Chapter (12)💘

5.8K 687 234
                                    

Unicode

ပင်လယ်ရေဆိုတာ ဘယ်တော့မှလမင်းရဲ့ဆွဲငင်မှုစက်ကွင်းအောက်ကမလွတ်နိုင်ခဲ့ဘူး...
ဘယ်လောက်ပဲများပြားတဲ့ရေပမာဏပဲဖြစ်ပါစေ..လမင်းရဲ့ဆွဲငင်အားကိုမလွန်ဆန်နိုင်တာ‌ကြောင့် ဒီရေအတက်အကျဆိုတာရှိနေတာမဟုတ်ပါပေလား...

         *_*_*_*_*_*_*_*_*_*_*_*_*
        
ပျော်ရွှင်မှု...ဝေခွဲမရဖြစ်မှု...စိတ်မပြတ်သားမှု...နောက်ဆုံးအတ္တကြီးမှု...
ဒါတွေကအခုလောလောဆယ်ကျွန်တော့်စိတ်ထဲမှာဖြစ်နေတဲ့အရာလေးတွေပေါ့....

Jeonကတကယ်အန္တရာယ်များတဲ့လူတစ်ယောက်ပဲ...သူ့ကိုရှောင်လေပိုနီးလေ..
သူ့ဘက်ကမရည်ရွယ်ပေမဲ့..သူလုပ်လိုက်တဲ့လုပ်ရက်လေးတစ်ခုက ကျွန်တော့်အပေါ် နှစ်ဆတိုက်ရိုက်အချိုးကျခဲ့တယ်လေ...။

လူတစ်ယောက်လုံးကို ချစ်ပါတယ်ကူညီပေးပါလို့ပြောပြီးမှ..အခြားသူ့ရဲ့နှုတ်ခမ်းပါးကိုအနမ်းခြွေပြီးမှ...
ကျွန်တော့်ကိုရင်ခွင်ထဲပွေ့ချီသွားခဲ့တာဘာသဘောလဲ...
ဘယ်လိုတောင်မလွတ်နိုင်အောင် ချုပ်နှောင်ချင်နေတာလဲကွာ.....

သူကလေနွံတစ်ခုလိုပဲ...
ရုန်းလေပိုနစ်လေပဲ..ဒါပေမဲ့ ရွံ့နွံထဲမှာနစ်သွားတဲ့သူတစ်ယောက်ကအသက်ရှင်ဖို့ဆိုတာ ဖြစ်နိုင်ပါ့မလား..??

ဟင့်အင်းး..!!
ကျွန်တော် ထပ်မကျရှုံးချင်တော့ဘူး..တစ်ခါလောက်ပဲဖြစ်ဖြစ်..ကျွန်တော့်ကိုအနိုင်ပေးပေးပါ ကံတရားရယ်...သူ့ဆီမှာ ထပ်မကျရှုံးချင်တော့လိုပါ...

ရင်ထဲမှာငြင်းဆန်တဲ့ဘက်ရယ်..ရူးသွပ်နေတဲ့ဘက် ရယ် နှစ်မျိုးကွဲပြားနေခဲ့တယ်..
ကျွန်တော်နှလုံးသားလေးကလည်း ဘက်လိုက်တယ်ဗျာ...
ရူးသွပ်စွာ ထထခုန်နေတယ်တဲ့...

"Min.!! ဘာတွေတွေးနေတာတုန်း.??ခေါ်နေတာတောင်မကြားဘူး.??"

ဘေးနားကအသံလေးကြောင့်စိတ်ကပြန်ကပ်လာသည်...။
မင်းအကြောင်းတွေးနေတာလေ ဟုပြောလိုက်ရင်..သူဘယ်လိုတုန့်ပြန်လောက်မလဲ..??

"အမ်..ဘာ..ဘာမှမတွေးပါဘူး.."

တွေးနေသည့်ကတစ်မျိုး..လက်တွေ့တွင်တော့ အဖြူရောင်မုသားလေးကိုသာသုံးလိုက်သည်..

I WANT TO BE HIS LOVE (Completed)Where stories live. Discover now