Chapter (16)💘

5.5K 695 84
                                    

Unicode

တည်ငြိမ်နေတဲ့ ရေကန်ထဲကရေရယ်..
လှုပ်ရှားမှုဖြစ်အောင်စွမ်းဆောင်လိုက်တဲ့ ကျောက်ခဲငယ်ရယ်...
ဒီလောက်ဆို ဂယက်ထဖို့လုံလောက်သွားရောမလား...?
ကျွန်တော့်အတွက်တော့
ကျွန်တော်ရင်တွေ ဂယက်ထဖို့ သူရဲ့အပြုံးလေးနဲ့ဂရုစိုက်မှုလေးပဲလိုခဲ့တယ်...
တဖြည်းဖြည်း ညင်းပြီး တိုက်စားနေသလိုပေါ့....

          ❇️❇️❇️❇️❇️❇️❇️❇️❇️❇️❇️❇️❇️

အချိန်တွေတစ်ရက်ပြီး တစ်ရက်ကုန်ဆုံးလာခဲ့ပြီး တစ်လတောင်ကြာမြင့်ခဲ့ပေပြီ..
အထွေထွေအထူးထူးပြောင်းလဲဝာာတော့မရှိပေ ကျွန်တော့်အပေါ်အနည်းငယ်ဂရုစိုက်သွားလိုက် ပြန်ဖယ်ခွာသွားလိုက်နှင့် Jeonကပြုမူမြဲပေ..
သူငယ်ချင်းဆိုတဲ့စည်းလေးကတော့အဓိကပေါ့...

ပြောင်းလဲလာတာလေးကတော့ အခြားမဟုတ် ကျွန်တော်ကိုယ်တိုင်ပင်...

မဖြစ်နိုင်တာကိုပိုရူးသွပ်လာသည်..
တစ်ယောက်ထဲပိုနေတတ်လာသည်..ကဗျာ‌တွေဖွဲ့နွှဲ့တတ်လာသည်..နောက်ဆုံး....
ပိုပြီးမေ့တတ်လာသည်..

ကျောင်းမှစာများရေးလက်စစာအုပ်လေးကိုပိတ်ပြီးနာရီကြည့်လိုက်တော့မနက် ၈နာရီကျော်နေလေပြီ..။

ထို့ကြောင့် အပြင်ထွက်ရန် အဝတ်အစားလဲလိုက်သည်..
တူတူလျှောက်လည်ကြရန် သုံးယောက်သားချိန်းထားသောကြောင့်ပင်...

ကျောင်းပိတ်ရက်လေးဖြစ်တာကြောင့်..ရုပ်ရှင်လည်းကြည့်ရင် လျှောက်လည်ကြမည်ဟု အတင်းအဖော်ဆွယ်လာသော Taeနှင့်Jeonကြောင့် အခုလိုပြင်ဆင်နေရခြင်း

အပိုလူဖြစ်နေ‌မည်စိုးသဖြင့် မလိုက်ချင်ပါဘူးငြင်းချင်သော်လည်း..
‌လိုက်ခဲ့ပါနော် ဟူသော မျှော်လင့်ချက်‌မျက်ဝန်းလေးနှင့် လူသားနှစ်ယောက်ကြောင့် လိုက်ဖို့ဆုံးဖြတ်လိုက်ရသည်..

ဝတ်နေကျအတိုင်း T-shirtဆင်စွယ်ရောင်လေးကို ဘောင်းဘီstyle pantsအနက်လေးနှင့်တွဲဝတ်လိုက်သည်...
ဆံပင်လုံးလုံးလေးကိုဘီးဖြင့်ဖီးမနေတော့ပဲ..လက်ဖြင့်သာသပ်ပြီးဖီးလိုက်သည်...

အခြားအပိုပစ္စည်းများထည့်ရန်မလိုတာကြောင့် ဖုန်းနှင့် ပိုက်ဆံအနည်းငယ်ယူပြီး အောက်ထပ်သို့ဆင်းလာခဲ့သည်...

I WANT TO BE HIS LOVE (Completed)Where stories live. Discover now