Chapter (21)💘

5.9K 692 87
                                    

Unicode

ညရဲ့ လမ်းမီးတိုင်လေးအောက်ရှိ
တလက်လက်တောက်ပနေသည့် မျက်လုံးဝိုင်းဝိုင်းလေးသည် အလွန်အန္တရာယ်များသည့် မာယာထောင်ချောက်ငယ်ပင်..

တစ်ခါစီးမြောပြီးလျှင် ပြန်မရုန်းထွက်နိုင်တာမျိုး..

မူးရစ်ပြီး ပြောချင်ရာ ပွစိပွစိပြောနေသည့် မှဲ့နက်လေးအထက်က နှုတ်ခမ်းငယ်မှ ထွက်လာသည့်စကားများက ပရမ်းပတာ..တောင်စဉ်ရေမရတွေချည်းသာ..

သို့ရာတွင် ညှို့ဓာတ်ပြင်းသော မျက်ဝန်းလေးများနှင့် စိုက်ကြည့်ပြီး နှုတ်ခမ်းပါးငယ်လေးမှ စကားပြောထွက်လာသောအခါ..
လိုက်ဖက်သည့်ပေါင်းစပ်မှု နှစ်ခုသည် ကျွန်တော့်အားကျောက်ရုပ်ဖြစ်စေခဲ့သည်..

ထိုပရမ်းပတာ အမူးသမားလေးနှုတ်ခမ်းမှထွက်ကျလာသည့်

"နာ မင်းရဲ့ နှုတ်ခမ်းလေးကို နမ်းကြည့်ချင်တယ် ဒီမင်ရှီ.."

ဟူ‌သော အာလေးလျှာလေး စကားသံလေးအဆုံး ရင်ခုန်လွန်း၍ပဲလား သခင့်ရဲ့အနမ်းကိုလိုချင်နေသည့် ပြောစကားနားမထောင်သည့်..နှလုံးသားငယ်ကြောင့်လားတော့မသိ..လှုပ်ရှားဖို့ပင်မေ့နေခဲ့သည်..

အကြည့်ချင်းဆုံနေခဲ့သည် မျက်ဝန်းတစ်စုံမှ တဖြည်းဖြည်းနီးကပ်လာသည့်အခါ..မျက်လုံးများ ပိတ်ချတော့မတတ်ပေ..

အရပ်အနည်းငယ်နိမ့်နေသော ကျွန်တော့်ကြောင့် အနည်းငယ်ငုံ့ကျလာသည့် Jeonရဲ့မျက်နှာငယ်..
ပို၍နီးကပ်လာလေ ရင်ခုန်သံများပို၍ မြန်လာလေပင်...

သို့ရာတွင်..မူးနေသောJeonက ပုံမှန်အသိစိတ်ရှိပါ့မလား..?
Taeလေးနှင့်များမှားနေသည်များလား ဟူသော အတွေးကြောင့် လက်မအနည်းငယ်အလိုတွင် ခေါင်းကိုရှောင်ထွက်လိုက်သည်..

စူပုတ်သွားသော Jeonရဲ့မျက်နှာကိုသေချာမြင်လိုက်ပါသေးသည်...သို့ရာတွင် ကိုယ့်ရဲ့first kissကိုလူမှားနမ်းမိသည်ဟု ခေါင်းစဉ်အတပ်မခံချင်ပါ..

"Jungkook...ငါTaeလေးမဟုတ်ဘူး!.."

အသိဝင်စေရန် ထိုစကားလေးပြောပြီး မူး‌နေသည့်Jeonရဲ့လက်ကို‌ဘေးဘက်မှလှမ်းတွဲပေးလိုက်သည်..မဟုတ်လျှင် ယိုင်လဲကျသွားလိမ့်မည်ပင်..

I WANT TO BE HIS LOVE (Completed)Where stories live. Discover now