Chapter (28)💘

5K 699 166
                                    

Unicode

နှာသီးဖျားသို့ဝင်ရောက်လာသည့် စူးရှရှ အနံ့နှင့်အတူ..မျက်လုံးကိုဖြေးညင်းစွာဖွင့်ကြည့်လိုက်သည်..
အဖြူစွတ်စွတ်မျက်နှာကျက်နှင့် စိမ်းရွှေရွှေဆေးနံရောပါရလာတာကြောင့် ဆေးရုံရောက်နေမှန်းအတပ်သိလိုက်ရသည်..။

Jeonလား...
သူ့ကို Jeonခေါ်လာပေးသည်လား..
ပျော်ရွှင်သွားသည့် မျှော်လင့်ချက်အပြည့်ဖြင့် ကုန်းရုန်းထမိတော့ မူးဝေသွားကာ ပြန်ယိုင်လဲကျသည့်အထိ..

"Jimin !!..နိုးနေပြီလား ခနစောင့်နော် ကိုယ်ဆရာဝန်ခေါ်ပေးမယ်..namjoonတို့လည်းလာနေပြီ !!.."

တွေ့လိုက်ရသည့်သူကြောင့်
မျှော်လင့်ချက်ရောင်ခြည်လေးက ပြန်ပျောက်ဆုံးသွားရပြန်သည်..
အခန်းထဲသို့ဝင်လာသည့် Hoseok hyungက ကုန်းရုန်းနေသည့်သူ့ကိုမြင်တော့ ပြန်လှဲစေပြီး စကားများဆက်တိုက်ပြောနေခဲ့ပြီး
ဆရာဝန်ခေါ်မည်ဟုပြောကာ ပြန်လှည့်သွားလေသည်..။

သို့သော် နောက်ဆုံးကျန်ရှိနေသေးသည့် မျှော်လင့်ချက်‌သေး‌သေးလေးအား အတည်ပြုရပေဦးမည်မဟုတ်ပါလား...

"Hyung .."

လှည့်ထွက်သွားသည့် Hoseok hyungအား လက်ကိုလှမ်းဆွဲလိုက်တော့ပြန်လှည့်ကြည့်လာပြီး စိတ်ပူတကြီးမေးလာသည်..

"အင်း Jimin..ဘယ်နေရာနေလို့မကောင်းလို့လဲ.."

"မဟုတ်ပါဘူး..
ကျွန်တော့်ကို..ကျွန်တော့်ကို hyungခေါ်လာပေးတာလား.."

မဟုတ်ပါစေနဲ့ဟူသော ဆုတောင်းသံလေးနှင့်အတူ ဟုတ်နေမှန်းသိသောမေးခွန်းအား မဝံ့မရဲမေးကြည့်လိုက်သည်..။

"အင်း..ဟုတ်တယ်လေ..ကိုယ်အပြင်သွားရင် မင်းကိုတွေ့လို့လှမ်းခေါ်မလို့လုပ်နေတာ ဒါပေမဲ့ ရုတ်တရက်လဲကျသွားတာ တွေ့လို့ ဆေးရုံခေါ်လာ‌ပေးတာ.."

"အော်.."

ပြောနိုင်သည့်စကားကတော့ အော်..ဟူ‌သောသံရှည်စွဲ စကားသံလေးသာ..

ဆုတောင်းတိုင်းသည်မပြည့်နိုင်သလို..ဇာတ်လိုက်တစ်ယောက်မေ့လဲလို့ လာရောက်ကယ်ဆယ်သူက ‌နောက်ဇာတ်လိုက်တစ်ယောက်ဆိုတာ ဇာတ်လမ်းထဲတွင်သာ ရှိသည့်အမှန်တရား..
တကယ့်လက်တွေ့ဘဝတွင်တော့ အသုံးမဝင်ခဲ့..

I WANT TO BE HIS LOVE (Completed)Where stories live. Discover now