Chapter (4)💘

5.8K 708 50
                                    

Unicode

ပိုချစ်တဲ့သူကပိုနာကျင်ရတယ်တဲ့....Jeon..
ကျွန်တော်ပိုချစ်ရတဲ့...မဟုတ်ဘူး...ကျွန်တော်ကပဲချစ်နေရတဲ့သူဆိုတော့...
ကျွန်တော်ပဲနာကျင်ရမယ်မှန်းသိရက်သားနဲ့ရှေ့ဆက်တိုးခဲ့တယ်Jeon...

**********************************
ယနေ့မနက်ကျွန်တော်ကျောင်းသို့‌
ရောက်ချိန်နောက်ကျခဲ့သည်.....တမင်တကာနောက်ကျမှလာခြင်းဆိုပိုများမှန်နေရော့မလား....။

မနေ့တစ်နေ့ကမှရခဲ့သည့်...စိတ်ထဲရှိဒဏ်ရာအသေးလေးကြောင့်...Jeonနဲ့မ‌တွေ့အောင်နောက်ကျမှလာခြင်းဖြစ်သည်...။

ထို့ကိစ္စနှင့်ပတ်သတ်ပြီးJeon..ကိုစိတ်လည်းမတိုသလို....စိတ်လည်းမဆိုးပါ..အကယ်၍Jeonသာတစ်ခုခုဖြစ်သည်ဟု သတင်းကြားလျှင်...ကျွန်တော်လည်းထိုသို့ပင်ပြုမူပေလိမ့်မည်...

ဘယ်သူမဆို...ကိုယ်ချစ်တဲ့လူ တစ်ခုခုဖြစ်သွားသည်ဆိုလျှင်...စိတ်ပူကြမှာ....အမှန်မဟုတ်ပါပေလား...

Jeonအပေါ်စိတ်မဆိုးသော်လည်း...စိတ်မကောင်းတော့ဖြစ်မိသည်...

ကိုယ်ချစ်ရတဲ့သူကကိုယ်အပေါ်ခံစားချက်မရှိဘဲ တစ်ခြားတစ်ယောက်ပိုချစ်နေတယ်ဆိုတဲ့ခံစားချက်ကနာကျင်လွန်းလှသည်....

ထိုခံစားချက်ကို....ခံစားဖူးသူတွေသာသိပါလိမ့်မည်....
ထို့နေ့က..ကိုယ်ချစ်တဲ့သူက...အခြားတစ်‌ယောက်ကို...ဂရုစိုက်ပေး
နေတာသိရတာကြောင့်ဝမ်းနည်းစိတ်များသာတိုးခဲ့ရသည်....

ထို့ကြောင့် ယနေ့Jeon..နဲ့မတွေ့ရလေအောင်နောက်ကျမှလာခြင်းဖြစ်သည်...Jeon..ကကျောင်းကို
အစောကြီးလာတတ်သည်မဟုတ်ပါလား...

သို့သော်..ကံတရားဆိုသောအရာသည် နည်းနည်းမှအကျင့်ကောင်းသည်အရာမဟုတ်.....
အရင်ကတွေ့ချင်လွန်း၍....မျှော်နေပြီဆိုလျှင်...
လွဲသည်ကများသည်...

အခုတော့မျက်နှာချင်းမဆိုင်ချင်သေးလို့...တမင်နောက်ကျမှလာကာမှ...ထိပ်တိုက်တိုးလေသည်....

ကြည့်ရတာ.. Jeonလည်းTaeလေးကိုပြုစုပေး‌ေနရသဖြင့်နောက်ကျနေခြင်းဖြစ်ပါလိမ့်မည်....

မမြင်ချင်ယောင်ဆောင်ကာ...အရှေ့မှအရင်ဝင်သွားလိုက်သည်.....သို့သော်သူကကျွန်တော်ကိုမြင်သွားပုံရသည်....

I WANT TO BE HIS LOVE (Completed)Where stories live. Discover now