Chapter (26)💘

5.2K 632 167
                                    

Unicode

မနေ့ကjin hyungအား အိမ်တွင်ပစ်ထားပြီး တစ်နေ့လုံးJeonနှင့် Dateထားတာကြောင့် ယနေ့တော့အိမ်တွင်ငြိမ်နေမိသည်...

နေ့လည်ကျလျှင်လည်း cafeဆိုင်တွင် အချိန်ပိုင်းအလုပ်ရှိသေးသည်မလို့ မနေ့ကလျှောက်လည်ထားသမျှ
jin hyungအားမျက်နှာချိုသွေးသည့်အနေဖြင့် အိမ်အလုပ်များကူလုပ်ပေးနေ
လိုက်သည်..။

"ဒါလေးကိုရေခဲသေတ္တာထဲထည့်ပေးဦး jimin..မနက်ဖြန်ကျရင် joonကိုလည်း ပေးရမယ်.."

Kimchi ဗူးအား ရေခဲသေတ္တာထဲထည့်ခိုင်းရင်း သူ့ချစ်ချစ်ကိုပေးဖို့အတွက်ပါ ခွဲတမ်းချနေသည်..။

"Namjoon hyungဒီနေ့မလာဘူးလား Hyung..?
အရင်ကဆိုဒီအချိန် သူ့ပစ္စည်းဖျက်ဆီးသံတွေ hyungရဲ့အော်သံတွေကြားနေရပြီ.."

"အင်း..သူရဲ့LAက‌ရောက်လာတဲ့သူငယ်ချင်းနဲ့လျှောက်လည်ပေးရမှာမလို့တဲ့.."

"တစ်ရက်မလာတော့လည်း တစ်ရက်ပစ္စည်းဝယ်ရသက်သာပါတယ်.."

"ဒီခလေး..အကြီးကိုမလေးမစားနဲ့..မတော်တဆဖြစ်သွားတာပါတဲ့ကွာ.."

အဲ့ဒါပြောတာ သူ့လင်ထိတော့စပ်စပ်ထိမခံ ပြာပြာသလဲလဲ ပြန်ဖြေတာဆိုတာ အားပါပါနဲ့ လက်ထဲက ဒယ်ပြားကြီးကဟိုရောက်ဒီရောက်..

"ဟုတ်ပါပြီ ကျွန်တော်ကရော ဘာပြောလို့တုန်း...ပြီးတော့ဒယ်ပြားကြီးချထားစမ်းပါ hyungရာ..
ဘယ်အချိန်ထိ မလဲပဲကြည့်နေရတယ်.."

ထိုအခါမှ လက်စွဲတော်ဒယ်ပြားအား မီးဖိုပေါ်တင်ပြီး စချက်ပြုတ်တော့သည်...။
ပါးစပ်ကလည်း တစ်ယောက်တည်းပွစိပွစိပြောနေသေး..

နေ့လည်အချိန်ပိုင်းအလုပ်ရှိသေးတာကြောင့် မနက်စာအနေနဲ့ နွားနို့နှင့်မုန့်သာစားလိုက်သည်..
အလုပ်မသွားခင်ထမင်းစားရဦးမှာဆိုတော့ ‌ရင်သိပ်မပြည့်စေရန် ယခုမနက်တော့နွားနို့ပဲသောက်ထားမှဖြစ်မည်လေ...။

မနက်စာစားသောက်ပြီးနောက် ကိုယ့်အခန်းသို့ကိုယ်ပြန်လာကာ အလုပ်ရှုပ်ရပြန်သည်..။
အခန်းမရှင်းရသေးသည်မှာ နှစ်ပတ်ပင်ပြည့်တော့မည်မဟုတ်ပါလား..

အွန်းလေးကသူ့ရဲ့ပစ္စည်းများအားသူ့အခန်းသူပြန်ယူသွားလို့တော်သေးသည်..မဟုတ်လျှင် သူလာလာမွှေတာနဲ့ ရှင်းလို့ရမည်ကိုမဟုတ်..

I WANT TO BE HIS LOVE (Completed)Where stories live. Discover now