Chapter (24)💘

5.9K 758 145
                                    

Unicode

"jungkookလို့..မင်းကလည်းဘာဖြစ်နေတာလဲ.."

"ဘာမှမဖြစ်ပါဘူးဆို Minရာ..."

မျက်လုံးချင်းဆုံအောင်တောင် မကြည့်ပဲ ဟိုရှောင်ဒီရှောင်ဖြင့် စကားပြန်ပြောနေသည့် Jeonက
ခုနမျက်ရည်ကျမိသည့်အတွက် ရှက်နေခြင်းဖြစ်ပါသတဲ့...

Cable carပေါ်ကဆင်းကတည်းက ခေါင်းကြီးငုံ့လျက်..
သူဘာသာသူငိုပြီး အခုမှ ရှက်လို့မျက်လုံးချင်းတောင်ဆုံအောင်မကြည့်တော့...
ရဲတင်းလွန်းရင်လည်းနှစ်ယောက်မရှိသည့် Jeon...
ရှက်ရွံ့တွန့်ဆုတ်နေရင်လည်း သူ့အပြင်နှစ်ယောက်မရှိ..

"တော်ပြီ!..ငါပေးတဲ့အဖြေပြန်သိမ်းတယ်..အဖြေပေးပြီးရှက်ရမှာက ငါပါ..
တကယ်ထဲမှပဲ..ခုနအဖြေပြန်သိမ်းတယ်..
သွားနှင့်ပြီ!..နောက်ကလိုက်ချင်လိုက်ခဲ့!!.."

တစ်ယောက်ထဲ အတွေးလွန်နေသူကြီးအား ထားခဲ့ကာအရှေ့မှ ထွက်လာတော့ သဲကြီးမဲကြီး ပြေးလိုက်လာပြန်သည်..။

"Min..နော်..
မရဘူး အဖြေဆိုတာ ပစ်စလက်ခတ်ပေးလို့ရတာမျိုးလား..ပေးပြီးပြန်မယူရပါဘူး..ပြန်ယူရင် တစ်ခါထဲဖက်နမ်းမှာ.."

ထစ်ခနဲရှိ ဖက်နမ်းမယ်ဆိုတာကြီးနှင့် ခြိမ်းခြောက်နေသည့် Jeonကို မျက်စောင်းသာကျွေးခဲ့လိုက်တော့သည်..

ထိုအခါမှ လက်ကိုဆုတ်ကိုင်ကာ ဘေးချင်းယှဉ်လျက်လျှောက်ခဲ့သည်..။
ယုန်သွားလေးများနှင့် ပြုံးနေသော Jeonရဲ့ လက်ကို ဒီတစ်ခေါက်တွင်တော့ တရားဝင်ကိုင်ခွင့်ရခဲ့လေပြီ..

ယခုကျတော့လည်း ခုနရှက်နေခဲ့သည်မှာ သူမဟုတ်တော့သလို ဘေးနားကနေ လက်ကိုကိုင်ကာ စကားများနေပြန်သည်..။

"Min..ဒီမှာကြည့်စမ်း..ချစ်စရာလေးတွေ ကိုယ်တို့လည်းသော့ချိတ်ရအောင်.."

သော့ရောင်းသည့်ဆိုင်အတွင်းမှ ယုန်ပုံလေးနှင့် ဘဲပေါက်ပုံ သော့တွဲလေးကိုလက်ညှိုးထိုးပြကာ ပြောလာသည်..။

"လာပါ..Minရာ..ပထမဆုံးစတွဲတဲ့နေ့ထဲက ထာဝရဖြစ်သွားအောင်သော့လေးတွေချိတ်ကြတာပေါ့.."

"ဟွန်း..ဘာမှလည်းမဆိုင်ဘူး.."

"Min..ကိုရီးယားလူမျိုးဖြစ်ပြီး ဒါတော့မသိဘူးလို့မပြောနဲ့နော်..
ဒီNamsan towerမှာ သော့လေးတွေချိတ်ရင် အဲ့ချစ်သူနှစ်ယောက်က ဘယ်လောက်ဝေးဝေး နှလုံးသားချင်းနီးနေဦးမှာတဲ့.."

I WANT TO BE HIS LOVE (Completed)Where stories live. Discover now