Chapter (11)💘

5.5K 641 97
                                    

Unicode

နားမလည်ဘူး...
တစ်ခါတလေကျရင်တကယ်မနားမလည်နိုင်ဘူး ကံကြတရားဆိုတဲ့အရာကိုရော...Jeonဆိုတဲ့သူ့ကိုရော...

             ✴️✴️✴️✴️✴️✴️✴️✴️✴️

ရှင်းမင်ဝူအား လက်ဆွဲနှုတ်ဆက်ရန်အလုပ်တွင်..လမ်းတစ်ဝက်မှာပင်လှမ်းဟန့်တားခံလိုက်သည်...
တရားခံကတော့ ‌ကျွန်တော်မေ့ဖို့ကြိုးစားမည်ဟုကြွေးကြော်နေသော Jeonပင်...

“မလိုဘူး...!!!Minမှာငါတို့ရှိတယ်..သူငယ်ချင်းလိုချင်ရင်အခြားသူကိုသွားရှာလိုက်...!!!”

ခက်ထန်စွာပြောလာတဲ့ jungkook...က တစ်စုံတစ်ရာကိုထပ်ဆုံးရှုံးရမှာကြောက်သည့်...အရိပ်အယောင်များမျက်ဝန်းထဲတွင်မြင်နေခဲ့ရသည်....။

“ဟက်.!!Jeon jungkook..မင်းအရင်အတိုင်းပါပဲလား...
နေရာတကာမှာဆရာကြီးဝင်လုပ်တတ်တဲ့ အကျင့်ကတော့ပျောက်မသွားဘူးနော်...”

ခပ်ရွဲ့ရွဲ့ ပြုံးရင်းပြောလာသည့်ပုံက လူကိုမထိတထိစနောက်နေသလိုမျိုးပင်...။

“ငါ့ဘာသာဘယ်လိုဖြစ်ဖြစ်မင်းအပူမပါဘူး...!! မင်းMinရဲ့အနားကနေဝေးဝေးနေ‌ပေးပါ...!!”

“ဟက်...ဒါကတော့ငါ့စိတ်နဲ့ငါလေ..ဘာလဲမင်းကMin Arr..တုန်းကလိုဖြစ်မှာကြောက်နေတာလား...??”

မင်အာဟူသည့် နာမည်ကြားသည်နှင့် Jeonပုံစံမှာ...
ဘာကိုဒေါသထွက်သွားသလဲတော့မသိ..လက်သီးဆုတ်ထားသည်မှာအကြောများပင်ထောင်နေလေပြီ....။

“မင်းအဲ့အကြောင်းတွေပြန်ဆွဲမထည့်နဲ့..!!!..”

“ဟက်...မင်းကြောင့်သေ
ခဲ့ရတာလေ..အခုမှဘာလို့ အရူးကွက်နင်းနေတာလဲ..!!!..”

ဒေါသထွက်စွာဖြင့် လေသံမြင့်လာခဲ့ Shin Min Woo...
သူ့တို့နှစ်ယောက်ကြားမှာဘာကိစ္စတွေရှိနေတာလဲ..??Min Arrဆိုတာကရော ဘယ်သူလဲ...ဧကန္တ..ပင်လယ်မှာတုန်းက ပြောခဲ့တဲ့ သူမ ဆိုတာလား....??
(မမှတ်မိရင်..Chapter 7မှာပါပါတယ်ရှင်..)

ခေါင်းထဲတွင် question markများစွာကနေရာယူနေ‌သည်..Taeလေးလည်းထိုကဲ့သို့ပင်ဖြစ်မည်ပင်...

“အေး..ဒီတစ်ခုတော့သိထား‌ပေး..
မင်အာသေရတာ ငါ့ကြောင့်ဆိုရင်...
သတ်လိုက်မိတာဘယ်သူဆိုတာ မင်းကိုယ်မင်းသိမှာပေါ့...”

I WANT TO BE HIS LOVE (Completed)Where stories live. Discover now