Chapter (23)💘

6.2K 640 153
                                    

Unicode

ရုတ်တရက်ကြီး ချစ်တယ်ဆိုသည့်စကားကြီးအား မထင်ထားသည့်အချိန်တွင် မမျှော်လင့်ထားသည့် လူဆီမှ ကြားလိုက်ရသည့် အတွက် စွံ့အနေခဲ့ပြီး ဘာမှ မပြောပြန်နိုင်ခဲ့သည်မှာ..ယခုဆိုလျှင် နာရီအနည်းငယ်ပင်ရှိတော့မည်..

"Min~~"

"ဟမ်?.."

"ကိုယ်ခုနပြောခဲ့တဲ့စကားကို လျှောက်မတွေးနဲ့တော့နော်.."

"ဟမ်...ဘယ်လို?.."

"မဟုတ်ဘူး ကိုယ်ပြောချင်တဲ့သဘောက ပေါက်ကရတွေ‌တွေးမနေနဲ့လို့..ဥပမာ jungkookက ငါ့ကိုကစားနေတာများလားတို့..ဘာတို့ တွေးနေမှာစိုးလို့.."

"အင်း.."

"Min~~ဘာလို့လည်းဟင်.. ချစ်တယ်လို့ပြောလိုက်လို့စိတ်ဆိုးနေတာလားဟင်.."

"မဟုတ်ပါဘူး.."

"ဘာလို့မဟုတ်ရမှာလည်း..အခုတောင်စိတ်မပါသလိုကြီးစကားပြောနေတယ်လေ.."

Jeonရဲ့ခလေးဆန်သည့်စကားကြောင့် ပြုံးမိသွားသည်..။
Jeonက တကယ့်ကိုအလိုက်ကန်းဆိုးမသိတဲ့ကောင်လေး

ရုတ်တရက်ဆန်နေလို့ လန့်နေတာကြောင့်ရော..ဖွင့်ပြောထားသည့်သူနှင့် ညဘက်ကြီးနှစ်ယောက်ထဲရှိနေသည့် ခံစားချက်ကြီးကြောင့် ရှက်နေလို့ပါဆိုတာကို ထိုကောင်ဆိုးလေးနားမလည်..

"Minလို့..."

"ဟင်းးဘာမှမဖြစ်ပါဘူးဆို..ငါစဉ်းစားနေလို့ပါ.."

"အဖြေပြန်ပေးဖို့လား.."

"Jungkook...ငါ့ကိုစဉ်းစားခွင့်ပေး..ငါအရမ်းလွယ်တဲ့လူမဖြစ်ချင်ဘူး..
အလွယ်ရတဲ့ ပစ္စည်းတွေဆို လူတွေကတန်ဖိုးမထားတတ်ဘူး.."

"မင်းကိုငါတစ်ခါမှ လွယ်တယ်လို့မထင်ခဲ့ဘူး min..မင်းကိုဖွင့်မပြောခင်ထဲက ငါ့စိတ်ထဲမှာ ဆုံးဖြတ်ရခက်တဲ့ကိစ္စတွေက မင်းကြောင့်ပဲဖြစ်တည်ခဲ့တာမလို့..."

မျက်လုံးကိုစိုက်ကြည့်ပြီးအတည်ကြီးပြောလာသည့် Jeonကြောင့် မျက်နှာလွှဲလိုက်မိသည်..

"ငါ..ငါအိပ်ချင်လာလို့ jungkook..good nightနော်.."

စကားရှောင်နေသည့်ထိုပုလုံးလေးအား
ထပ်အနှောင့်အယှက်မပေးချင်တာမလို့ ခေါင်းလေးငြိမ့်ပြလိုက်သည်..

I WANT TO BE HIS LOVE (Completed)Where stories live. Discover now