Chapter (13)💘

5.3K 746 110
                                    

Unicode

ညကောင်းကင်က ကြွေကျသွားခဲ့တဲ့ ကြယ်လေးတစ်ပွင့်..။
ထိုကြယ်လေး ကောင်းကင်ပေါ်မှာပြန်လည်တည်ရှိဖို့ဆိုတာဖြစ်နိုင်ပါ့မလား..??
သေချာတာကတော့မဖြစ်နိုင်လောက်ဘူးပေါ့ ...
ဒါပေမဲ့ခေါင်းမာပြီးအစွဲအလမ်းကြီးတဲ့ ကြယ်ပွင့်လေးက နောက်တစ်ဖန်ပြန်ဝင်စားပြီး သူ့ချစ်တဲ့ကောင်းကင်ကြီးဆီပြန်သွားခဲ့တယ်တဲ့...။

               🌠🌠🌠🌠🌠🌠🌠

ခုနကသွေးပူနေတုန်းမလို့ နာကျင်ရမှန်းမသိခဲ့သော ခြေထောက်တစ်စုံသည်..ယခုတော့ ထောက်မရအောင်တဆစ်ဆစ် နာကျင်လာသည်..။

အရူးတစ်ယောက်လိုပြေးလာခဲ့ပြီးမှ ရလာခဲ့တာက..နာကျင်မှုတဲ့လား..??
မချစ်‌တော့ပါဘူးဆိုပြီး အကြိမ်ကြိမ်တင်းခံခဲ့တယ်..။
ဒါပေမဲ့ သူဒဏ်ရာရနေတယ်ဆိုတဲ့..စာစုလေးတစ်ခုက ကျွန်တော့်ရဲ့တင်းခံမှုတွေကိုဖျက်ဆီးပစ်ခဲ့တယ်တဲ့...။

ငိုပါများလာပြီး..ခေါင်းတွေလည်းထိုးကိုက်လာခဲ့သည်..။
ပတ်ဝန်းကျင်ကိုအကဲခတ်တော့မှောင်စပြုနေပေပြီ..။

မျက်နှာပေါ်မှ မျက်ရည်စက်လေးများကိုသုတ်ပြီး ဘေးနားက‌ ကလေးစီးလျှောလေးကိုကိုင်ကာအားပြုရင်း မတ်တပ်ရပ်လိုက်သည်...။
အချိန်နောက်ကျနေပြီမဟုတ်ပါလား အိမ်မှာhyungတို့မျှော်နေရောပေါ့...။

သို့ရာတွင်....
‌အိမ်ပြန်မည်ဟု စဉ်စားလိုက်တော့မှ ကျွန်တော့်ခေါင်းထဲဝင်ရောက်လာသည့် မေးခွန်းလေးကတစ်ခုထဲပင်...

*အိမ်..!!??ငါအိမ်ဆိုတာကဘယ်‌နေရာမှာရှိတာလဲ..??*

စဉ်းစားလေ ခေါင်းတွေထိုးကိုက်လာလေဖြစ်သည်...။
မှတ်ဉာဏ်ထဲပေါ်လာသည့် Taeနှင့် Jeonရဲ့ပုံရိပ်များက ပိုနှိပ်စက်လာသည်...။

"အားး!!ဘာတွေလဲ ဘာလိုငါမမှတ်မိရတာလဲ.."

ကျွန်တော်ဘာမှမတွေးနိုင်တော့..ကျွန်တော်ရူးသွားချင်လာပြီ..အိမ်ပြန်လမ်းကိုတောင်မမှတ်မိတာ..ငါခေါင်းလည်းသုံးမရတော့ဘူးပဲ..

ယခင်ကလျှောအောက်ထဲကိုပဲဝင်ထိုင်နေလိုက်တော့သည်..
ဒူးခေါင်းနှစ်ဖက်ကိုလက်ဖြင့်ပိုက်ကာ လာခေါ်မဲ့တစ်စုံတစ်ယောက်ကိုစောင့်မျှော်နေမိသည်...။

I WANT TO BE HIS LOVE (Completed)Where stories live. Discover now