သည့်အချိန်များလည်းရှိသည်..။အချိန်တစ်ခုထိပါပဲ..ပြီးလျှင်တော့ jin Hyungတို့ကိုကျိန်းသေပြောပြပေမည်..။

"Morning..hyung..အွန်းလေးရော.."

"morning jimin..အွန်းလေးကအခုထိမထသေးဘူး.."

မနက်စာပြင်နေသည့် jin hyungအားကူညီပေးရင်း..သတိတရစကားစလိုက်မိသည်..

"ဒါနဲ့ hyungဒီနေ့ဘယ်သွားစရာရှိသေးလဲ.."

"မရှိဘူး..ဒီကျောင်းပိတ်ရက်တော့ အိမ်မှာနားမလို့..မင်းရော.."

"ဟီးးဒီနေ့ jungkookနဲ့ချိန်းထားတယ်.."

အူမြူးစွာ‌ပြုံးပြီးပြောလိုက်တော့..တော်တော်ဖြစ်နေ ဟူသည့်အကြည့်နဲ့လှမ်းကြည့်လာလေသည်..။

Jeonနဲ့စတွဲပြီးနောက်နှစ်ရက်နေတော့
hyungတို့ကိုအကြောင်းစုံဖွင့်ပြောခဲ့သည်..။

'မင်းသာပျော်တယ်ဆိုငါလည်းကျေနပ်ပါတယ်'ဟုပြောလာခဲ့သည့် jin Hyungသည်လုံးဝအံ့ဩဟန်မရှိ..
အွန်းလေးကတော့ Jeonကိုခြိမ်းလားခြောက်လားနှင့် အာဏာပြလိုက်သေးသည်..

I WANT TO BE HIS LOVE (Completed)Where stories live. Discover now