Chapter (15)💘

5.6K 662 73
                                    

Unicode

မင်းတို့သိလား..
ကျွန်တော်ဘဝမှာလေ အရမ်းလှပတဲ့အမှားလေးသုံးခုရှိတယ်..
ပထမတစ်ခုက သူနဲ့စတင်တွေ့ကတည်းက ထိန်းမရခဲ့သည့် ရင်ခုန်‌သံဆိုတဲ့အမှား..
ဒုတိယက သူငယ်ချင်းဆိုတဲ့စည်းလေးကိုကျော်ပြီး ချစ်မိသွားခဲ့သည့် အချစ်ဆိုတဲ့အမှား
တတိယအမှားကတော့ ကိုယ့်ကိုမချစ်မှန်းသိပေမဲ့လည်း ဆက်ဆုပ်ကိုင်ထားမိတဲ့ ရူးမိုက်မှုဆိုတဲ့အမှား..
ဒါပေမဲ့ ကျွန်တော်အဲ့အမှားလေးသုံးခုလုံးအတွက် နောင်တဆိုသောအရာလေးလုံးဝမရှိခဲ့ဘူးဆိုယုံမလား...။

              ❣️❣️❣️❣️❣️❣️❣️❣️❣️❣️❣️❣️❣️

မပြေးရုံတစ်မယ်ထွက်လာခဲ့သည်မှာ ထိုပန်းခြံလေးကိုတော်တော်ပင်ကျော်နေလေပြီ..ပထမကပြေးလာရင်းနာလာသောခြေထောက်ကြောင့် အမြန်သာလမ်းလျှောက်လာခဲ့သည်...

ကျောင်းလည်းလွှတ်သွားပြီဖြစ်တာကြောင့် လူလည်းအနည်းငယ်ရှင်းနေပေပြီ...။

အခုချိန်လောက်ဆို သူတို့အနမ်းတွေများဆက်နေလောက်ကျမလား..
တူတူများဒိတ်နေကြမလား..?
အမျိုးစုံရောက်ချလာသောကာလာခပ်မှိုင်းမှိုင်းအတွေးများကြောင့်ခေါင်းလေးအသာယမ်းရင်း အတွေးများနှင့်တကွ ဝမ်းနည်းစိတ်များကိုပါ မောင်းထုတ်ရန်ကြိုးစားလိုက်သည်...
သို့ရာတွင်လည်းအချည်းနှီးပင်...။

တစ်ယောက်ထဲ အတွေးများရင်းလမ်းဆက်‌လျှောက်၍
လာရင်း ‌busကားမှတ်တိုင်တွင်လွယ်အိတ်‌လေးလွယ်ရင်း
ရပ်စောင့်နေတဲ့ အွန်းလေးကိုတွေ့လိုက်ရတာကြောင့် အံ့ဩမိသွားသည်..။

*ဒီကောင်မလေး ဒီမှာဘာလုပ်နေတာလဲ..?*

Busanတွင်ရှိနေရမည့်ကောင်မလေးက seoulကိုရောက်နေတာကြောင့် အနည်းငယ်ပင်ကြောင်သွားသည်..။

အိမ်ကလူကြီးများအား ပူဆာကာရောက်လာခြင်းပေပဲလား..??

*ပြီးတော့..သူမဘာလို့ ကျောင်းဝတ်စုံကြီးဝတ်ထားရတာလဲ?..*

ခေါင်းထဲရောက်လာသော questions mark မေးခွန်းများနှင့်အတူ..အွန်းလေးရှိရာသို့ အမြန်လေးလျှောက်သွားလိုက်သည်..။

I WANT TO BE HIS LOVE (Completed)Where stories live. Discover now